globalnews2020

Global Education Fair 2020

Free Reg: http://bit.ly/GLOBAL2020

Feb 22 : Novotel Hotel,
Feb 23: Mandalay Convention Center
.
❑ နိုင်ငံတကာ ပညာရေးနဲ့ ပတ်သက်လာရင် အစဉ်အဆက် ဂုဏ်သတင်းကြီးတဲ့ ယူကေပညာရေးနဲ့ယူကေထိပ်တန်း တက္ကသိုလ်ကြီးတွေဆိုတာ မြန်မာကျောင်းသားတွေ ငယ်စဉ်ထဲကမက်ခဲ့ကြရတဲ့ အိပ်မက်တစ်ခုဆိုလည်း မမှားပါဘူး။
.
❑ ပြည်တွင်းမှာ HND Level 5လက်မှတ်ကိုင်ထားပြီး ကျန်တဲ့တစ်နှစ်အတွက် ကုန်ကျစရိတ်လည်းသက်သာရမယ်…
ရမယ့်ဘွဲ့ဒီဂရီ Rankingကလည်း ကောင်းရမယ်…(၅ဝ%)ပညာသင်ဆုနဲ့လည်းသင်ကြားခွင့်ရမယ်…ကျောင်းတစ်နှစ်တက်ပြီးရင် မြန်မာနိုင်ငံချက်ချင်းတန်းပြန်ရတာမျိုးမဟုတ်ဘဲဆက်လက်နေထိုင်အလုပ်လုပ်ခွင့် (၂)နှစ် Post Study Work Visaရနိုင်တဲ့ ယူကေမှာ ကျောင်းသွားတက်ဖို့ စိတ်ဝင်စားကြလား…
.
❑ စိတ်ဝင်စားတယ်ဆိုရင် HND မြန်မာကျောင်းသား၊ကျောင်းသူတွေအတွက် ယူကေပညာသင်အိမ်မက်တွေကို အကောင်အထည်ဖော်ဆောင်ပေးဖို့ ယူကေရဲ့ HND Top-Up Programသင်ကြားမှုအကောင်းဆုံးတက္ကသိုလ်(၆)ခုဟာဆိုရင် Global Education Fair (2020)အတွင်း HND (Business, Engineering, Computing, Civil, Construction Project Management)စတဲ့ဘာသာရပ်တွေကို (၅ဝ)%ပညာသင်ဆုတွေနဲ့ သင်ကြားခွင့်တွေပေးသွားမှာဖြစ်ပါတယ်။
.
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
1)University of West of England (UWE Bristol)
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
.
❑ UWE Bristolတည်ရှိတဲ့ Bristolမြို့ဟာဆိုရင် သင်္ဘောဆိပ်ကမ်းမြို့တစ်ခုဖြစ်သလို နှစ်စဉ် နိုင်ငံတကာကျောင်းသား၊ကျောင်းသူပေါင်း (၃ဝ,ဝဝဝ)ကျော် လုံခြုံစိတ်ချစွာစာသင်နေထိုင်လျက်ရှိတဲ့ မြို့ဖြစ်ပါတယ်။ Research Universityတစ်ခုဖြစ်တာနဲ့အညီ UWE Bristolတက္ကသိုလ်အနေနဲ့ ယူကေမှာ “Teaching Excellence Framework Gold Award”ရရှိထားတဲ့ တက္ကသိုလ်ကောင်းတစ်ခုဖြစ်သလို မြန်မာကျောင်းသား၊ ကျောင်းသူတွေအတွက် (၅ဝ%)ပညာသင်ဆုနှစ်စဉ် အများဆုံးပေးအပ်ချီးမြှင့်လျက်ရှိတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။
.
❑ The Complete University Guide 2020သတ်မှတ်ချက်များအရ UWE Bristolရှိ Architectureဘာသာရပ်သည် ယူကေတွင် အဆင့်(၁၈)နေရာမှာရှိသလို Finance, Strategy, Marketing, Leadership, Innovation, and Design Thinking, Health, Science, Business, Law, Environment and Technology ဘာသာရပ်သင်ကြားပို့ချမှုတွေမှာလည်း နိုင်ငံတကာကျောင်းသား၊ကျောင်းသူတွေအကြား နာမည်ကျော်ပါတယ်။
.
