အမေရိကန် အဆင့်မြင့်ပညာရေးစနစ်ကို လေ့လာသင်ယူရာတွင် ကောလိပ်နှင့် တက္ကသိုလ်ပေါ် မူတည်၍လည်းကောင်း၊ ၎င်းတို့ တည်ရှိရာ ပြည်နယ်အပေါ် မူတည်၍လည်းကောင်း၊ ကျောင်းလခ နှင့် နေထိုင်စားသောက်စရိတ်များပေါ် မူတည်၍လည်းကောင်း တစ်နှစ်စာ ကုန်ကျ စရိတ်များ များစွာကွာခြားလေ့ရှိပါသည်။

ပျမ်းမျှအားဖြင့် ကျောင်းလခအပါအဝင် နေထိုင် စားသောက် စရိတ်စုစုပေါင်း တစ်နှစ်လျှင် ဒေါ်လာ (၃) သောင်းခန့်မှ (၆) သောင်းအထိ ကုန်ကျလေ့ရှိသည်။ ပညာရေးထူးချွန်မှု မှတ်တမ်းများ တင်ပြနိုင်သည့် ကျောင်းသူ ကျောင်းသားများ အနေဖြင့် ဥပမာအားဖြင့် ၁၀ တန်းကို ထူးချွန်စွာအောင်မြင်ခြင်း၊ iGCSE ရမှတ်ကောင်းခြင်း ၊ TOEFL သို့မဟုတ် IELTSရမှတ်ကောင်းများတင်ပြခြင်း၊ SAT (I & II) ရမှတ်များ (သို့) ACT ရမှတ်များ တင်ပြခြင်းဖြင့် တစ်စိတ်တစ်ပိုင်း ပညာသင်ဆု၊ ပညာသင် ထောက်ပံ့ကြေးများ လျှောက်ထားကြည့်နိုင်ပါသည်။

STUDY IN USA

အမေရိကန်တွင် ပညာသင်ကြားလိုသည့် ကျောင်းသူကျောင်းသားများအနေဖြင့် နှစ်စဉ် ပြောင်းလဲ လာသည့် အမေရိကန်ကော်လိပ်များ၏ ဝင်ခွင့် လိုအပ်ချက်အသစ်များ၊ အမေရိကန် ပညာရေးစနစ်များကို ဦးစွာ နားလည် သဘောပေါက်စေရန် ကြိုးစားအားထုတ်သင့်သည်။အမေရိကန်တက္ကသိုလ်များသို့ တိုက်ရိုက် လျှောက်ထားနိုင်သည့် ပညာရေးလမ်းကြောင်း သစ်များ ရှိသည်။ Pathway Program ဟုခေါ်သည်။ အဆိုပါ ပညာရေး လမ်းကြောင်းများမှ တစ်ဆင့် လျှောက်ထားပါက (၁၀) တန်း ဖြေဆို အောင်မြင်ပြီး သူများအတွက် SAT/ACT ရမှတ်များ တင်ပြစရာမလိုဘဲ ကျောင်းဝင်ခွင့်လျှောက်ထားနိုင်ပါသည်။

မြန်မာနိုင်ငံတွင် ဘွဲ့တစ်ခုခုရရှိထားပြီး အမေရိကန်ပြည်ထောင်စုတွင် ဘွဲ့လွန် ဆက်လက်သင်ယူမည်ဆိုပါက ယေဘူယျအားဖြင့် GRE/GMAT ရမှတ်များတင်ပြရန်လိုအပ်သည်။ အချို့တက္ကသိုလ်များတွင် Pre-Master ပရိုဂရမ်များသင်ကြားပို့ချပေးပြီး၊ Pre-Master’s ပညာရေးလမ်းကြောင်းများမှတစ်ဆင့် လျှောက်ထားပါကလည်း GRE/GMATရမှတ်များ တင်ပြစရာမလိုဘဲ လျှောက် ထားနိုင်သည်။

မြန်မာကျောင်းသားများအနေဖြင့် အမေရိကန် တက္ကသိုလ်/ ကောလိပ်များသို့ လျှောက်ထားရာတွင် –

