News

အမေရိကန်ပြည်ထောင်စုရှိ SUNY Oswego တက္ကသိုလ်ကို ၁၈၆၁ခုနှစ်က စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး ကမ္ဘာကျော် Broadway, Wall Streetနဲ့ Liberty ရုပ်တုကြီးတည်ရှိရာ New Yorkမြို့မှ လေယာဉ်နဲ့ ၁နာရီခန့်အကွာ သွားရောက်နိုင်တဲ့ Oswego မြို့မှာတည်ရှိပါတယ်။

The Princeton Review’s Best in the Northeast & Best Business Schools and Green Colleges အဖြစ် သတ်မှတ်ခြင်းခံရတဲ့ SUNY Oswego တက္ကသိုလ်အနေနဲ့ ၂၀၁၇ခုနှစ်အတွက် U.S. News and World Report’s စစ်တမ်းများအရ Top Regional Universities in the Northရဲ့ အဆင့်44နေရာမှာရပ်တည် နိုင်ခဲ့သလို အမေရိကန်ပြည်ထောင်စုအတွင်းက Public Institution ဆိုင်ရာ ရပ်တည်မှုအဆင့် 12နေရာမှာလည်း ရပ်တည်လို့နေပါတယ်။

ဧကပေါင်း ၆၉၀ ကျော်တဲ့ Lakeside Campus မှာတည်ရှိ တဲ့အပြင် မြန်မာကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ SUNY Oswego တက္ကသိုလ် အောက်ရှိ College of Liberal Arts and Sciences, School of Business, School of Communication, Media and the Arts & School of Educationများမှ ဘာသာရပ်ပေါင်း ၁၁၀ ကျော်ကို ကုန်ကျစရိတ်သက်သာစွာ စိတ်ကြိုက်ရွေးချယ် သင်ယူနိုင်မှာ ဖြစ်ပါတယ်။

အခြားသော အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်ပေါင်း၅၀မှ State Universities များနှင့် နှိုင်းယှဉ်လျှင် SUNY Oswego အနေဖြင့် ကျောင်းသားကျောင်းသူများအတွက် ကုန်ကျစရိတ်များစွာ သက်သာစေသည့်အပြင် မိမိတို့၏ GPA/ACT/SAT/IETLS/TOFEL ရမှတ်များအလိုက် ပညာသင်ဆုများလျှောက်ထားနိုင်သလို Researchပိုင်း အားသန် သည့် ကျောင်းသား၊ကျောင်းသူများ အတွက်ကိုလည်း အထူးပညာသင်ဆုများကိုလည်း ရွေးချယ်ပေးလို့ နေပါတယ်။

အမေရိကန်တက္ကသိုလ်ပညာရေးကိုစိတ်ဝင်စားပြီး SUNY Oswego တက္ကသိုလ်မှာ ပညာသင်ဆုအခွင့်အလမ်းတွေနဲ့ တက်ရောက်လိုတယ်ဆိုရင်ဖြင့် CROWN Education Yangon Office အမှတ် ၂၇၅ ၊ ၃ လွှာ ၊ ကမ္ဘောဇတာဝါ ၊မြေနီကုန်း ကုန်းကျော်တံတား အနီး ၊ စမ်းချောင်းမြို့နယ် ✆ ဝ၁ ၅၂၇ ၈၃၈ ၊ ဝ၉ ၄၄ ၅၅ ၆၆ ၇ဝ၁၊ ဝ၉ ၄၄ ၅၅ ၆၆ ၇ဝ၂ သို့ရုံးချိန်အတွင်း လေး ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းကောင်းပါး လိုက်ပါရစေ…