News

မြန်မာနိုင်ငံမှ ဆယ်တန်းအောင်မြင်ထားတဲ့လူငယ်တွေ iGCSEပြီးထားတဲ့ကျောင်းသားတွေနဲ့ HND (IT) တက်ရောက်ပြီးစီးထားတဲ့ ကျောင်းသား လူငယ်တွေအနေနဲ့ ယူကေနိုင်ငံမှာ ပညာသင်ကြားခြင်းထက် အချိန်တိုအတွင်း ငွေကုန်ကြေးကျသက်သာစွာ လေ့လာနိုင်တဲ့ စင်္ကာပူနိုင်ငံပညာရေးကို ရွေးချယ်မှု များပြားလာကြပါတယ်။

စင်္ကာပူနိုင်ငံမှာ ITဘာသာရပ်ကို လေ့လာသင်ကြားနိုင်တဲ့ကျောင်းတွေ (တနည်းအားဖြင့် Institute) အများအပြားရှိလို့နေပါတယ်။ အဲ့ဒီအထဲကမှ မြန်မာကျောင်းသားတွေအတွက် စင်္ကာပူ+သြစတြေးလျ နှစ်နိုင်ငံ စာသင်အတွေ့အကြုံအပြည့်အဝရစေမယ့် James Cook Universityနဲ့ မိတ်ဆက်ပေးလိုက် ပါရစေ … ယနေ့ခေတ်စီးပွားရေးလုပ်ငန်းအသီးသီးမှာ IT ပညာရှင်များ မဖြစ်မနေ လိုအပ်လာကြသည့် အပြင် မိမိတို့လုပ်ငန်း၏သတင်းအချက်အလက်များအားလုံခြုံစွာသိမ်းဆည်းထားရန်မှာလည်းယခင်ကထက် အရေးကြီးလာပြီဖြစ်ပါတယ်။

ဒီအတွက် IT ပညာရှင်အဖြစ်ရပ်တည်လိုသူ လူငယ်များအတွက် ITဘာသာရပ်ပေါင်းများစွာထဲကမှ Cyber Security ဘာသာရပ်နဲ့ Cyber Security နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာအိုင်တီ လူငယ်များ ၊လုပ်ငန်းခွင်တွင် ဝင်ရောက် လုပ်ကိုင်နေကြသူများအတွက် Cyber Security ဘာသာရပ်အကြောင်းကို James Cook University Singapore၏ Professor ကိုယ်တိုင် လာရောက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲအတွင်းမှာ… Cyber Security ဆိုတာဘာလဲ… Cyber Securityဘာသာရပ်ရဲ့ယနေ့ခေတ်တွင် အရေးပါမှုများ… ကျောင်းအပြီးပြည်တွင်းပြည်ပအလုပ်အကိုင်အခွင့်အလမ်းကောင်းများ… Cybercrimes & Attack များကို ဘယ်လိုကာကွယ်သင့်သလဲစတဲ့ အကြောင်းအရာများကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပါတယ်

ရန်ကုန်မြို့ဆွေးနွေးပွဲ
■ ■ ■ ■ ■ ■ ■
❑ နေ့ရက် ► ဇန်နဝါရီလ (၂၆) ရက်၊ စနေနေ့။
❑ အချိန် ► မနက် (၁၀းဝဝ) မှ (၁၂းဝဝ) ထိ
❑ နေရာ ► Park Royal Hotel Yangon (Yadana Ballroom – 3)

ဖုန်းဖြင့် ကြိုတင်စာရင်းပေးသွင်းရန်
✆ ဝ၁ ၅၂၇ ၈၃၈ ၊ ဝ၉ ၄၄ ၅၅ ၆၆ ၇ဝ၁၊ ဝ၉ ၄၄ ၅၅ ၆၆ ၇ဝ၂

Onlineမှတစ်ဆင့် ဆက်သွယ်စာရင်းပေးသွင်းရန်
https://goo.gl/forms/RSAX050c5DU5yHX63

James Cook University၏ထူးခြားချက်များနှင့် ပညာသင်ဆုအခွင့်အလမ်းများ

James Cook Universityအနေဖြင့် World Ranking အရ Top 2% ရရှိထားသည့်အပြင် Council for Private Education (CPE) မှပေးအပ်ချီးမြင့်သော EduTrust Star ရရှိထားပြီး စာသင်ကြားရေးအပိုင်းမှာ လည်း အထူးကောင်းမွန်သော ကမ္ဘာ့ ထိပ်တန်းတက္ကသိုလ် ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ HND(IT)လက်မှတ်ကိုင်ဆောင်ထားသူကျောင်းသား ကျောင်းသူများအနေဖြင့်လည်း ဘာသာရပ်ကင်းလွတ်ခွင့်များကို လျှောက်ထားနိုင်မယ့်အပြင် အချိန်တိုအတွင်း Australia အသိအမှတ်ပြု Degree ကိုကုန်ကျစရိတ်သက်သာစွာ ဖြင့် ရယူလိုသူတွေအတွက်လည်း Single Major သာမက Double Majorကိုပါ တစ်ချိန်တည်း တစ်ပြိုင်တည်း မှာ ရယူနိုင်တဲ့ အခွင့်အရေးတွေလည်း ရှိလို့နေပါတယ်။

မြန်မာကျောင်းသား၊ကျောင်းသူများအတွက် ၁၀၀% ၅၀% ၂၅%စသည့် ပညာသင်ဆုအခွင့်အလမ်း များကို James Cook University Singaporeမှ နှစ်စဉ်ပေးအပ်နေသည့်အပြင် ၂၀၁၇ နှင့် ၂၀၁၈ခုနှစ်များတွင် မြန်မာကျောင်းသား၊ကျောင်းသူများအတွက် ၁၀၀% ၅၀%နှင့် ၂၅% ပညာသင်ဆုများတွင် ပမာဏအများဆုံး ရရှိအောင် CROWN Educationမှ လျှောက်ထားပေးနိုင်ခဲ့ပါတယ်။