(က) ကွန်မြူနီတီကောလိပ်များသို့ တိုက်ရိုက်လျှောက်ထားခြင်း နှင့်

(ခ) Pathway Program များမှတစ်ဆင့် တက္ကသိုလ်များသို့ တိုက်ရိုက်လျှောက်ထားခြင်း

(ဂ) (၁၂)တန်းအမှတ်၊ SAT/ACT အမှတ်များမြန်မာပြည်တွင်ပြင်ဆင်၍ မိမိတို့စိတ်ကြိုက်တက္ကသိုလ်များသို့ တိုက် ရိုက်လျှောက်ထားခြင်း ဟူ၍ ခွဲခြားနိုင်သည်။

(က) ကွန်မြူနီတီကောလိပ်များသို့ တိုက်ရိုက်လျှောက်ထားခြင်း

ကွန်မြူနီတီကော်လိပ်များမှတဆင့်လျောက်ထားခြင်းကို (၂)+(၂) ပရိုဂရမ်ဟုလူသိများသည်။
ကောလိပ် (၂)နှစ်၊ တက္ကသိုလ် (၂)နှစ် စနစ်ဖြစ်သည်။ တစ်ချို့ ကွန်မြုနီတီ ကော်လိပ်များကို မကြိုက်ကြသော်လည်း၊ နေရာဒေသနှင့် ကော်လိပ်ပေါ်မူတည်၍ ကျောင်းကောင်းကောင်း ရွေးချယ်တက်ရောက် နိုင်သည်။ ကုန်ကျစရိတ်မှာအလွန်သက်သာသည်။ တစ်နှစ်လျင် စာသင်စရိတ် မြန်မာငွေ သိန်း (၇၀)ခန့်သာ ကုန်ကျသဖြင့် မြန်မာ ကျောင်းသားအများစု ရွေးချယ်တက်ရောက်ကြသည်။ အဆိုပါကောလိပ်များမှ တဆင့် ကမ္ဘာ့အဆင့် နာမည်ကြီး တက္ကသိုများဖြစ်သော UCLA (University of California, Los Angeles) UC Berkeley တက္ကသိုလ်များအထိ Transfer Program ဖြင့်တက်ရောက်နိုင်သည်။ အဆိုပါ ကောလိပ်များကို မြန်မာ (၁၀)တန်း သို့မဟုတ် iGCSE ရမှတ်များဖြင့်လျောက်ထားနိုင်သည်။ SAT/ACT ရမှတ်များ တင်ပြရန် မလိုအပ်ပါ။

(ခ) Pathway Program များမှတစ်ဆင့် တက္ကသိုလ်များသို့ တိုက်ရိုက်လျှောက်ထားခြင်း

တက္ကသိုလ်များသို့ လျှောက်ထားရာတွင် နိုင်ငံတကာ ကျောင်းသားများအတွက် အထူး စီစဉ် ထားသည့် အမေရိကန်တက္ကသိုလ်များ ၏ ပထမနှစ် (Freshman) နှင့် ညီမျှသော University Pathway Program (UPP) ကဲ့သို့သော သင်တန်းများသို့ တိုက်ရိုက်လျှောက် ထား တက်ရောက်နိုင်ပြီး အဆိုပါ ပညာရေးလမ်းကြောင်းမှတစ်ဆင့် တက္ကသိုလ်ဒုတိယနှစ် (Sophomore)၊ တတိယနှစ် (Junior) နှင့် စတုတ္တနှစ် (Senior) တန်းများသို့ အဆင့်ဆင့် ဆက်လက် တက်ရောက် ကာ ဘွဲ့ရယူနိုင်ပါသည်။

