Crown Online Education Fair 2020

Registration: bit.ly/crownfair
.
➡️ အင်္ဂလန်နိုင်ငံဟာ ကမ္ဘာတစ်ဝှမ်းကကျောင်းသား/သူတွေ (၈၀%)လောက် သွားရောက်ပညာသင်ကြားဖို့အတွက် ရွေးချယ်ကြတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်မီတက္ကသိုလ်ကြီးတွေရှိတဲ့ အင်္ဂလန်နိုင်ငံမှာ ကျောင်းသွားတက်ဖို့ ကြိုးစားနေပြီး ပညာသင်ဆုလဲ လျှောက်ထားချင်ပါတယ်ဆိုတဲ့ ကျောင်းသား/သူတွေအတွက် Nottingham Trent University က ပေးအပ်ချီးမြှင့်တဲ့ (၅၀%)ပညာသင်ဆုတွေက သင့်အတွက် အခွင့်အရေးတစ်ခုဖြစ်လာနိုင်ပါတယ်
.
➡️ Nottingham Trent Universityဟာ တစ်နှစ်ကို ကျောင်းသားပေါင်း (၆၂,၀၀၀)ဝန်းကျင်လောက်ကို ပညာရပ်အသီးသီး သင်ကြားပို့ချပေးလျက်ရှိပြီး public transport networkအနေနဲ့ လည်းကောင်းမွန်ပြီး UKရဲ့ အစိမ်းလန်းဆုံးမြို့အဖြစ် သတ်မှတ်ခံထားရတဲ့ Nottingham မြို့မှာတည်ရှိပါတယ်။
.
➡️ သင်ယူနိုင်တဲ့ ဘာသာရပ်တွေက…
Business, Law, Animal, Rural and Environmental Science, Architecture, Design and the Built Environment, Art and Design, Art and Humanities, Science and Technology နှင့် Social Sciences စတဲ့ ဘာသာရပ်ပေါင်း (၅၀၀) ကျော်ကို ရွေးချယ်သင်ကြားနိုင်တာဖြစ်ပြီး Undergraduate နှင့် Postgraduate Degrees တွေအတွက် လျှောက်ထားနိုင်ပါတယ်။
.
➡️ အဆိုပါ ဘာသာရပ်တွေထဲကမှ Business, Engineering, Art and Design နှင့် Media and Communicationဘာသာရပ်တွေကတော့ ရွေးချယ်သင်ယူမှု အများဆုံး ဘာသာရပ်တွေ ဖြစ်သလို NTUအနေနဲ့ (၂၀၁၉) ခုနှစ်အတွက် နိုင်ငံပေါင်း (၈၀)က ကျောင်းသား/သူ ပေါင်း(၄၉၀)ကို ပညာသင်ဆုနဲ့ သင်ကြားခွင့်ပေးခဲ့ပါသေးတယ်။
.
➡️ ပညာသင်ဆုပမာဏ ဘယ်လောက်ထိလျှောက်လို့ရလဲ…
နိုင်ငံတကာက ကျောင်းသား/သူတွေအတွက် Undergraduate Degree Programs ဆိုရင် (၅၀%) ပညာသင်ဆုအပြင် MBA Programအတွက် (၂၅% – ၅ဝ%) ပညာသင်ဆုတွေကိုပါ ပေးအပ်နေပါတယ်။ တစ်နှစ်စာပျမ်းမျှ စာသင်စရိတ် အနေနဲ့ £14,500 ခန့် ကုန်ကျတဲ့ NTUလို ထိပ်တန်းတက္ကသိုလ်တစ်ခုမှာ ပညာသင်ဆုနဲ့သင်ကြားခွင့်သာ ရရှိခဲ့မယ်ဆိုရင် စာသင်ကုန်ကျစရိတ်တွေ အများကြီး ခြွေတာနိုင်မယ့် အခွင့်အရေးတစ်ခုဖြစ်လာမှာပါ။
.
➡️ ဒီလို အခွင့်အရေးတွေရဖို့ ဘာတွေလိုအပ်မလဲ၊ ဘာတွေပြင်ဆင်ထားရမယ်ဆိုတဲ့ အသေးစိတ်အကြောင်းအရာတွေကို တိတိကျကျသိနိုင်ဖို့အတွက် “CROWN ONLINE EDUCATION FAIR 2020”မှာ Nottingham Trent Universityရဲ့ တာဝန်ခံနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်ဖို့ CROWN Educationက စီစဉ်ပေးထားပါတယ်။
.
➡️ ပါဝင်ပြသမည့်တက္ကသိုလ်များစာရင်းကိုကြည့်ရှုရန်၊ ပညာရေးပြပွဲနှင့် ဆွေးနွေးပွဲကို အခမဲ့တက်ရောက်ရန်၊ အောက်ပါလင့်ခ်မှတဆင့် Form ဖြည့်ကာ တက်ရောက်နိုင်ပါသည်။
.
Registration: bit.ly/crownfair

Learn more about CROWN Online Education Fair 2020 : https://crown-education.org/crownfair2020/