❑ UWE Bristolရဲ့ Main Campusဖြစ်တဲ့ Frenchay Campusအပြင် Glenside Campus, Bower Ashton Campus နှင့် St Matthias Campus စုစုပေါင်း Campus(၄)ခုဖြင့် ဘာသာရပ်ပေါင်း (၆ဝဝ)ကျော် သင်ကြားပို့ချပေးနေတာကြောင့် UWE Bristolမှာတက်ရောက်လိုသူကျောင်းသား၊ကျောင်းသူတွေအနေနဲ့ မိမိတို့နှစ်သက်ရာCampusများအလိုက် ဘွဲ့ကြို၊ဘွဲ့လွန်ပရိုဂရမ်တွေ ရွေးချယ်သင်ကြားနိုင်မှာဖြစ်သလို မိမိတို့ရရှိထားတဲ့ ရမှတ်များအလိုက် UWE Bristolတွင် တက္ကသိုလ်ဒုတိယနှစ် (သို့)နောက်ဆုံးနှစ်သို့ တိုက်ရိုက်တက်ရောက်နိုင်မှာဖြစ်ပါတယ်။
.
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
2)Nottingham Trent University (NTU)
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
.
❑ အင်္ဂလန်နိုင်ငံအလယ်ပိုင်းက Nottinghamမြို့ဟာဆိုရင်တစ်ခေတ်တစ်ခါက သူရဲကောင်းဖြစ်ခဲ့တဲ့ Robin Hoodကို မွေးဖွားရာဒေသဖြစ်သလိုဒီနေ့ခေတ် Tour Deပြိုင်ပွဲတွေမှာအသုံးပြုနေတဲ့စက်ဘီးတွေကို စတင်ရာ ကမ္ဘာကျော်Raleigh
စက်ဘီးတီထွင်ထုတ်လုပ်မှုတွေကြောင့် ကျော်ကြားပါတယ်။ ဒါ့အပြင် (၁၅)ရာစုအစောပိုင်း ဗိသုကာလက်ရာတွေမှာထင်ရှားကျော်ကြားတဲ့ အနုပညာလက်ရာတွေကိုလည်း
သမိုင်းဝင်ပြတိုက်တည်ရှိရာ Wollaton Hallမှာတွေ့မြင်နိုင်မှာဖြစ်ပါတယ်။
.
❑ Nottinghamမြို့ထဲက City Campus, Clifton Campus အပြင် Brackenhurst Campusစုစုပေါင်း Campus(၃)ခုနဲ့ ဖွင့်လှစ်သင်ကြားပေးနေတဲ့ Nottingham Trent Universityဟာဆိုရင်လည်း Business, Architecture, Arts and Designဘာသာရပ်တွေသင်ကြားပို့ချမှုတွေမှာ နာမည်ကြီးတာကြောင့်Architecture,Arts and Designဘာသာရပ်သင်ကြားလိုတဲ့ကျောင်းသား၊ကျောင်းသူတွေအတွက် Exposure ကောင်းတွေရရှိစေမှာဖြစ်ပါတယ်။
.
❑ Nottingham Trent Universityမှာ HNDမြန်မာကျောင်းသား၊ကျောင်းသူတွေလျှောက်ထားနိုင်မယ့် International Full Fee Undergraduate Scholarship (၅ဝ%)ပညာသင်ဆုတွေအပြင် MBA Programလျှောက်ထားလိုသူတွေအတွက် Postgraduate Master Scholarship (၂၅%မှ၅ဝ%)ပညာသင်ဆုတွေကိုပါ
ပေးအပ်သွားမှာဖြစ်ပါတယ်။
.
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
3)University of Hertfordshire (UOH)
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
.
❑ Teaching Excellence Framework မှာ Gold Awardရရှိထားတဲ့ University of Hertfordshireဟာဆိုရင် အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း Hatfieldမြို့တွင်တည်ရှိပြီး
နှစ်စဉ်နိုင်ငံပေါင်း (၁ဝဝ)ကျော်မှ ကျောင်းသား၊ကျောင်းသူပေါင်း (၃ဝ,ဝဝဝ)ကျော်မှ ဘွဲ့ကြို၊ဘွဲ့လွန်ပရိုဂရမ်တွေကို လာရောက်သင်ကြားကြပါတယ်။
.
