News

❒ ကမ္ဘာပေါ်တွင်လေ့လာသင်ယူမှုပုံစံများ ပြောင်းလဲလာလျက်ရှိရာ၊သာမာန်စာသင်ခန်းများတွင်လေ့လာသင် ယူနေကြရာမှ Blockchain Technology များ Online Learning လေ့လာသင်ယူသည့်ပုံစံသစ်များဖြင့်လေ့ လာသင်ယူလာကြပါသည်။

❒ ထိုကဲ့သို့ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ မြန်မာနိုင်ငံအတွက် Digital Education အစီအစဉ်သစ်ကို CROWN Education, ROYAL Academic Institute နှင့် အင်္ဂလန်အခြေစိုက် Award for Training and Higher Education (ATHE) တို့ဖြင့်ပူးပေါင်းလျက် မြန်မာနိုင်ငံတွင်စတင်မိတ်ဆက်ပေးတော့မည်ဖြစ်ပါသည်။

❒ Digital Education ဆိုသည်မှာ ပညာရပ်ဆိုင်ရာ လေ့လာလိုက်စားသူများ၊ ကျောင်းသူကျောင်း သားများ အတွက်၊ ခေတ်မှီသင်ထောက်ကူပစ္စည်းများသုံးကာ e-learning system များဖြင့်ဘာသာရပ်ဆိုင်ရာများလေ့
လာသင်ယူခြင်း ၊ လေ့ကျင်သင်ကြားပေးခြင်းဖြစ်ပါသည်။

❒ CROWN Education ၏ လေ့ကျင့်သင်ကြားရေးစင်တာဖြစ်သော Royal Academic Institute အနေဖြင့် Digital Education အတွက် Smart Classroom များဖန်တီးကာ၊ သင်ခန်းစာများကို Digitally updated ပြုလုပ်ခြင်း၊ စာအုပ် များအစား e-Book များ၊ PDF များဖန်တီးကာ မိမိတို့ Mobile/Laptop များဖြင့် အချိန်မရွေး ဖတ်ရှုနိင်ရန်စီစဉ်ထားရှိခြင်း၊ စာမေးပွဲများကို Online စနစ်ဖြင့်စီစဉ်ထားရှိခြင်း၊ Online Webinars များကို မိမိတို့ Mobile/Computer များမှတဆင့်သင်ကြား မှုသင်ယူမှုများပြုလုပ်နိုင်သဖြင့် မိမိတို့အား လပ်သည့်အချိန်တွင်ပင် စာသင်ခန်းသို့လာရောက်ရန်မလိုပဲ ပညာရပ်ဆိုင်ရာများကို လေ့လာသင်ယူနိုင်မည်ဖြစ်ပါသည်။

◉ ACCREDITATION & EDUCATION LOAN
❒ Royal Academic Institute တွင် သင်ကြားမည့် Digital Education စနစ်တွင် အင်္ဂလန်နိုင်ငံ ပညာရေးအရည်အသွေးစစ်ဆေးသည့် အဖွဲ့အစည်းဖြစ်သည့် Ofqual အသိအမှတ်ပြု athe မှ Accredited Courses များကိုဒီပလိုမာမှ၊ ဒီဂရီ၊ မာစတာအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။ အရည် အသွေးပြည့်မှီ သည့် အပြင် ကုန်ကျစရိတ်များမှာလည်း နိုင်ငံတကာတွင်ကုန်ကျမည့် စာသင်စရိတ်၏ဆယ်ပုံတစ်ပုံခန့် သာကုန် ကျမည်ဖြစ်ပါသည်။ ထို့အပြင် ဧရာဝတီဘဏ်ဖြင့် ပူးပေါင်းလျက် Education Loan ပေးအပ်သွားမည့် အစီအစဉ်ပါရှိပါသည်။

◉ PROGRESSION AND UNIVERSITIES
❒ ATHE Accreditation Pathway တက္ကသိုလ်များဖြစ်သော၊ အင်္ဂလန်၊ သြစတြေလျ၊ အမေရိကား တက္ကသိုလ်များမှဘွဲ့များရရှိမည်။ တက္ကသိုလ်များနှင့်ဘာသာရပ်များကိုအောက်ပါလင့်ခ် တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။
https://athe.co.uk/progression-routes/

❒ Digital Education ကိုလေ့လာသင်ယူသင့်သောသူများမှာ မြန်မာအစိုးရတက္ကသိုလ်များ တက်ရောက်လျက်၊ နိုင်ငံတကာမှပေးအပ်မည့် အရည်အသွေးပြည့်မှီသော စီးပွားရေး၊ ဟိုတယ်နှင့်ခရီးသွား၊ အိုင်တီ၊ ပညာရေး နှင့်လေ့ကျင့်သင်ကြားရေးဘာသာရပ်များကို ကုန်ကျစရိတ်အလွန်သက်သာစွာဖြင့် သင်ယူလိုသူများ၊ လုပ်ငန်းခွင် တွင်ဝင်ရောက်လုပ်ကိုင်နေပြီး မိမိလုပ်ငန်းခွင်အတွက်လည်း အကျိုးရှိ၊နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ကိုလည်းရယူပိုင်ဆိုင်လိုသူများ၊ တက္ကသိုလ်တစ်ခုခုတွင် အချိန်ပြည့် မတက်ရောက်နိုင်သော်လည်း နိုင်ငံတကာ အသိမှတ်ပြုလက်မှတ်ရယူ လိုသူများနှင့် နိုင်ငံတကာပညာရေးကို စဉ်ဆက်မပြတ်လေ့လာ သင်ယူလိုသူများ တက်ရောက်သင့်ပါသည်။

◉ EVENT DATE, PLACE & TIME
❒ အဆိုပါ Digital Education နှင့်ပတ်သက်သည့် မိတ်ဆက်ပွဲနှင့် သရုပ်ပြရှင်းလင်းမည့်အစီအစဉ်ကို ဇန်နဝါရီလ (၁၃)ရက်၊ ၂ဝ၁၉၊ (တနင်္ဂနွေနေ့)၊ နံနက် (၁ဝ)နာရီမှ နေ့လည် (၁)နာရီအထိ၊ ရန်ကုန်မြို့ Novotel Hotel တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်ပါ ရန်လေးစား စွာဖြင့်ဖိတ်ကြားအပ်ပါသည်။
❒ ဖုန်းနံပါတ် ဝ၁- ၅၂၇ ၈၃၈ ၊ ဝ၉ ၄၄ ၅၅ ၆၆ ၇ဝ၁ – ၇ဝ၂ တို့တွင်ဆက်သွယ်စာရင်းပေးနိုင်ပါသည်။

အောက်ပါလင့်တွင်လည်းစာရင်းပေးသွင်းနိုင်ပါသည်။

https://goo.gl/YGXnCo