Global Education Fair 2019

အမေရိကန်ပြည်ထောင်စုရဲ့ Community Collegeတွေထဲမှာ လူသိများကြတဲ့ San Mateo Collegesဆိုတာ College of San Mateo, Skyline College နဲ့ Cañada College သုံးခုကို ပေါင်းပြီး ခေါ်ဆိုကြတာဖြစ်ပါတယ်။ အဆိုပါ San Mateo Collegesသည် ကယ်လီဖိုးနီးယားပြည်နယ် ၊ San Francisco Bay ဧရိယာမှာ တည်ရှိကြပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် USAရဲ့ အထင်ကရ Google, Facebook, Apple, Twitter, Microsoft, NASA, PIXAR, Linkedin, You Tube စတဲ့ ကုမ္ပဏီကြီးများစွာရဲ့ Headquarterတွေ တည်ရှိတဲ့ Silicon Valley Area ထဲမှာတည်ရှိတာကြောင့် ကျောင်းတက်ရင်း အချိန်ပိုင်းလုပ်ချင်သူများအတွက် အတွေ့အကြုံကောင်းများရနိုင်သည့်အပြင် ကျောင်းပရဝုဏ်နှင့် နီးသည့်အတွက် အချိန်ကုန်သက်သာခြင်းစသည့် အားသာချက်များလဲ ရှိပါတယ်။

အထက်ပါ San Mateo Collegesတွင် Accounting, Automotive Technology, Early Childhood Education, Engineering, Computer Science, Business, Art & Design စတဲ့ ဘာသာရပ်တွေကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ iGCSEပြီးထားသူများ လျှောက်ထားနိုင်ပြီး ပညာသင်ဆု အခွင့်အလမ်းတွေလည်းရှိပါတယ်။

USAမှာ ကျောင်းတက်ဖို့ စိတ်ဝင်စားတဲ့ ကျောင်းသား ကျောင်းသူတွေ အနေနဲ့ မတ်လ ၃၀ရက်နေ့ Novotel Hotel Pyay Roomတွင် ကျင်းပပြုလုပ်မည့် GLOBAL EDUCATION FAIR 2019အတွင်း IELTS ပညာသင်ဆုများ၊ USA ၊ UK ၊ Australia ၊ Switzerland ၊ Canada Japan ၊ Singapore ၊ Thailand ကျောင်းများမှ ပညာသင်ဆုများပါ လျှောက်ထားနိုင်သည့်ပွဲကြီးဖြစ်ပါသဖြင့် အောက်ပါအစီအစဉ်အတိုင်း လာရောက်လေ့လာနိုင်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

ရန်ကုန်မြို့ ဆွေးနွေးပွဲ
■ ■ ■ ■ ■ ■ ■ ■ ■ ■
❑ နေ့ရက် – မတ်လ (၃၀) ၊ စနေနေ့။
❑ အချိန် – နံနက် (၉)နာရီမှ (၁၂)နာရီ
❑ နေရာ – Novotel Hotel (Pyay Room)

ပညာရေးပြပွဲနှင့် ဆွေးနွေးပွဲကို အခမဲ့တက်ရောက်ရန်၊ အောက်ပါလင့်ခ်မှတဆင့် Form ဖြည့်ကာ တက်ရောက်နိုင်ပါသည်။ https://goo.gl/D7aTsh
အခြားသိရှိလိုသည့် အသေးစိတ်အချက်အလက်များကို၊ ရုံးချိန်အတွင်း 01-527 838 နှင့် 09- 44 55 66 701~ 702 တို့တွင် ဆက်သွယ်စုံစမ်းစာရင်းပေးနိုင်ပါသည်။