❑ မြန်မာနိုင်ငံက HNDလက်မှတ်ကိုင်ဆောင်ထားတဲ့ ထူးချွန်ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ University of Hertfordshireမှာ Business, Engineering and Technology, Computer Science စတဲ့ဘာသာရပ်တွေအတွက် Credit Exemptionတွေသာမက Vice-Chancellor’s Scholarshipနှင့် Regional Scholarshipsတွေကိုပါလျှောက်ထားသင်ယူနိုင်မှာဖြစ်ပါတယ်။
.
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
4)University of Portsmouth
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
.
❑ အင်္ဂလန်နိုင်ငံမှာ ပညာသင်ကြားလိုတဲ့ HND မြန်မာကျောင်းသား၊ကျောင်းသူတွေအတွက် အင်္ဂလန်နိုင်ငံရဲ့ ကမ်းရိုးတန်းမြို့တစ်ခုဖြစ်တဲ့ Portsmouthမြို့ဟာဆိုရင် Londonမြို့ကနေ ရထားနဲ့ မိနစ်(၉ဝ)အကွာအဝေးမှာရှိပြီးUniversity of Portsmouthဟာဆိုရင် Teaching Excellence Frameworkမှာ Gold Rating ရရှိထားတဲ့ သင်ကြားရေးပိုင်းအထူးကောင်းမွန်တဲ့တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။
.
❑ အင်္ဂလန်နိုင်ငံရဲ့ အကောင်းဆုံးတက္ကသိုလ်(၂၅) ကျောင်း (Top 25 University in UK)မှာပါဝင်တဲ့ University of Portsmouthမှာဆိုရင် နှစ်စဉ် Portsmouthမှာ နိုင်ငံပေါင်း (၁၅၀)ကျော်မှကျောင်းသားကျောင်းသူပေါင်း(၂၇,၀၀၀) ကျော် လာရောက်သင်ကြားနေကြသလို National Student Survey 2019 အရ ကျောင်းသား၊ကျောင်းသူများ၏ စိတ်ကျေနပ်မှု (88 % Student Satisfaction)ကိုလည်း ရရှိထားပါတယ်။
.
❑ University of Portsmouthရဲ့ စီးပွားရေး၊အိုင်တီ၊ဥပဒေ၊အင်ဂျင်နီယာ၊ခရီးသွားစီမံခန့်ခွဲမှုဘာသာရပ်တွေကို နိုင်ငံတကာကျောင်းသား၊ကျောင်းသူအများဆုံးတက်ရောက်သင်ကြားနေကြသလို University of Portsmouthရဲ့တစ်ချို့ ပရိုဂရမ်တွေမှာပါရှိတဲ့ Placement Year Opportunityကလည်း ကျောင်းတတ်နေတဲ့အချိန်ကစပြီး အလုပ်အတွေ့အကြုံကိုလုပ်ခလစာအပြည့်နဲ့ရယူနိုင်မယ့်အားသာချက်တစ်ခုဖြစ်ပါတယ်။
.
■ ■ ■ ■ ■ ■ ■ ■ ■ ■
5)Middlesex University
■ ■ ■ ■ ■ ■ ■ ■ ■ ■
.
❑ အင်္ဂလန်နိုင်ငံရဲ့ မြို့တော်လဲဖြစ် စီးပွားရေးဆိုင်ရာဖွံဖြိုးတိုးတက်မှုအရှိဆုံးဖြစ်တဲ့ Londonမြို့ဟာဆိုရင် QS Best Student Cities 2018အရ နိုင်ငံတကာကျောင်းသား၊ကျောင်းသူတွေအတွက် စာသင်ကြားဖို့အကောင်းဆုံးမြို့အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ Londonမြို့မှာတက်ရောက်ကြတဲ့ ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ ကျန်မြို့တွေထက်စာရင် Work Placementsတွေ Internshipsတွေကို အများဆုံးလက်ခံရရှိကြပါတယ်။ အင်္ဂလန်ရဲ့ မြို့တော် Londonမှာရွေးချယ်စရာတက္ကသိုလ်အများကြီးရှိတဲ့အထဲကမှ HND Top-Up Degreeသင်ကြားလိုသူမြန်မာကျောင်းသား၊ကျောင်းသူတွေအတွက် Middlesex Universityက ကုန်ကျစရိတ်သင့်တင့်ပြီး နိုင်ငံတကာ Exposure ကောင်းတွေရရှိစေမှာဖြစ်ပါတယ်။
.
