Blog

မြန်မာနိုင်ငံအတွက် Digital Education အစီအစဉ်သစ်ကို CROWN Education ၏ လေ့ကျင့်သင်ကြားရေး
စင်တာဖြစ်သော Royal Academic Institute နှင့် အင်္ဂလန်အခြေစိုက်Award For Training & Higher
Education (ATHE) တို့ဖြင့်ပူးပေါင်းလျက်ဇန်နဝါရီ(၁၃)၊ ၂ဝ၁၉၊ နံနက်(၉)နာရီမှ နေ့လည်(၁)နာရီအထိ၊
ရန်ကုန်မြို့ ပြည်လမ်း၊နိုဗိုတယ်ဟိုတယ်တွင်စတင်မိတ်ဆက်ပေးမည်ဖြစ်ပါသည်။

WHAT IS DIGITAL EDUCATION?

Digital Education ဆိုသည်မှာ ပညာရပ်တစ်ခုခုကို စဉ်ဆက်မပြတ်လေ့လာလိုသူများ၊ ကျောင်းသူကျောင်း
သားများအတွက်၊ ခေတ်မှီသင်ထောက်ကူပစ္စည်းများသုံးကာ E-Learning System များဖြင့် ဘာသာရပ်
ဆိုင်ရာများလေ့လာသင်ယူခြင်း၊ လေ့ကျင်သင်ကြားပေးခြင်းဖြစ်ပါသည်။ Royal Academic Institute
အနေဖြင့် Digital Education အတွက်Smart Classroom များဖန်တီးကာ၊ သင်ခန်းစာများကို Digitally
Updated ပြုလုပ်ခြင်း၊ စာအုပ်များအစား E-Book များ၊ PDF များဖန်တီးကာ မိမိတို့Mobile/Laptop များဖြင့်
အချိန်မရွေး ဖတ်ရှုနိင်ရန်စီစဉ်ထားရှိခြင်း၊ စာမေးပွဲများကိုOnline စနစ်ဖြင့်စီစဉ်ထားရှိခြင်း၊ Online Webinars
များကို မိမိတို့ Mobile/Computer များမှတဆင့်သင်ကြားမှု၊ သင်ယူမှုများပြုလုပ်နိုင်သဖြင့် မိမိတို့အား
လပ်သည့်အချိန်တွင်ပင် စာသင်ခန်းသို့လာရောက်ရန်မလိုပဲ ပညာရပ်ဆိုင်ရာများကို လေ့လာသင်ယူ
နိုင်မည်ဖြစ်ပါသည်။

DIGITAL EDUCATION FOR HR SOLUTION (Diploma In Leadership & Team Working Level 4/5)

မိမိတို့ဝန်ထမ်းများ အရည်အသွေးတိုးတက်စေရန်နှင့် လုပ်ငန်းခွင်ဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားလာစေ
လိုသောကော်ပိုရေးရှင်းကြီးများ၊ ဘဏ်များနှင့် ကုမ္ပဏီများအတွက်၊ အင်္ဂလန်မှ ချီးမြင့်မည့် Diploma in
Leadership and Team Working (Level 4,5), Business Strategic Management (MBA Advance
Entry, Level 7 စသည့် ဘာသာရပ်များကို E-learning System ဖြင့် မိမိဝန်ထမ်းများကို
လေ့ကျင့်သင်ကြားပေး နိုင်ပါသည်။ လက်တွေ့ လုပ်ငန်းခွင်များပြသနာများနှင့်သက်ဆိုင်ေ သာဘာသာရပ်
များကိုလေ့ လာသင်ယူခြင်း၊ Case Study လုပ်ခြင်းများပြုလုပ်ရမည့်အပြင်၊ အင်္ဂလန်မှပေးသည့် အရည်
အသွေးမြင့်လက်မှတ်များရရှိမည်ဖြစ်သဖြင့် ဝန်ထမ်းများအနေဖြင့် နိုင်ငံတကာတက္ကသိုလ်များတွင် ဆက်လက်
လေ့လာသင်ယူနိုင်မည့်အခွင့်အရေးများပါရရှိမည်ဖြစ်ပါသည်။

Digital Education : Diploma in Leadership & Team Working
၏ထူးခြားချက်များ
• ရက်တိုသင်တန်းမဟုတ်ပဲ Continuous Learning ဖြစ်သည့်အတွက်တက်ရောက်သင်ကြား
သူများအတွက်ပိုမိုထိရောက်မှုရှိခြင်း၊
• မိမိတို့လုပ်ငန်ခွင်နှင့်ဆက်နွယ်မှုရှိသည့်Workshop များ၊ Assignment များပါရှိသဖြင့်
သင်ကြားထားသောသင်ခန်းစာများကိုမိမိတို့လုပ်ငန်း ခွင်တွင်ပြန်လည်အသုံးပြုရခြင်းကြောင့်
ကုမ္ပဏီအတွက်ရောဝန်ထမ်းအတွက်ပါအကျိုးရှိစေခြင်း၊
• မိမိတို့အဆင်ပြေသည့်အချိန်၊ အဆင်ပြေသည့် နေရာတွင်Smart Phone/Laptop
ရှိရုံဖြင့် လေ့လာသင်ယူနိုင်သဖြင့်ကုမ္ပဏီအလုပ်ချိန်ကိုမထိခိုက်နိုင်ခြင်း၊
• လုပ်ငန်းခွင်အတွက်အလိုအပ်ဆုံး Business English/ Business Communication ဘာသာရပ်
များကိုပါလေ့လာသင်ယူနိုင်ခြင်း၊
• AYA Bank Education Loan စီစဉ်ထားရှိသဖြင့်ဝန်ထမ်းများအနေဖြင့်လည်း တစ်လလျင်
တစ်သိန်းကျပ်ခန့်သာပေးသွင်းရန်လိုအပ်ပြီး နိုင်ငံတကာ အထိဆက်လှမ်းနိုင်သော ဒီပလိုမာ၊ ဒီဂရီ၊
မာစတာ များလေ့လာသင်ယူနိုင်ခွင့်ရှိခြင်း၊
• ကုမ္ပဏီမှအကုန်အကျခံ၍ သီးသန့်Training များလုပ်ပေးရန်မလိုအပ်သည့်အပြင်ဝန်ထမ်းများ၏ KPI
ကိုပါ အင်္ဂလန်အရည်အသွေးစစ်ဆေးရေး အဖွဲ့၏ စစ်ဆေးသည့်ရလဒ်အပေါ်တွင်အကဲဖြတ်နိုင်ခြင်း
စသည့်အကျိုးကျေးဇူးများစွာရရှိနိုင်မည်ဖြစ်ပါသည်။

