Global Education Fair 2019

ဟိုတယ်နှင့် ခရီးသွားလာရေး ဘာသာရပ်များ လေ့လာဖို့အတွက် အကောင်းဆုံး ကျောင်းများတည်ရှိရာနိုင်ငံ ကတော့ Switzerlandနိုင်ငံပဲ ဖြစ်ပါတယ်။ Hospitality and Tourism Managementကိုလဲ စိတ်ဝင်စားတဲ့အပြင် Bachelor Degreeရရှိပြီးနောက် Businessပိုင်းကို ဆက်လက်လေ့လာချင်သူများအတွက် M.Sc (Global Business Management) ကိုပါ ပူးတွဲ လေ့လာနိုင်မည့် Switzerlandနိုင်ငံ Lucerneမြို့ပေါ်ရှိ BHMS (Business & Hotel Management School) ကျောင်းနဲ့ မိတ်ဆက်ပေးလိုပါတယ်။

အထက်ပါကျောင်း၏ စာသင်ကာလ တစ်နှစ်တာအတွင်းတွင် စာသင် (၆)လ၊ လစာရ အလုပ်သင် (၆)လ ပူးတွဲတက်ရောက်ရမည် ဖြစ်သည်။ အားသာချက်တစ်ခုအနေဖြင့် လုပ်ငန်းအတွေ့အကြုံမရှိသေးသူများ အနေဖြင့်လည်း Singaporeနိုင်ငံရှိ NIM (Nanyang Institute Management) မှ Hospitality & Tourism Managementနှင့် သက်ဆိုင်သော Diploma ရရှိထားသူများဆိုလျှင် ပင် BHMS (Switzerland) တွင် နောက်ဆုံးတစ်နှစ်တက်ရုံဖြင့် Bachelor Degree ရရှိနိုင်မှာဖြစ်ပါတယ်။

ဒီအတွက် ပုံမှန် ၃နှစ်တက်ရောက်ရမည့် စာသင်နှစ်ကို ၂နှစ်ခွဲဖြင့် တက်ရောက်နိုင်မည်ဖြစ်သဖြင့် ကုန်ကျစရိတ်သက်သာသွားမည်ဖြစ်ပါတယ်။ Bachelor Degree ပြီးဆုံး၍ Master Program ဆက်လက် သင်ယူချင်များအနေဖြင့်လည်း M.Sc(International Hospitality Business Management) နှင့် M.Sc(Global Business Management) ဘာသာရပ်များကို ရွေးချယ်နိုင်ပါတယ်။

BHMS Switzerlandတွင် iGCSE သို့မဟုတ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများမှစပြီး ဘွဲ့ရရှိထားသူများအထိ သင့်လျော်သော အတန်းနှင့် ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

မတ်လ ၃၀ရက်နေ့ Novotel Hotel Pyay Roomတွင် ကျင်းပပြုလုပ်မည့် GLOBAL EDUCATION FAIR 2019အတွင်း IELTS ပညာသင်ဆုများ၊ USA ၊ UK ၊ Australia ၊ Switzerland ၊ Canada Japan ၊ Singapore ၊ Thailand ကျောင်းများမှ ပညာသင်ဆုများပါ လျှောက်ထားနိုင်သည့်ပွဲကြီးဖြစ်ပါသဖြင့် အောက်ပါအစီအစဉ်အတိုင်း လာရောက်လေ့လာနိုင်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

ရန်ကုန်မြို့ ဆွေးနွေးပွဲ
■ ■ ■ ■ ■ ■ ■ ■ ■ ■
❑ နေ့ရက် – မတ်လ (၃၀) ၊ စနေနေ့။
❑ အချိန် – နံနက် (၉)နာရီမှ (၁၂)နာရီ
❑ နေရာ – Novotel Hotel (Pyay Room)

ပညာရေးပြပွဲနှင့် ဆွေးနွေးပွဲကို အခမဲ့တက်ရောက်ရန်၊ အောက်ပါလင့်ခ်မှတဆင့် Form ဖြည့်ကာ တက်ရောက်နိုင်ပါသည်။ https://goo.gl/D7aTsh
အခြားသိရှိလိုသည့် အသေးစိတ်အချက်အလက်များကို၊ ရုံးချိန်အတွင်း 01-527 838 နှင့် 09- 44 55 66 701~ 702 တို့တွင် ဆက်သွယ်စုံစမ်းစာရင်းပေးနိုင်ပါသည်။