News

KMUTT (King Mongkut) တက္ကသိုလ်အနေဖြင့် ထိုင်းနိုင်ငံတွင် ဒုတိယအကောင်းဆုံးကျောင်း (2nd in Thailand) နှင့် (5th in ASEAN) အဖြစ်ရပ်တည်နေတဲ့အတွက် Ranking အနေဖြင့်သော်လည်းကောင်း၊ စာသင်ကြားရေး အပိုင်းတွင်သော်လည်းကောင်း အထူးကောင်းမွန်သည့်အတွက် ထိုင်းနိုင်ငံတွင် သွားရောက် ပညာသင်ကြားလိုသူ ကျောင်းသား၊ ကျောင်းသူများအတွက် ညွှန်းဆိုပေးလိုပါတယ်။

KMUTTရဲ့ အဓိက Main Campus ဟာဆိုရင်ဖြင့် ဘန်ကောက်မြို့မြောက်ဘက်ပိုင်းမှာ တည်ရှိပြီး ဧကပေါင်း ၅၂ ဧကကျယ်ဝန်းသည့်အပြင် Bangkok Metropolitan Park and Youth Center အနီးအနားတွင် တည်ရှိပါတယ်။မြန်မာဆယ်တန်းအောင်ကျောင်းသားကျောင်းသူများ IGCSEပြီးဆုံးထားသော ကျောင်းသားများအနေဖြင့် Architecture, Interior Architecture, Industrial Design နှင့် Communication Design အစရှိတဲ့ Bachelor Programတွေကို ၁၀၀%ပညာသင်ဆုများဖြင့် လျှောက်ထားနိုင်ပါတယ်။ပြည်တွင်းဘွဲ့တစ်ခုရရှိထားပြီး Design and Planning ဘာသာရပ်ကို စိတ်ဝင်စားကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက်လည်း Design Management, Interaction Design, Building Technology and Innovation, Lighting Design, Urban Management and Visual Communication စတဲ့ Master Degree Programများအတွက်ပါ ၁၀၀%ပညာသင်ဆုလျှောက်ထားရယူခွင့်ရှိလို့နေပါတယ်။

Faculty of Engineering, Faculty of Science, Faculty of Industrial Education and Technology, School of Energy, Environment and Materials, School of Information Technology, School of Liberty Arts, Joint Graduate School of Energy and Environment, Graduate School of Management and Innovation, Institutes of Field Robotics, Institute for Scientific and Technological Research and Services အစရှိသည့်ဌာနပေါင်း များစွာဖြင့် ဘာသာရပ်ပေါင်းများစွာကို သင်ကြားပေးနေသည့် အတွက်မိမိတို့စိတ်ကြိုက် ဘာသာရပ်များအားရွေးချယ်တတ်ရောက်နိုင်မှာဖြစ်ပါတယ်။

KMUTTရှိ Architecture, Design, Bio Resources, Energy, Engineering, Environment, Linguistics, Science, and Technology ဘာသာရပ်တွေဟာဆိုရင်ဖြင့် ကျောင်းသားကျောင်းသူအများဆုံး ရွေးချယ်တက်ရောက်ကြတဲ့ဘာသာရပ်များအဖြစ်ရပ်တည်နေပါတယ်။
ယနေ့ခေတ်တွင် နည်းပညာတိုးတက်လာသည်နှင့်အမျှ နည်းပညာရဲ့တီထွင်ဆန်းသစ်မှု အခန်းကဏ္ဍမှာလည်း ယနေ့ခေတ်လုပ်ငန်းခွင်တွင် မရှိမဖြစ် လိုအပ်သော အရာတစ်ရပ်လည်းဖြစ်လာပါတယ်။ ထိုနည်းတူပင် နည်းပညာဘာသာရပ်မှာလည်း မြန်မာလူငယ်များအကြားတွင် အလွန်ပင် လူပြောများ ပြီးလေ့လာသူများပြား လာနေသည့်ဘာသာရပ်တစ်ခုပဲဖြစ်ပါတယ်။ KMUTT အနေဖြင့် ထိုင်းနိုင်ငံရှိ Science and Technology ဘာသာရပ်တွင် အကောင်းဆုံးကျောင်း, No (1) University of Science and Technology in Thailand အနေဖြင့်ရပ်တည်နေတဲ့အတွက် Science & Technologyဘာသာရပ် စိတ်ဝင်စားသော မြန်မာနိုင်ငံမှ လူငယ်များတတ်ရောက်သင့်သော ကျောင်းတစ်ခုလည်းဖြစ်ပါတယ်။

King Mongkut (KMUTT)မှာ ကျောင်းတက်ဖို့ စိတ်ဝင်စားကြတဲ့ ကျောင်းသား ကျောင်းသူတွေ အနေနဲ့ မတ်လ ၃၀ရက်နေ့ Novotel Hotel Pyay Roomတွင် ကျင်းပပြုလုပ်မည့် GLOBAL EDUCATION FAIR 2019အတွင်း ၁၀၀%ပညာသင်ဆုများကို လူတွေ့တစ်ခါတည်းဖြေဆို လျှောက်ထားခွင့်အပြင် IELTS ပညာသင်ဆုများ၊ USA ၊ UK ၊ Australia ၊ Switzerland ၊ Canada Japan ၊ Singapore ၊ Thailand ကျောင်းများမှ ပညာသင်ဆုများပါ လျှောက်ထားနိုင်သည့်ပွဲကြီး ဖြစ်ပါသဖြင့် အောက်ပါအစီအစဉ်အတိုင်း လာရောက်လေ့လာနိုင်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

ရန်ကုန်မြို့ ဆွေးနွေးပွဲ
■ ■ ■ ■ ■ ■ ■ ■ ■ ■
❑ နေ့ရက် – မတ်လ (၃၀) ၊ စနေနေ့။
❑ အချိန် – နံနက် (၉)နာရီမှ (၁၂)နာရီ
❑ နေရာ – Novotel Hotel (Pyay Room)

ပညာရေးပြပွဲနှင့် ဆွေးနွေးပွဲကို အခမဲ့တက်ရောက်ရန်၊ အောက်ပါလင့်ခ်မှတဆင့် Form ဖြည့်ကာ တက်ရောက်နိုင်ပါသည်။ https://goo.gl/D7aTsh
အခြားသိရှိလိုသည့် အသေးစိတ်အချက်အလက်များကို၊ ရုံးချိန်အတွင်း 01-527 838 နှင့် 09- 44 55 66 701~ 702 တို့တွင် ဆက်သွယ်စုံစမ်းစာရင်းပေးနိုင်ပါသည်။