Crown Online Education Fair 2020

“Russell Groupအဖွဲ့ဝင် ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Sheffieldမှာသင်ကြားလိုပါသလား…”
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■

 

Registration: bit.ly/crownfair

❒ အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်များဆိုင်ရာ သုတေသနလုပ်ငန်းများတွင် ဦးဆောင်နေသည့် Russell Groupအဖွဲ့ဝင်တက္ကသိုလ်တစ်ခုဖြစ်ပြီး လန်ဒန်မြို့ကနေ ရထားနဲ့ ၂နာရီအကွာမှာရှိပါတယ်။ အင်ဂျင်နီယာဘာသာရပ်သင်ကြားမှုမှာ အားသာတဲ့တက္ကသိုလ်ဖြစ်တာနဲ့အညီ Civil and Structural Engineering, Architecture, Aerospace Engineering, Mechatronic and Robotics Engineeringစတဲ့ ဘာသာရပ်တွေလေ့လာနိုင်သလို Computer Science, Politics, Economics, Business, Law, Social Sciences, Sciencesစတဲ့ဘာသာရပ်တွေကိုလည်း Main Campusဖြစ်တဲ့ (Western Bank)နဲ့ St George’s Campus နှစ်ခုမှာလေ့လာသင်ကြားနိုင်မှာဖြစ်ပါတယ်။
.
❒ University of Sheffieldမှတစ်ဆင့် Nobleဆုရှင် ၈ဦးတိတိမွေးထုတ်ပေးထားနိုင်သလို Teaching Excellence Framework မှာလည်း Silverရရှိထားတဲ့ University of Sheffieldမှာ Undergraduate Program, Master Programတွေသင်ကြားနိုင်သလို International Foundation Year Programနဲ့ Pre-Master Programတွေကိုလည်းရွေးချယ်သင်ကြားနိုင်မှာဖြစ်ပြီး University of Sheffieldမှာ မြန်မာကျောင်းသားတွေအတွက် ပညာသင်ယူဖို့ ဘယ်လိုအခွင့်အလမ်းတွေရှိတယ်၊ ပညာရေးအရ ဘာတွေလိုအပ်တယ်ဆိုတာကို တိတိကျကျသိရှိနိုင်ဖို့အတွက် “CROWN ONLINE EDUCATION FAIR 2020”မှာ University of Sheffieldတက္ကသိုလ်ရဲ့ တာဝန်ခံနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်ဖို့ CROWN Educationက စီစဉ်ပေးထားပါတယ်။
.
❒ အဆိုပါ “CROWN ONLINE EDUCATION FAIR 2020”ပညာရေးပြပွဲကြီးသည် Covid-19အလွန် ကျန်ရှိတဲ့ (၂၀၂ဝ)ခုနှစ် ကျောင်းဝင်ခွင့်/ (၂၀၂၁)ခုနှစ်အတွက် ယူအက်စ်၊ယူကေ၊ကနေဒါ၊သြစတြေးလျ၊ဆွစ်ဇာလန်၊စင်္ကာပူ၊ထိုင်းနိုင်ငံတက္ကသိုလ်တွေကို ပြင်ဆင်လျှောက်ထားလိုသူ ကျောင်းသား/သူ၊မိဘ/အုပ်ထိန်းသူများအတွက် ကြိုတင်သိရှိထားသင့်သော နိုင်ငံတကာတက္ကသိုလ်ဝင်ခွင့်များ အကြောင်းရှင်းလင်းပြောကြားမည့်အတွက် နိုင်ငံတကာပညာရေးစိတ်ပါဝင်စားသူမည်သူမဆို လက်လွတ်မခံဘဲ တက်ရောက်လေ့လာသင့်ပါသည်။
.
❒ ပါဝင်ပြသမည့်တက္ကသိုလ်များစာရင်းကိုကြည့်ရှုရန်၊ ပညာရေးပြပွဲနှင့် ဆွေးနွေးပွဲကို အခမဲ့တက်ရောက်ရန်၊ အောက်ပါလင့်ခ်မှတဆင့် Form ဖြည့်ကာ တက်ရောက်နိုင်ပါသည်။
.

Registration: bit.ly/crownfair

Learn more about CROWN Online Education Fair 2020 : https://crown-education.org/crownfair2020/