News

ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုရဲ့ ဦးဆောင်မှုနဲ့အတူ အာရှကျားတစ်ကောင်ဖြစ်လာတဲ့ စင်္ကာပူနိုင်ငံရဲ့ ပညာရေး၊စီးပွားရေး၊နိုင်ငံရေး၊ ကျန်းမာရေး၊သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ လုံခြုံစိတ်ချရမှုတွေဟာ အာရှမှာတင်မက ကမ္ဘာထိပ်တန်းနိုင်ငံတွေနဲ့အတူ ရင်ဘောင်တန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံမှာ လေ့လာသင်ယူခြင်းက ယူကေ၊သြစတြေးလျနဲ့ အမေရိကန်ပြည်ထောင်စုမှာ ကုန်ကျတဲ့ စာသင်စရိတ်၊ နေထိုင်စရိတ်တွေထက် အများကြီးသက်သာစေရုံသာမကဘဲ အဆိုပါနိုင်ငံတွေရဲ့ တက္ကသိုလ်ကြီးတွေက ပေးအပ်တဲ့ အရည်အသွေးမြင့်ဘွဲ့တွေကို အချိန်တိုအတွင်း ရယူနိုင်တဲ့ အချက်ကလည်း အာရှနိုင်ငံကကျောင်းသား၊ကျောင်းသူတွေအတွက် ပညာရေး အခွင့်အလမ်းတစ်ရပ်အဖြစ် ဖန်တီးပေးလျက်ရှိပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက နာမည်ကျော် စီးပွားရေးလုပ်ငန်းစုကြီးတွေ လာရောက်ရင်းနှီးမြှုပ်နံှမှုတွေကလည်း ကျောင်းပြီးကာစ လူငယ်တွေအတွက် နိုင်ငံတကာစီးပွားရေး အလုပ်အတွေ့အကြုံတွေကိုပါ တစ်ပါတည်း ရရှိစေနိုင်မှာလည်း ဖြစ်ပါတယ်။

စင်္ကာပူပညာရေးနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက -✆ ၀၁ ၅၂၇ ၈၃၈ ၊ ၀၉ ၄၄ ၅၅ ၆၆ ၇၀၁ ၊ ၀၉ ၄၄ ၅၅ ၆၆ ၇၀၂