လေ့လာသင်ကြားရမည့်ဘာသာရပ်များ

Diploma Level 4

  • Managing People in Organisations
  • Culture and the Organisation
  • Developing Personal Skills
  • Effective Communication
  • Managing Ethically
  • Performance Management
  • Strategic Human Resource Management
  • High Performance Teams
  • Leadership SkillsMotivating and Influencing People

Diploma Level 5

  • The Entrepreneurial Manager
  • Organisation Structures
  • Practical Accounting Analysis
  • Business Planning and Goal Setting
  • Politics and Business
  • Business Law
  • Managing in Today’s World
  • Performance Management
  • Marketing and Sales Planning
  • Quantitative Skills

ACCREDITATION, PROGRESSION UNIVERSITIES

Royal Academic Institute တွင်သင်ကြားမည့် Digital Education စနစ်တွင်အင်္ဂလန်နိုင်ငံပညာရေး
အရည်အသွေးစစ်ဆေးသည့် အဖွဲ့အစည်းဖြစ်သည့် Ofqual (The Office of Qualifications and
Examinations Regulation အသိအမှတ်ပြု ATHE (Award For Training & Higher
Education) ထံမှAccredited Courses များကိုဒီပလိုမာမှ၊ ဒီဂရီ၊ မာစတာအထိသင်ကြားပို့ချ ပေးသွား မည်
ဖြစ်ပါသည်။ ATHE Accreditation Pathway တက္ကသိုလ်များဖြစ်သော၊ အင်္ဂလန်၊ သြစတြေးလျ၊
အမေရိကန်တက္ကသိုလ်များမှ ဘွဲ့များရရှိမည်ဖြစ်ပြီးတက္ကသိုလ်များနှင့်ဘာသာရပ်များ ကိုအောက်ပါလင့်ခ်တွင်
ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://athe.co.uk/progression-routes/

EDUCATION LOAN

အရည်အသွေးပြည့်မှီသည့်အပြင် ကုန်ကျစရိတ်များမှာလည်း နိုင်ငံတကာတွင်ကုန်ကျမည့် စာသင်စရိတ်၏

ဆယ်ပုံတစ်ပုံခန့်သာကုန်ကျမည်ဖြစ်ပါသည်။ ထို့အပြင် ဧရာဝတီဘဏ်ဖြင့် ပူးပေါင်းလျက် Education

Loan ပေးအပ်သွားမည်ဖြစ်ရာ၊ ဝန်ထမ်းများအတွက်လည်း လစဉ်မြန်မာငွေကျပ်တစ်သိန်းခန့်ပေးသွင်းရုံဖြင့်

အင်္ဂလန်၊ သြစတြေးလျ၊ အမေရိကဘွဲ့များဆက်လက်သင်ယူနိုင်မည့် Diploma Level 4/5 (တက္ကသိုလ်

ဒုတိယနှစ်နှင့်ညီမျှသည့်) ပညာရေးကိုရရှိမည်ဖြစ်ပါသည်။

Digital Education ကိုလေ့လာသင်ယူသင့်သောသူများမှာ မြန်မာအစိုးရတက္ကသိုလ်များ တက်ရောက်လျက်၊

နိုင်ငံတကာမှပေးအပ်မည့် အရည်အသွေးပြည့်မှီသော စီးပွားရေး၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဘာသာရပ်၊

ဟိုတယ်နှင့်ခရီးသွား၊ အိုင်တီ၊ ပညာရေးနှင့်လေ့ကျင့်သင်ကြားရေးဘာသာရပ်များကို ကုန်ကျစရိတ်

အလွန်သက်သာစွာဖြင့် သင်ယူလိုသူများ၊ လုပ်ငန်းခွင်တွင်ဝင်ရောက်လုပ်ကိုင်နေပြီး မိမိလုပ်ငန်းခွင် အတွက်

လည်း အကျိုးရှိ၊နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ကိုလည်းရယူပိုင်ဆိုင်လိုသူများ၊ တက္ကသိုလ်တစ်ခုခုတွင်

အချိန်ပြည့်မတက်ရောက်နိုင်သော်လည်း နိုင်ငံတကာအသိမှတ်ပြုလက်မှတ်ရယူလိုသူများနှင့် နိုင်ငံတကာ

ပညာရေးကိုစဉ်ဆက်မပြတ်လေ့လာ သင်ယူလိုသူများတက်ရောက်သင့်ပါသည်။