News

နိုင်ငံတကာကျောင်းသားလူငယ်တွေအတွက် သင့်တမျှတတဲ့စာသင်စရိတ်သာမက ကျောင်းအပြီး တရားဝင်နေထိုင် အလုပ်လုပ်ကိုင်နိုင်ခွင့်များကြောင့် ယခုနှစ်များအတွင်း ကနေဒါနိုင်ငံကို ရွေးချယ် သင်ကြားမှုနှုန်း ပိုမိုများပြားလာပါတယ်။ ကနေဒါနိုင်ငံမှာ ရွေးချယ်သင်ယူစရာ တက္ကသိုလ်အများအပြားထဲကမှ လုံခြုံစိတ်ချရမှုရှိတဲ့အပြင် ကျောင်းလခသင့်တင့်မျှတတဲ့ University Canada West ကိုညွှန်းဆို ပေးလိုက်ပါရစေ….
.
University Canada Westဆိုတာက

ယူကေ၊ယူအက်စ်၊သြစတြေးလျပြီးရင် စီးပွားရေးဆိုင်ရာ ဖွံဖြိုးတိုးတက်မှုအရှိဆုံးနဲ့ ကနေဒါနိုင်ငံရဲ့ကမ္ဘာကျော်အနုပညာရှင် အမြောက်အမြားမွေးဖွားရာ Vancouverမြို့မှာ တည်ရှိပါတယ်။ စီးပွားရေးဆိပ်ကမ်းမြို့ဖြစ်ပေမယ့် ကမ္ဘာပေါ်မှာ သန့်ရှင်းမှုအရှိဆုံးမြို့ ၁၀ခုစာရင်းထဲမှာပါဝင်ပါတယ်။
.
British Columbia EQA အဖွဲ့အစည်းနဲ့ စီးပွားရေးဘာသာရပ်ဆိုင်ရာ သင်ကြားမှု အတွက် ACBSP ပညာရေး အဖွဲ့အစည်းရဲ့အသိအမှတ်ပြုခြင်းကိုခံထားရတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ University Canada Westမှာ စီးပွားရေးပညာရပ်တွေကို ထဲထဲဝင်ဝင်လေ့လာလိုသူ နိုင်ငံတကာကျောင်းသား လူငယ်တွေအတွက် Bachelor of Commerce, Bachelor of Arts in Business Communication, Associate of Artsအပြင် Master of Business Administration (MBA) Programတွေကို ရွေးချယ်သင်ကြားနိုင်မှာဖြစ်ပါတယ်။ University Canada Westမှာ ကျောင်းတက်နေချိန် အတောအတွင်း တရားဝင် Part-timeအလုပ်လုပ်ခွင့်ရှိတဲ့အပြင် ကျောင်းပြီးထားသူတွေအနေနဲ့လည်း ကနေဒါနိုင်ငံမှာဆက်လက်နေထိုင်ခွင့်ရှိပြီး Marketing, Advertising, Public Relationsစတဲ့ နယ်ပယ်တွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်မှာလည်းဖြစ်ပါတယ်။
.

University Canada Westရဲ့စာသင်စရိတ်နဲ့ ကျောင်းဝင်ခွင့်တွေ၊ပညာသင်ဆုနဲ့ အလုပ်အကိုင် အခွင့်အလမ်းများအကြောင်းကို CROWN Education Yangon Office အမှတ် ၂၇၅ ၊ ၃ လွှာ ၊ ကမ္ဘောဇတာဝါ ၊ မြေနီကုန်း ကုန်းကျော်တံတားအနီး ၊ စမ်းချောင်းမြို့နယ်။ ✆ ဝ၁ ၅၂၇ ၈၃၈ ၊ ဝ၉ ၄၄ ၅၅ ၆၆ ၇ဝ၁၊ ဝ၉ ၄၄ ၅၅ ၆၆ ၇ဝ၂ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်…