Global Education Fair 2019

Sheffield Medical School, Firth College , Sheffield Technical Schoolစတဲ့ကောလိပ်၃ခုနဲ့စတင်တည်ထောင်ခဲ့တဲ့ University of Sheffield ကို ၁၉၀၅ခုနှစ်အရောက်မှာတော့ တက္ကသိုလ်အဖြစ်စတင်တည်ထောင်ခဲ့ပါတယ်။အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်များဆိုင်ရာ သုတေသနလုပ်ငန်းများတွင် ဦးဆောင်နေသည့် Russell Groupအဖွဲ့ဝင်တက္ကသိုလ်တစ်ခုဖြစ်ပြီး Times Higher Education 2019အရ ယူကတက္ကသိုလ်အဆင့် ၁၂နေရာတွင်ရပ်တည်နေတဲ့ University of Sheffieldကိုညွှန်းဆိုပေးလိုပါတယ်။

လန်ဒန်မြို့ကနေ ရထားနဲ့ ၂နာရီအကွာမှာတည်ရှိပြီး အင်ဂျင်နီယာဘာသာရပ်သင်ကြားမှုမှာ အားသာတဲ့တက္ကသိုလ်ဖြစ်တာနဲ့အညီ Civil and Structural Engineering, Architecture, Aerospace Engineering, Mechatronic and Robotics Engineeringစတဲ့ ဘာသာရပ်တွေလေ့လာနိုင်သလို Computer Science, Politics, Economics, Business, Law, Social Sciences, Sciencesစတဲ့ဘာသာရပ်တွေကိုလည်း Main Campusဖြစ်တဲ့ (Western Bank)နဲ့ St George’s Campus နှစ်ခုမှာလေ့လာသင်ကြားနိုင်မှာဖြစ်ပါတယ်။

University of Sheffieldမှတစ်ဆင့် နိုဘယ်လ်ဆုရှင် ၈ဦးတိတိကို မွေးထုတ်ပေးထားနိုင်သလို Teaching Excellence Framework မှာလည်း Silverရရှိထားတဲ့ University of Sheffieldမှာ Undergraduate Program, Master Programတွေသင်ကြားနိုင်သလို International Foundation Year Programနဲ့ Pre-Master Programတွေကိုလည်းရွေးချယ်သင်ကြားနိုင်မှာဖြစ်ပါတယ်။ University of Sheffieldရဲ့ အသေးစိတ်အကြောင်းအရာတွေကို မတ်လ ၃၀ရက်နေ့ Novotel Hotel Pyay Roomတွင် ကျင်းပပြုလုပ်မည့် GLOBAL EDUCATION FAIR 2019အတွင်း IELTS ပညာသင်ဆုများ၊ USA ၊ UK ၊ Australia ၊ Switzerland ၊ Canada Japan ၊ Singapore ၊ Thailand ကျောင်းများမှ ပညာသင်ဆုများပါ လျှောက်ထားနိုင်သည့်ပွဲကြီးဖြစ်ပါသဖြင့် အောက်ပါအစီအစဉ်အတိုင်း လာရောက်လေ့လာနိုင်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါတယ်။

❑ နေ့ရက် – မတ်လ (၃၀) ၊ စနေနေ့။
❑ အချိန် – နံနက် (၉)နာရီမှ (၁၂)နာရီ
❑ နေရာ – Novotel Hotel (Pyay Room)
.
“ Global Education Exhibition 2019 ပွဲအတွက်
စာရင်းပေးသွင်းရန်နှင့် အသေးစိတ်စုံစမ်းရန်”
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
ပညာရေးပြပွဲနှင့် ဆွေးနွေးပွဲကို အခမဲ့တက်ရောက်ရန်၊ အောက်ပါလင့်ခ်မှတဆင့် Form ဖြည့်ကာ တက်ရောက်နိုင်ပါသည်။ https://goo.gl/D7aTsh
.
အခြားသိရှိလိုသည့် အသေးစိတ်အချက်အလက်များကို၊ ရုံးချိန်အတွင်း 01-527 838 နှင့် 09- 44 55 66 701~ 702 တို့တွင် ဆက်သွယ်စုံစမ်းစာရင်းပေးနိုင်ပါသည်။