အဆိုပါ Pathway Program ကို မြန်မာနိုင်ငံမှာ (၁၀)တန်းအောင်မြင်ထားသူများ၊ iGCSE ဖြေဆိုထားသူများ တိုက်ရိုက် လျောက်ထားနိုင်သည်။ မြန်မာ (၁၀)တန်း ဖြေဆို ထားသူများ အနေဖြင့်လည်း iGCSE ထပ်တက်ရန် မလို၊ မြန်မာနိုင်ငံရှိ အမေရိကန် ကျောင်းများတွင် ထပ်မံပြင်ဆင်ရန်မလို၊ SAT များဖြေဆိုရန်မလိုပဲ အဆိုပါတက္ကသိုလ်များမှ တိုက်ရိုက် လက်ခံ သင်ကြားပေးသည့် စနစ်ဖြစ်သည်။ iGCSE ဖြေဆိုထားသူများအနေဖြင့်လည်း၊ GCE’A’ ဖြေရန်မလို၊ SAT ဖြေရန်မလို၊ Grade 12 ဖြေဆိုရန်မလိုပဲ တက်ရောက်နိုင်သည့် တက္ကသိုလ်များဖြစ်သည်။ မြန်မာ (၁၀)တန်း အမှတ်များ၊ iGCSE အမှတ်ကောင်းသူများ အတွက် တစ်စိတ် တစ်ပိုင်း ပညာသင် ထောက်ပံ့ကြေးများလျောက်ထားနိုင်သည်။ အဆိုပါ တက္ကသိုလ်များ၏ အမည်စာရင်း ကို ဤ website တွင် အသေးစိတ် ဖေါ်ပြထားသည်။

(ဂ) ၁၂တန်းအမှတ်၊ SAT/ACT အမှတ်များမြန်မာပြည်တွင်ပြင်ဆင်၍ မိမိတို့စိတ်ကြိုက် တက္ကသိုလ်များသို့ တိုက် ရိုက်လျှောက်ထားခြင်း

အမေရိကန်ပြည်ထောင်စုရှိ မည်သည့်တက္ကသိုလ်မဆို လျောက်ထားရန် အရည်အချင်းပြည့် မှီလိုပါက အမေရိကန်ပြည်ထောင်စု ပညာရေးစနစ်မှ လက်ခံသည့် Grade 12 အဆင့်နှင့် SAT/ ACT ရမှတ်များဖြင့် www.commonapp.com ကဲ့သို့သော Website များမှတဆင့် လျောက်ထားနိုင်သည်။ Admission Essay, Academic Recommendation, Extra-Curriculum Activities, Social Works စသည့်တို့ဖြင့် ပြည့်စုံစုံပြင်ဆင်ကာ အမေရိကန် ပြည်ထောင်စုရှိ မိမိ စိတ်ကြိုက် တက္ကသိုလ်များကို လျောက်ထားနိုင်သည်။
တက္ကသိုလ် အဆင့်မြင့်မားလေ ဝင်ခွင့်ပြိုင်ဆိုင်မှုများလေဖြစ်ပြီး၊ ကျောင်းလခ ဈေးကြီးလေ့ ရှိသဖြင့် တက္ကသိုလ်ဝင်ခွင့်တစ်ခုတည်းမဟုတ်ပဲ၊ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုများ ရရှိ နိုင်မှာသာ ကျောင်းလခသက်သာနိုင်မည်။ CROWN Education ရှိ Royal Academic Center သည် အမေရိကန် ပြည်ထောင်စု တက္ကသိုလ်များ ဝင်ခွင့်စာမေးပွဲဝင်ခွင့်စစ်ဆေးပေးသော American College Test (ACT) ၏ Official Training Center ဖြစ်ပြီး၊ အမေရိကန် (၁၂)တန်းနှင့်ညီမျှသသော Global Assessment Certificate ကို သင်ကြားပို့ချပေးလျက်ရှိသည်။
ယခုအခါ အမေရိကတွင် Science၊ Technology ၊Engineering၊ Maths ဘာသာရပ်များ ၌ ဘွဲ့ရရှိသူများသည် အမေရိကန်အစိုးရ၏ Optional Practical Training Program အရ
ဘွဲ့ရပြီး နောက် အများဆုံး (၃) နှစ်အထိ ဆက်လက်နေထိုင် အလုပ်လုပ်နိုင်သော အခွင့်အရေးများ ရှိလာပြီ ဖြစ်ပါသည်။