News

Counseling အတွေ့အကြုံ (၆) နှစ် ရှိပြီ ဖြစ်တဲ့ မကျော့မွန်သာဟာ CROWN Education ရဲ့ General Manager ရာထူးအပြင် USA – UK – Australia – Switzerland နိုင်ငံတွေအတွက် အဓိက တာဝန်ယူ အကြံပေး နေတဲ့ Senior Counselor တစ်ယောက်ပါ။သူမ တာဝန်ယူထားတဲ့ နိုင်ငံတွေ အတွက် ပညာရေးအကြံပေးမှုအပိုင်း မှာ မိဘ နဲ့ ကျောင်းသား ကျောင်းသူများ ရဲ့ စိတ်ချယုံကြည်မှုကို ရစေတာက..

“အမ တာဝန်ယူထားရတဲ့ နိုင်ငံတွေရဲ့ တက္ကသိုလ်တွေကို ကိုယ်တိုင်သွားပြီးလေ့လာတယ် Conference တွေ Training တွေတက်ရတယ်။ ကျောင်းတွေ အကြောင်းကို ကျောင်းသားကိုယ်တိုင် ကျောင်း တစ်ကျောင်း ခြင်းစီရဲ့ Website မှာ လေ့လာလို့ရတဲ့ အဆင့်ထက် ပိုပြီး သိအောင် ကြိုးစားရပါတယ် … တစ်ကျောင်းနဲ့တစ်ကျောင်း နှိုင်းယှဉ်ပြရတဲ့အခါ အားသာချက် အားနည်းချက် အသီးသီးရှိကြတာဖြစ်လို့ ဒါတွေကို ကျောင်းသားရော မိဘပါသိအောင် အမတို့ အနေနဲ့ ချပြဆွေးနွေးရပါတယ်။ ပြီးမှ သူတို့ ရွေးချယ်မှု အပေါ်မှာ ကျောင်းလျှောက်တာ ၊ Visa လျှောက်တာ တွေ နဲ့ နေရေးထိုင်ရေး ကိစ္စတွေအတွက် ဝန်ဆောင်မှု ဆက်လက်ပေးရပါတယ်”

CROWN Education မှာ အလုပ်စဝင်စဉ်က ကျောင်းဝင်ခွင့်လျှောက်ပေးတဲ့အပိုင်း (Admission) မှာ စတင် တာဝန်ယူခဲ့တဲ့အတွက် အဲဒီအတွေ့အကြုံတွေဟာ သူမကို ပိုမို ကျွမ်းကျင်တဲ့ Counselor တစ်ယောက်ဖြစ်အောင် ပံ့ပိုးပေးခဲ့ပါတယ်။

“Admission နဲ့ Counseling က ခွဲထားလို့ မရပါဘူး… ကျောင်း တစ်ကျောင်းနဲ့ တစ်ကျောင်း မတူညီတဲ့ ဝင်ခွင့်သတ်မှတ်ချက်တွေ ၊ မြန်မာကျောင်းသားတွေရဲ့ ပညာအရည်အချင်း လက်မှတ်တွေ နဲ့ နိုင်ငံ တစ်နိုင်ငံ ချင်းစီက တက္ကသိုလ်တွေရဲ့ အသိအမှတ်ပြုမှု စတဲ့ အရေးကြီးတဲ့ အချက်တွေကို Admission ပိုင်းမှာ တာဝန်ယူခဲ့စဉ်က အသေးစိတ်သိခဲ့ရတဲ့အတွက် Counseling လုပ်တဲ့အခါ အများကြီး အထောက်အကူဖြစ်ပါတယ်”

ပညာရေးဆိုတာ ဘဝအတွက် ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်တဲ့အတွက်

“Counseling လုပ်တဲ့အခါ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ ပညာအရည်အချင်း နဲ့ သူတို့ ဖြစ်ချင်တာလေးတွေ ပေါ်မူတည်ပြီး သူတို့အတွက် အသင့်တော်ဆုံးဖြစ်မယ့် လမ်းကြောင်းလေးတွေ ကို အကောင်းဆုံးကြိုးစားပြီး အကြံပေးပါတယ်…”

Our experienced & talented counselors are our brand
USA – UK – Australia – Switzerland – Canada – Singapore – Thailand – Japan – Korea အစရှိတဲ့ နိုင်ငံတွေမှာ ပညာသင်ဖို့ စိတ်ဝင်စားတဲ့ ကျောင်းသား ကျောင်းသူတွေ အနေနဲ့ CROWN Education ရဲ့ နိုင်ငံအလိုက် ကျွမ်းကျင်မှု ရှိပြီး အတွေ့အကြုံများတဲ့ Counselors တွေနဲ့ တစ်ဦးချင်း လာရောက်ဆွေးနွေးနိုင်ပါပြီ။ ထို့အပြင် တက္ကသိုလ်များ ၏ ဝင်ခွင့်လျှောက်ထားမှု နှင့် သက်ဆိုင်သည့် ကိစ္စအဝဝ ကို ဆောင်ရွက်ပေးခြင်း ၊ Visa လျှောက်ထားခြင်း နှင့် နေရေးထိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်း စသည်တို့ကိုလည်း အခမဲ့ ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။

CROWN Education (Yangon)
✆ ဝ၁ ၅၂၇ ၈၃၈ ၊ ဝ၉ ၉၇၇ ၉၇၇ ၂ဝဝ၊ ဝ၉ ၄၄ ၅၅ ၆၆ ၇ဝ၁

CROWN Education (Mandalay)
✆ ဝ၉-၄၅ဝ ၂ဝဝဝ ၈ဝ ၊ ဝ၂-၇၁၅၈၂ ၊ လိုင်းခွဲ ၁၁၉