Crown Online Education Fair 2020

Registration: bit.ly/crownfair
➡️ လက်ရှိမှာ (၂ဝ၂ဝ/၂ဝ၂၁)အတွက် ရည်မှန်းထားတဲ့ ပညာရေးလမ်းကြောင်းတွေ ရပ်တန့်သွားနိုင်မလား… နှောင့်နှေးသွားနိုင်မလားလို့ … စိတ်ပူပန်နေတဲ့ မိဘ/အုပ်ထိန်းသူတွေနဲ့ ကျောင်းသား/သူတွေ… နိုင်ငံရပ်ခြားကို ပညာသင်သွားဖို့ ရည်ရွယ်ထားပေမယ့် အခုချိန်မှာ ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတဲ့ ကျောင်းသား/သူနဲ့ မိဘတွေအတွက် Online Education Fair တစ်ခုကို CROWN Education က ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်…
.
➡️ အရင်က လူအများလေ့လာရလွယ်ကူအောင်
ရန်ကုန်နဲ့မန္တလေးမြို့က ဟိုတယ်ကြီးတွေမှာ အခမဲ့ကျင်းပပေးနေကြဖြစ်တဲ့ CROWN Education ပညာရေးဆွေးနွေးပွဲတွေကို တက်ရောက်ဖူးသူတွေလည်းရှိပါတယ် … ဒါပေမယ့် အခုလိုအချိန်မှာတော့ လူစုလူဝေးနဲ့ ပြုလုပ်တဲ့ ပွဲတွေတက်ရောက်လေ့လာဖို့ဆိုတာ ခက်ခဲပါတယ်။
.
➡️ ဇွန်လ (၆)ရက်နေ့နဲ့ (၇)ရက်နေ့မှာလုပ်မယ့် “CROWN Online Education Fair 2020” ရဲ့ အဓိကရည်ရွယ်ချက်က – အရင်ကျင်းပပေးနေကြပညာရေးဆွေးနွေးပွဲတွေလို နိုင်ငံတကာတက္ကသိုလ်တွေရဲ့ နောက်ဆုံးသတင်းအချက်အလက်တွေကို သိရှိနိုင်ဖို့နဲ့ ပညာသင်ဆုအခွင့်အလမ်းတွေကို အိမ်မှာနေရင်း ကြိုတင်လေ့လာပြင်ဆင်ထားနိုင်ဖို့ ဖြစ်ပါတယ်…
.
➡️ “CROWN Online Education Fair 2020”မှာ ပါဝင်မယ့်တက္ကသိုလ်တွေထဲ အခုပြောပြပေးချင်တဲ့တက္ကသိုလ်ကတော့ – အင်္ဂလန်နိုင်ငံ Bristolမြို့မှာရှိတဲ့ UWE Bristolတက္ကသိုလ်ဖြစ်ပါတယ်။
သင်္ဘော ဆိပ်ကမ်းမြို့ဖြစ်တဲ့ Bristol မြို့ဟာဆိုရင် ၂၀၁၉ခုနှစ်ရဲ့ ခရီးသွားလို့အကောင်းဆုံး နေရာ (၁ဝ)ခုမှာ ပါဝင်ပါတယ်။ ဒါတင်မကသေးဘဲ နှစ်စဉ်လိုလို နိုင်ငံပေါင်း (၁၄၀)ကျော်က ကျောင်းသားကျောင်းသူပေါင်း (၃၀,၀၀၀)ကျော်ဝန်းကျင် စာသင်ကြားကြတဲ့ လုံခြုံစိတ်ချရတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ် ။
.
➡️ UWE Bristolမှာ သင်ယူနိုင်တဲ့ ဘွဲ့ကြိုဘွဲ့လွန်ဘာသာရပ်ပေါင်း (၆ဝဝ)ကျော်ရှိပြီး အဲ့အထဲကမှ Filmmaking, Architecture, Philosophy, Education နှင့် Arts ဘာသာရပ်တွေကတော့ UWE ရဲ့ နာမည်ရအကျော်ကြားဆုံးဘာသာရပ်တွေဖြစ်ပါတယ်။
.
➡️ အင်္ဂလန်မှာ Architecture ဘာသာရပ်ကို အထူးပြုသင်ကြားချင်တဲ့ ကျောင်းသား/သူတွေအတွက် UK ရဲ့ ဘာသာရပ်အဆင့်သတ်မှတ်ချက် (၁၈) နေရာမှာရှိနေတဲ့ UWE (Bristol) ဟာဆိုရင် ဦးစားပေးရွေးချယ်သင့်တဲ့ ကျောင်းတွေထဲကတစ်ခု ဖြစ်သလို Bachelor, Master Degree Program တွေကို လျှောက်ထားချင်တဲ့ ကျောင်းသား/သူတွေအတွက် စာသင်စရိတ်အများဆုံး (၅၀ %)ထိ သက်သာစေမယ့် ပညာသင်ဆုအခွင့်အရေးတွေလဲရှိပါတယ်။
.
➡️ ပုံမှန်ကျောင်းလျှောက်ကြတဲ့အခါ IELTS/TOFELရမှတ်လိုအပ်ပေမယ့် ခုအချိန်မှာ IELTS/TOEFL exam မဖြေဆိုရသေးသူတွေ/ သွားရောက်ဖြေဆိုဖို့ အခက်အခဲရှိသူတွေအတွက် UWE Bristolမှာ Online English Testတွေကို အခမဲ့ဖြေဆိုခွင့်လည်း ပေးနေပါတယ်။
.
➡️ မြန်မာနိုင်ငံက HND၊ ABE၊ NCC လက်မှတ် ကိုင်ဆောင်ထားသူတွေအတွက် ရွေးချယ်စရာ Top-Up Degreeအများအပြားရှိသလို ကိုယ်ရရှိထားတဲ့ ရမှတ်အလိုက် UWE Bristolမှာ တက္ကသိုလ်ဒုတိယနှစ် (သို့) နောက်ဆုံးနှစ်ကို တိုက်ရိုက်တက်ရောက်ခွင့်ရရှိနိုင်ပါတယ်။ Master Programတွေလျှောက်ထားတဲ့အခါမှာလည်း မြန်မာနိုင်ငံက (၃)နှစ် Bachelor Degree ရရှိထားသူတွေပါ လျှောက်ထားနိုင်တဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။
.
➡️ UWE Bristolမှာ (၅ဝ%)ပညာသင်ဆုနဲ့ သင်ကြားခွင့်ရဖို့ ကျောင်းဝင်ခွင့်နဲ့ပတ်သက်ပြီးတိတိကျကျသိရှိနိုင်ဖို့အတွက် “CROWN ONLINE EDUCATION FAIR 2020”မှာ UWE Bristolတက္ကသိုလ်ရဲ့ တာဝန်ခံနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်ဖို့ CROWN Educationက စီစဉ်ပေးထားပါတယ်။
.
➡️ ပါဝင်ပြသမည့်တက္ကသိုလ်များစာရင်းကိုကြည့်ရှုရန်၊ ပညာရေးပြပွဲနှင့် ဆွေးနွေးပွဲကို အခမဲ့တက်ရောက်ရန်၊ အောက်ပါလင့်ခ်မှတဆင့် Form ဖြည့်ကာ တက်ရောက်နိုင်ပါသည်။
.
Registration: bit.ly/crownfair