News

American College Test (ACT)နဲ့ပတ်သက်ပြီး မြန်မာနဲ့ အချို့သောအာရှနိုင်ငံတွေက ကျောင်းသား၊ကျောင်းသူတွေ မေးလေ့ မေးထရှိတဲ့ မေးခွန်းတွေက ACTဆိုတာဘာလဲ ? ACT Test ဖြေဆိုမှုအပိုင်းမှာ ဘယ်လိုအကြောင်းအရာတွေပါဝင်လဲ ? ဘယ်သူ တွေ အဓိကထားပြင်ဆင်သင့်လဲ? ACT Test ဖြေဆိုဖို့အတွက် Registration ဘယ်လိုလုပ်ရမလဲ? ဘယ်မှာဖြေဆိုရမလဲ? စတာတွေပဲဖြစ်ပါတယ်။

ဒီအတွက် အရင်ဆုံး ACT Testအကြောင်းလေးတွေ မျှဝေပေး လိုပါတယ် … ACT Testဆိုတာက အမေရိကန်တက္ကသိုလ်နဲ့ ကောလိပ်တွေရဲ့ ကျောင်းဝင်ခွင့်လျှောက်ထားတဲ့အခါမျိုးမှာ ကျောင်းသား ကျောင်းသူအများအပြားဖြေဆိုနေကြတဲ့ Testတစ်ခုဖြစ်ပြီး ACT ရမှတ် ကို အမေရိကန် ပြည်ထောင်စုရှိတက္ကသိုလ်များသာမက နိုင်ငံပေါင်း (၃၉ )နိုင်ငံရှိ ကျောင်းပေါင်း(၁၅၀)ကျော်မှ အသိအမှတ် ပြုပါတယ်။

ACT စာမေးပွဲမှာ Mathematics, Science, Reading, Writing, English အပိုင်း (၅)ပိုင်းကို ဖြေဆိုကြရတာဖြစ်ပြီး ကျောင်းသားကျောင်းသူများအတွက် ပိုမိုလွယ်ကူစေဖို့ Paper- Based မှ Computer-Based ဖြေဆိုမှုပုံစံကို ၂၀၁၈ခုနှစ်မှ စတင်ပြောင်းလဲခဲ့ပါတယ်။ ACTရမှတ်ကောင်းကောင်းရထားတဲ့ ကျောင်းသား၊ကျောင်းသူတွေ အနေနဲ့ တက္ကသိုလ်ဝင်ခွင့်နဲ့ ပညာသင်ဆု တွေကို အခြားနိုင်ငံတကာကျောင်းသား၊ကျောင်းသူတွေထက် ပိုမိုဦးစား ပေး ရွေးချယ်ခြင်းခံရပါတယ်။

ACT Testကို Rankingမြင့်တက္ကသိုလ်များ၏ဝင်ခွင့်များနှင့် အတူ ပညာသင်ဆုအခွင့်အလမ်းရလိုသူတွေ၊ နိုင်ငံတကာ Grade 11အောင်မြင်ထားသူများအနေဖြင့်အဓိကထား ရွေးချယ်ဖြေဆိုသင့် ပါတယ်။ ACT Testဖြေဆိုလိုသူများအနေဖြင့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော Official Test Center ဖြစ်သည့် CROWN Education & Royal Academic Institute တွင် Test Dateအလိုက် လွယ်ကူစွာ စာရင်းပေးသွင်းဖြေဆိုနိုင်ပါတယ်။

နှစ်စဉ်နှစ်တိုင်း ACT ရမှတ်အလိုက် ထူးချွန် ကျောင်းသား ကျောင်းသူများကို CROWN Education & Royal Academic Instituteမှ မွေးထုတ်ပေးခဲ့ပြီးဖြစ်သလို ၂၀၁၉ ခုနှစ် April Intake ACT Test မှာ ဝင်ရောက်ဖြေဆိုမယ့် iGCSE ထူးခွန် ကျောင်းသားကျောင်းသူများအတွက် ယခုဖေဖော်ဝါရီလ ၁၈ရက်နေ့မှာ ACT Preparationသင်တန်းကို အခမဲ့ဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ACT Test ဖြေဆိုထားတဲ့ ရမှတ်အလိုက် ထူးချွန်ကျောင်းသား၊ကျောင်းသူများ အတွက် နိုင်ငံတကာပညာသင်ဆုများကိုလည်း ဦးစားပေး အခမဲ့ လျှောက်ထားပေးသွားမှာဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်များကို၊ ရုံးချိန်အတွင်း 01-527 838 နှင့် 09- 44 55 66 701~ 702 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။