Blog

Date : Jan 13, 2019 (Sunday): 9:00 a.m to 1:00 p.m : NOVOTEL HOTEL

WHAT IS DIGITAL EDUCATION?

Digital Education ဆိုသည်မှာ ပညာရပ်တစ်ခုခုကို စဉ်ဆက်မပြတ်လေ့လာလိုသူများ၊ ကျောင်းသူကျောင်း သားများ
အတွက်၊ ခေတ်မှီသင်ထောက်ကူပစ္စည်းများသုံးကာ E-Learning System များဖြင့်ဘာသာရပ်ဆိုင်ရာများလေ့လာ
သင်ယူခြင်း ၊ လေ့ကျင်သင်ကြားပေးခြင်းဖြစ်ပါသည်။
Royal Academic Institute အနေဖြင့် Digital Education အတွက် Smart Classroom များဖန်တီးကာ၊
သင်ခန်းစာများကို Digitally Updated ပြုလုပ်ခြင်း၊ စာအုပ်များအစား E-Book များ၊ PDF များဖန်တီးကာ မိမိတို့
Mobile/Laptop များဖြင့် အချိန်မရွေး ဖတ်ရှုနိင်ရန်စီစဉ်ထားရှိခြင်း၊ စာမေးပွဲများကို Online စနစ်ဖြင့်စီစဉ်ထားရှိခြင်း၊
Online Webinars များကို မိမိတို့ Mobile/Computer များမှတဆင့်သင်ကြားမှု၊ သင်ယူမှုများပြုလုပ်နိုင်သဖြင့်မိမိတို့အားလပ်သည့်အချိန်တွင်ပင်စာသင်ခန်းသို့လာရောက်ရန်မလိုပဲပညာရပ်ဆိုင်ရာများကိုလေ့လာသင်ယူနိုင်မည်
ဖြစ်ပါသည်။

DIGITAL EDUCATION FOR TEACHER TRAINING
(Diploma In Education & Training)

မြန်မာနိုင်ငံအနေဖြင့် အစိုးရ/ပုဂ္ဂလိက ကဏ္ဍများတွင် အရည်အသွေးပြည့်ဝသော ဆရာများစွာလိုအပ် လျက်ရှိပါသည်။
ပညာရေးကဏ္ဍသည် အရှိန်အဟုန်ဖြင့်လျင်မြန်စွာပြောင်းလဲနေသည့်အတွက် အဆိုပါကဏ္ဍများတွင်လုပ်ကိုင်မည့်
ဆရာ/ဆရာမများအနေဖြင့် ပြောင်းလဲလျက်ရှိသည့်ပညာရေးဆိုင်ရာလေ့ကျင့်သင်ကြားရေးနည်းသစ်များ၊ စာသင်ခန်းစီမံ
ခန့်ခွဲမှုများ၊သင်ခန်းစာများခေတ်နဲ့လျော်ညီစွာ သင်ကြားရေးကိစ္စများမှာ များစွာအရေးပါလှပါသည်။

Diploma In Education & Training Part A
1. Teaching, Learning and Assessment in Education and Training
2. Developing Teaching, Learning and Assessment in Education and Training
3. Theories, Principles and Models in Education and Training
4. Wider Professional Practice
5. Understanding and Managing Behaviour in a Learning Environment Part A is assessed by way of
assignments.
Diploma In Education & Training Part B
6. Developing, Using and Organising Resources in a Specialist Area
7. Evaluating Learning Programmes
8. Managing Learning and Development in Groups
9. Inclusive Practice
Part B is assessed by classroom observations, Portfolio, Video Evidence and classroom Feedback
reviews.

ACCREDITATION, PROGRESSION UNIVERSITIES

Royal Academic Institute တွင်သင်ကြားမည့် Digital Education စနစ်တွင် အင်္ဂလန်နိုင်ငံ ပညာရေးအရည်
အသွေးစစ်ဆေးသည့်အဖွဲ့အစည်းဖြစ်သည့် Ofqual (The Office of Qualifications and Examinations
Regulation) အသိအမှတ်ပြု Learning Resource Network Accredited Courses များကိုဒီပလိုမာမှ၊ ဒီဂရီ၊
မာစတာအထိသင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။

EDUCATION LOAN

အရည်အသွေးပြည့်မှီသည့်အပြင်ကုန်ကျစရိတ်များမှာလည်း နိုင်ငံတကာတွင်ကုန်ကျမည့် စာသင်စရိတ်၏ ဆယ်ပုံတစ်ပုံ
ခန့်သာကုန်ကျမည်ဖြစ်ပါသည်။ ထို့အပြင်ဧရာဝတီဘဏ်ဖြင့် ပူးပေါင်းလျက်Education Loan ပေးအပ်သွားမည်ဖြစ်ရာ၊
ဝန်ထမ်းများအတွက်လည်း လစဉ်မြန်မာငွေကျပ်တစ်သိန်းခန့်ပေးသွင်းရုံဖြင့်အင်္ဂလန်၊ သြစတြေး၊ အမေရိက ဘွဲ့များဆက်
လက်သင်ယူနိုင်မည့်Diploma Level 4/5/ (တက္ကသိုလ်ဒုတိယနှစ်နှင့်ညီမျှသည့်) ပညာရေးကိုရရှိမည်ဖြစ်ပါသည်။
Digital Education ကိုလေ့လာသင်ယူသင့်သောသူများမှာ မြန်မာအစိုးရတက္ကသိုလ်များ တက်ရောက်လျက်၊ နိုင်ငံတကာ
မှပေးအပ်မည့် အရည်အသွေးပြည့်မှီသော စီးပွားရေး၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဘာသာရပ်၊ ဟိုတယ်နှင့်ခရီးသွား၊
အိုင်တီ၊ ပညာရေး နှင့်လေ့ကျင့်သင်ကြားရေးဘာသာရပ်များကို ကုန်ကျစရိတ်အလွန်သက်သာစွာဖြင့် သင်ယူလိုသူများ၊
လုပ်ငန်းခွင်တွင်ဝင်ရောက်လုပ်ကိုင်နေပြီး မိမိလုပ်ငန်းခွင်အတွက်လည်း အကျိုးရှိ၊နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်
ကိုလည်းရယူပိုင်ဆိုင်လိုသူများ၊ တက္ကသိုလ်တစ်ခုခုတွင် အချိန်ပြည့်မတက်ရောက်နိုင်သော်လည်း နိုင်ငံတကာ
အသိမှတ်ပြုလက်မှတ်ရယူ လိုသူများနှင့် နိုင်ငံတကာပညာရေးကိုစဉ်ဆက်မပြတ်လေ့လာ သင်ယူလိုသူများ တက်ရောက်
သင့်ပါသည်။