Crown Online Education Fair 2020

“အင်္ဂလန်နိုင်ငံရှိ Leedsတက္ကသိုလ်ကြီးတွင် ပညာသင်ကြားခြင်း…”
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
[CROWN ONLINE EDUCATION FAIR 2020, June 6, 7]

 

Registration: bit.ly/crownfair


❒ အင်္ဂလန်နိုင်ငံမှာ သမိုင်းဝင်အထင်ကရနေရာများစွာရှိတဲ့အထဲကမှ အင်္ဂလန်မြောက်ပိုင်းမှာရှိတဲ့ Leedsမြို့မှာ လန်ဒန်မြို့နဲ့ (၁၇၅)မိုင်၊ ရထားဖြင့် (၂)နာရီခန့် အကွာအဝေးမှာတည်ရှိပါတယ်။ Leedsမြို့ဟာဆိုရင်အင်္ဂလန်နိုင်ငံရဲ့ စီးပွားရေးအချက်အချာကျပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းများစွာဖန်တီးပေးနေတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကိုအခြေခံခြင်းအားဖြင့် University of Leedsမှာ
ဘယ်လိုအခွင့်အလမ်းတွေရှိနေတယ်ဆိုတာကို ပုံဖော်တွေ့မြင်လောက်ပြီထင်ပါတယ်။
.
❒ Univeristy of Leedsဟာဆိုရင် အင်္ဂလန်နိုင်ငံတစ်ခုလုံးရဲ့ ထိပ်တန်းတက္ကသိုလ်တွေကိုစုဖွဲ့ပြီး သုတေသနလုပ်ငန်းဆိုင်ရာမှာ အထောက်အပံ့ပေးနေတဲ့ Russell Groupအဖွဲ့ဝင်တက္ကသိုလ်တစ်ခုဖြစ်ပြီး Life Sciences နဲ့ Engineeringဘာသာရပ်အပြင် ဥပဒေနဲ့ စီးပွားရေးဘာသာရပ်တွေဖြစ်တဲ့ Law, Business Lawဘာသာရပ်သင်ကြားပို့ချရာမှာကျော်ကြားပါတယ်။
.
❒ ဒီလို သုတေသနအပိုင်းမှာထူးချွန်တဲ့ Leedsတက္ကသိုလ်မှာ မြန်မာကျောင်းသားတွေအတွက် ပညာသင်ယူဖို့ ဘယ်လိုအခွင့်အလမ်းတွေရှိတယ်၊ ပညာရေးအရ ဘာတွေလိုအပ်တယ်ဆိုတာကို တိတိကျကျသိရှိနိုင်ဖို့အတွက် “CROWN ONLINE EDUCATION FAIR 2020”မှာ University of Leedsတက္ကသိုလ်ရဲ့ တာဝန်ခံနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်ဖို့ CROWN Educationက စီစဉ်ပေးထားပါတယ်။
.
❒ အဆိုပါ “CROWN ONLINE EDUCATION FAIR 2020”ပညာရေးပြပွဲကြီးသည် Covid-19အလွန် ကျန်ရှိတဲ့ (၂၀၂ဝ)ခုနှစ် ကျောင်းဝင်ခွင့်/ (၂၀၂၁)ခုနှစ်အတွက် ယူအက်စ်၊ယူကေ၊ကနေဒါ၊သြစတြေးလျ၊ဆွစ်ဇာလန်၊စင်္ကာပူ၊ထိုင်းနိုင်ငံတက္ကသိုလ်တွေကို ပြင်ဆင်လျှောက်ထားလိုသူ ကျောင်းသား/သူ၊မိဘ/အုပ်ထိန်းသူများအတွက် ကြိုတင်သိရှိထားသင့်သော နိုင်ငံတကာတက္ကသိုလ်ဝင်ခွင့်များ အကြောင်းရှင်းလင်းပြောကြားမည့်အတွက် နိုင်ငံတကာပညာရေးစိတ်ပါဝင်စားသူမည်သူမဆို လက်လွတ်မခံဘဲ တက်ရောက်လေ့လာသင့်ပါသည်။
.
❒ ပါဝင်ပြသမည့်တက္ကသိုလ်များစာရင်းကိုကြည့်ရှုရန်နှင့် ပညာရေးပြပွဲနှင့် ဆွေးနွေးပွဲကို အခမဲ့တက်ရောက်ရန်၊ အောက်ပါလင့်ခ်မှတဆင့် Form ဖြည့်ကာ တက်ရောက်နိုင်ပါသည်။
.

Registration: bit.ly/crownfair

Learn more about CROWN Online Education Fair 2020 : https://crown-education.org/crownfair2020/