News

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ တိုင်းတစ်ပါးလက်ထဲ မကျရောက်အောင် ထိန်းသိမ်းကာကွယ် နိုင်ခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပြီး ထိုင်းတော်ဝင်ဘုရင်ရဲ့ အမြော်အမြင်ကြီးမားမှုတွေက နိုင်ငံရဲ့ စီးပွားရေး၊ ပညာရေး၊ကျန်းမာရေးစတာတွေကို အဘက်ဘက်က တိုးတက်အောင် လမ်းပြပုံဖော် ပေးနိုင်ခဲ့ ပါတယ်။ ထိုင်းနိုင်ငံရဲ့ Trademark အဖြစ် တင်စားနိုင်တဲ့ မွေထိုင်းလက်ဝှေ့၊ မြဘုရား၊ ဆွမ်ခရန် သင်္ကြန်ပွဲတော်နဲ့အတူ ဖူးခက်နဲ့ ပတ္တရားကမ်းခြေစတာတွေကလည်း နှစ်စဉ်ကမ္ဘာလှည့် ခရီးသွား တွေကို ဆွဲဆောင်လျက်ရှိပြီး တိုင်းပြည်ရဲ့ဝင်ငွေစီးကြောင်းတစ်ခုအဖြစ် အခိုင်အမာ ရပ်တည်လျက် ရှိပါတယ်။

ဒီနှစ်အပိုင်းအခြားတွေထဲမှာ ထိုင်းနိုင်ငံဟာ အာဆီယံဒေသတွင်းနိုင်ငံတွေအနက် စင်္ကာပူနိုင်ငံရဲ့ ပညာရေးကို ကောင်းစွာယှဉ်ပြိုင်လာနိုင်တာကိုလည်း တွေ့ရပါတယ်။ဒေသတွင်းနဲ့ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူတွေအတွက် ကုန်ကျစရိတ်သက်သက်သာသာနဲ့ ကမ္ဘာ့အသိအမှတ်ပြု ဘွဲ့ဒီဂရီတွေ၊ ဘွဲ့လွန်တွေကို မိမိတို့စိတ်ကြိုက်ရွေးချယ်သင်ယူနိုင်ပါတယ်။ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းတွေကို ကမ္ဘာသုံး အင်္ဂလိပ်ဘာသာဖြင့်သာ သင်ကြားပေးနေပြီး ထိုင်းနိုင်ငံမှာ သင်ယူသူတွေအနေနဲ့ စာသင်ကြားရေးအတွေ့အကြုံတွေအပြင် နိုင်ငံရဲ့ အဓိက စီးပွားရေးဖြစ်တဲ့ ခရီးသွားလုပ်ငန်းတွေ၊ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေအကြောင်းကိုပါ လေ့လာခွင့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံက MBA Programတွေဟာ သက်ဆိုင်ရာနယ်ပယ်မှာ အလုပ်အတွေ့အကြုံရှိထား ပြီး နိုင်ငံတကာအတွေ့အကြုံရရှိလိုသူတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်…
✆ ၀၁ ၅၂၇ ၈၃၈ ၊ ၀၉ ၄၅၀ ၂၀၀၀ ၃၀၊ ၀၉ ၄၅၀ ၂၀၀၀ ၆၀