မြန်မာနိုင်ငံနှင့် အစားအသောက်၊ ယဉ်ကျေးမှုများစွာတူညီပြီး လေယဉ်ဖြင့် (၁)နာရီခန့်သာသွားလာရသည့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှကျောင်းသူကျောင်းသားများ အတွက် အဆင့်မြင့်ပညာကိုသင်ယူ ရွေးချယ်သင့်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။မြန်မာနိုင်ငံနှင့် ခရီးသွားရန် အချိန်အားဖြင့် များစွာမကွာဝေးသည်သာမက၊ ထိုင်းနိုင်ငံတွင်ပညာသင်ယူရာတွင် ပညာရေးတွင် အဆင့်မြင့်မားသည့်အလျောက် ကုန်ကျ စရိတ်မှာလည်းအံ့သြဘွယ်ကောင်းလောက်အောင် သက်သာသည်။ ၂+၂ ပရိုဂရမ်ဖြစ်သော ထိုင်းနိုင်ငံတွင် (၂)နှစ် သြစတြေလျနိုင်ငံတွင် (၂) နှစ်ဖြင့် သင်ယူနိုင်
သည့် အစီအစဉ်များလည်းရှိသည်။ ထိုင်းနိုင်ငံတွင်ပညာသင်ကြားရာတွင် တစ်နှစ်လျင် စာသင်စရိတ် အနည်းဆုံး US$ 4000 ခန့်မှ စ၍ ပညာသင်ကြားနိုင်သည်။ ထို့အပြင် အမေရိကန်မှ တိုက်ရိုက် ချီးမြင့်ပေးအပ်သည့်ဘွဲ့ကို ထိုင်းနိုင်ငံတွင် သင်ယူနိုင် သကဲ့သို့ ထိုင်းနိုင်ငံတွင် (၂)နှစ် အမေရိကန်နိုင်ငံတွင် (၂) နှစ်ဆက်လက်ပညာသင်ယူနိုင်သည့် တက္ကသိုလ်များလည်းရှိသည်။မြန်မာနိုင်ငံတွင်သင်ကြားသည့် ကုန်ကျစရိတ်ခန့်ဖြင့်ပင် ထိုင်းနိုင်ငံရှိ နိုင်ငံတကာအဆင့် တက္ကသိုလ်ကြီးများတွင် နိုင်ငံတကာအဆင့်ပညာရေးကို လေ့လာ သင်ကြား နိုင်သည်။ ထိုင်နိုင်ငံတွင်ကျောင်းများကို City Campus နှင့် Main Campus ဟုတွေ့ရှိနိုင်ပြီး၊ City Campus ကို သွားရေးလာရေးလွယ်ကူသည့် ဘန်ကောက်မြို့ ပေါ်တွင် ဖွင့်လှစ် ထားရှိသည်။ ထိုင်းနိုင်ငံရှိ တက္ကသိုလ်အများစု၏ Main Campus များသည် အလွန် ကျယ်ဝန်းပြီး၊ တက္ကသိုလ်အင်္ဂါရပ်နှင့် လျော်ညီစွာ ပစ္စည်း ကရိယာများ၊ တက္ကသိုလ် ပရဝုဏ်များဖြင့် ဖွဲ့စည်းတည်ဆေက်ထားသည်။ အချို့ တက္ကသိုလ်များတွင် ကျောင်းဝန်းအတွင်း ကျောင်းသူကျောင်းများလုံခြုံစိတ်ချစွာ နေထိုင်စားသောက်နိုင်ရန်အဆောင် များပါ စီစဉ်ထားပေးသည်။

လေ့လာသင်ယူနိုင်သည့် ပညာရပ်များမှာလည်း Business, IT, Engineering, Aeronautic Engineering, Civil, Archi, Interior Design, Fashion Design စသည့်ဘာသာရပ်များမှသည် ဆရာဝန်များအတွက် Health Care Management ဘာသာရပ်များ၊ Teaching နှင့် ဆက်စပ်ပတ်သက်သည့်ဘာသာရပ်များ၊ MBA, MSc စသည့်ဖြင့် အမျိုးအစားစုံလင်စွာဖြင့် လော့လာသင်ကြားနိုင်သည်။ ခရီးသွားလုပ်ငန်းနှင့် ဟော်တယ်စီမံခန့်ခွဲမှုဘာသာရပ်များကိုလည်းလည်း အလုပ် အတွေ့အကြုံဖြင့် ထိုင်းနိုင်ငံတွင် လေ့လာသင်ကြားနိုင်သည်။