Crown Online Education Fair 2020

“ကနေဒါတက္ကသိုလ်အချို့ပြန်ဖွင့်ဖို့ စတင်ပြင်ဆင်လာ”
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
[ဖတ်ရန်ကြာမြင့်ချိန် : ၃မိနစ်]
.
❑ Covid-19 ရဲ့ရိုက်ခတ်မှုကို ကမ္ဘာအနှံ့ကြုံတွေ့နေရတဲ့ခုလိုအချိန်မှာ နိုင်ငံတကာကျောင်းသားတွေ စိတ်ဝင်တစားသွားရောက်ပညာသင်ယူမှုများပြားလျက်ရှိတဲ့ကနေဒါနိုင်ငံအပေါ်မှာလဲ သက်ရောက်မှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့်လဲ မိမိအနာဂတ်ပညာရေးအိပ်မက်တည်နေရာကို ကနေဒါနိုင်ငံအဖြစ်ပုံဖော်ထားတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ မိမိအိပ်မက်တွေကို မရပ်တန့်လိုက်ပါနဲ့နော်။
.
🌎 ကမ္ဘာကြီးနေပြန်ကောင်းလာတဲ့အခါ မိမိအိပ်မက်တွေကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ အခုကစပြီး ပြင်ဆင်ထားရအောင်ပါ။
.
❑ အခုဆိုရင် ကနေဒါရဲ့ ပညာရေးပြည်နယ်လို့ တင်စားနိုင်တဲ့ British Columbia ပြည်နယ်မှာ ပြည်နယ်အစိုးရအနေနဲ့ ကန့်သတ်ချက်တွေလျော့ချဖို့နဲ့ လုပ်ငန်းတွေပြန်လည်စတင်ဖို့ အစီအစဉ်တွေကို အဆင့် (၅) ဆင့်ခွဲလို့ ချမှတ်ပြီးဖြစ်ပါတယ်။ ကောလိပ်တွေ၊ တက္ကသိုလ်ကြီးတွေကို စနစ်တကျပြန်လည်ဖွင့်လှစ်ဖို့ကလည်း ဩဂုတ်လ (၁၀) ရက်နေ့မှာစတင်မဲ့ (၅)ဆင့်မြောက်အစီအစဉ်မှာပါဝင်နေပါတယ်။ ဒါကြောင့် British Columbia ပြည်နယ်ထဲက Vancouver မြို့မှာတည်ရှိပြီး CROWN Education ကနေလျှောက်ထားနိုင်တဲ​့ ကနေဒါထိပ်တန်း Simon Fraser University ရဲ့ စိတ်ဝင်စားဖွယ်ဘာသာရပ်တွေ၊ ထူးချွန်ကျောင်းသားတွေဆက်လက်လျှောက်ထားနိုင်မဲ့ ပညာသင်ဆုတွေ၊ ကျောင်းသားတွေ ကျန်းမာလုံခြုံစွာပညာသင်ကြားနိုင်ဖို့ စီစဉ်ပေးထားတာတွေ – စတာတွေကို ကျောင်းရဲ့တာဝန်ရှိသူတွေကိုယ်တိုင်ပြောပြပေးပြီး ပြန်လည်ဆွေးနွေးမေးမြန်းနိုင်ဖို့ စီစဉ်ပေးသွားမှာပါ။
.
❑ ဒါတင်မကသေးဘဲ ကနေဒါက University of Manitoba, University Canada West တို့လိုတက္ကသိုလ်တွေအပြင် Australia, UK, USA, Switzerland, Singapore နိုင်ငံတွေက ထိပ်တန်းကျောင်းတွေရဲ​့ သတင်းအချက်အလက်တွေကိုလဲ မိမိဖုန်းက အင်တာနက်လေးဖွင့်ထားရုံနဲ့ အချိန်ကုန်သက်သာ ဘေးကင်းစွာရယူနိုင်မှာမို့ Stay Tuned ပါနော်… အသေးစိတ်ကို မကြာခင်မှာထပ်ပြီးပြောပြပေးသွားတော့မှာပါရှင့်.

 

Registration: bit.ly/crownfair

Learn more about CROWN Online Education Fair 2020 : https://crown-education.org/crownfair2020/