News

iGCSE ဖြေဆိုထားတဲ့သူတွေက  အနေနဲ့ အင်္ဂလန်နိုင်ငံသာမက၊ သြစတြေလျ၊ ကနေဒါ၊ အမေရိကန်နိုင်ငံကတက္ကသိုလ်တွေကိုဆက်လက်လျောက်ထားနိုင်ဖို့ မြန်မာနိုင်ငံမှာပြင်ဆင်ပေးတဲ့ Program တစ်ခုရှိနေပါပြီ၊ ဒါကို GAC (Global Assessment Certificate) လို့ခေါ်ပါတယ်။

ဒီ GAC လက်မှတ်ကိုဘယ်က ချီးမြင့်လဲဆိုတော့ အမေရိကန်နိုင်ငံအစိုးရတက္ကသိုလ်တွေ ရဲ့ဝင်ခွင့်အတွက်ဆုံးဖြတ်တဲ့ ACT (American College Test) ကနေပေးအပ်ပြီး၊ High School Diploma နဲ့ ညီမျှတဲ့ Grade 12 လက်မှတ်ပေးပါတယ်။  မြန်မာနိုင်ငံမှာတော့ SAT ကိုပဲ အသိများပြီး အမေရိကန်ပြည်ထောင်စုမှာဆိုရင် ACT ကိုဖြေတဲ့ ကျောင်းသားအရေအတွက်ဟာ SAT ထက် ပိုများပါတယ်။

ACT ဆိုတာဘာလဲ…

ACT ဆိုတာ တက္ကသိုလ်ကောလိပ်တွေဝင်ခွင့်နဲ့ ပညာသင်ဆုပေးဖို့အတွက် အရည်အချင်းစစ်စာမေးပွဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူသိများတဲ့ SAT နဲ့ တက္ကသိုလ်များက အတူတူလက်ခံပြီး၊ အမေရိကန်ပြည်ထောင်စုမှာ ACT ဟာ တက္ကသိုလ်ကောလိပ်ဝင်ခွင့် အတွက်အများဆုံးဖြေဆိုကြတဲ့စာမေးပွဲတစ်ခုဖြစ်ပါတယ်။ ၂ဝ၁၈ ကစပြီး Online Test အဖြစ် တစ်ကမ္ဘာလုံးပြောင်းလဲဖြေဆိုနိုင်ဖို့စီစဉ်လိုက်ပြီဖြစ်ပါတယ်။ ACT ရလာဒ်တွေကိုဘယ်လိုတက္ကသိုလ် တွေကသုံးလဲဆို အမေရိကန်မှာ Havard University, MIT, Newyork University, UCLA, UCBerkely တို့လို့တက္ကသိုလ်ကြီးတွေကဝင်ခွင့်အတွက်ဒီရလာဒ်တွေကိုအလေးထားလက်ခံပါတယ်။ သြစတြေလျ၊ကနေဒါနိုင်ငံတွေကတက္ကသိုလ်တွေကလည်းလက်ခံပါတယ်။

ACT ရဲ့ ထူးခြားချက် ကတော့၊ ACT ရဲ့ အောက်မှာ GAC လို့ခေါ်တဲ့ Global Assessment Certificate ကိုထည့်သွင်း သင်ကြားပေးတဲ့အတွက် ဒါကို GCE A, IB, University Foundation အဖြစ်၊ အမေရိကန်ပြည်ထောင်စုအပါအဝင်၊ တကမ္ဘာလုံးက တက္ကသိုလ်ပေါင်း ၃ဝဝဝကျော်က လက်ခံစဉ်းစားပေးပါတယ်။ အခုဒီပရိုဂရမ်ကို မြန်မာနိုင်ငံမှာ တစ်ခုတည်းသော စင်တာအဖြစ် CROWN Education & Royal Academic Institute မှာလေ့လာသင်ယူနိုင်ပြီဖြစ်ပါတယ်။

ACT မှာဘာတွေ သင်ရမလဲ… ACT စာမေးပွဲ တစ်နှစ်ဘယ်နှစ်ကြိမ်ရှိလဲ…သင်တန်းကြေး စာမေးပွဲကြေး… စတဲ့အကြောင်းအရာတွေကို  CROWN Education Office အမှတ် ၂၇၅ ၊ ၃ လွှာ ၊ ကမ္ဘောဇတာဝါ ၊ မြေနီကုန်း ကုန်းကျော်တံတားအနီး ၊ စမ်းချောင်းမြို့နယ်
✆ ဝ၁ ၅၂၇ ၈၃၈ ၊ ဝ၉ ၄၄ ၅၅ ၆၆ ၇ဝ၁~၂တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါပြီ…..