❑ အင်္ဂလန်မှာ Teaching Excellence Framework မှာ Silver Awardပထမဆုံးရရှိထားတဲ့Middlesex Universityဟာဆိုရင် Business, Computer Science, Engineering, Psychologyစတဲ့ ဘာသာရပ်သင်ကြားပို့ချမှုတွေနဲ့အတူ နာမည်ကျော်ကြားသလို HND ကျောင်းသားကျောင်းသူတွေအတွက် BA Financial Services (Top-Up) , BA International Business Administration (Top-Up) , BSc IT and Business Information Systems (Top-Up) ပရိုဂရမ်တွေကို ရွေးချယ်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။�.
.
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
6)Cardiff Metropolitan University
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
.
❑ တက္ကသိုလ်သက်တမ်း(၁၅၅)နှစ်ကျော်ရှိပြီး Research အသားပေးယူကေတက္ကသိုလ်တစ်ခုဖြစ်တဲ့ Cardiff Metropolitan Universityမှာ Llandaff Campus, Cyncoed Campus စုစုပေါင်း Campus(၂)ခုရှိပြီး ရွေးချယ်တဲ့ Campusအပေါ်မူတည်ပြီး ဘွဲ့ကြို၊ဘွဲ့လွန်ပရိုဂရမ်တွေ သင်ကြားကြရမှာဖြစ်ပါတယ်။ Cardiff School of Art & Design, Cardiff School of Management, Cardiff School of Sport & Health Sciences (Llandaff), Cardiff School of Technologies, Cardiff School of Education and Social Policy, Cardiff School of Sport & Health Sciences (Cyncoed) စုစုပေါင်း Faculty (၆)ခုနဲ့ ဖွဲ့စည်းထားပြီး နှစ်စဉ် နိုင်ငံပေါင်း (၁၄၃)နိုင်ငံမှ ကျောင်းသား၊ကျောင်းသူပေါင်း (၁၁,ဝဝဝ)ကျော်လာရောက်သင်ကြားလျက်ရှိပါတယ်။
.
❑ Cardiff Metropolitan Universityအနေနဲ့ ကျောင်းစာသီးသန့်သင်ကြားပေးတာမျိုးမဟုတ်ဘဲ အလုပ်အကိုင်ကောင်းရရှိဖို့အတွက်ကိုပါအလေးထားသင်ကြားပေးတဲ့အတွက်ကျောင်းအပြီး(၆)လအတွင်းအလုပ်အကိုင်ရရှိမှုနှုန်း (၉၅%)ရှိထားတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ မြန်မာ HND ကျောင်းသား၊ကျောင်းသူတွေအတွက် International Banking and Finance,Global Business Management (Top-Up) Degreeတွေကို သင်ကြားနိုင်မှာဖြစ်သလို South East Asia Scholarship (၅ဝ%)ပညာသင်ဆုလျှောက်ထားနိုင်မှာဖြစ်ပါတယ်။
.
❑ HNDလက်မှတ်ကိုင်ဆောင်ထားတဲ့ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ University of West of England (UWE Bristol), Nottingham Trent University (NTU), University of Hertfordshire (UOH), University of Portsmouth, Middlesex University, Cardiff Metropolitan Universityတက္ကသိုလ်တွေရဲ့ intakesအလိုက် ကျောင်းဝင်ခွင့်တွေအပြင် ပညာသင်ဆုအခွင့်အလမ်းတွေကိုGlobal Education Fair 2020ပွဲအတွင်း စုံစမ်းလျှောက်ထားနိုင်ရန်ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်လိုက်ပါတယ်။
.
စာရင်းပေးသွင်းရန်နှင့် အသေးစိတ်စုံစမ်းရန်”
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
ပညာရေးပြပွဲနှင့် ဆွေးနွေးပွဲကို အခမဲ့တက်ရောက်ရန်၊
အောက်ပါလင့်ခ်မှတဆင့် Form ဖြည့်ကာ တက်ရောက်နိုင်ပါသည်။
.

http://bit.ly/GLOBAL2020

.
ဖေဖော်ဝါရီလ(၂၂)ရက်နေ့ ရန်ကုန်မြို့အတွက် စာရင်းပေးသွင်းရန် ✆ 09-977-977-200 / 09-445-566-701
.
ဖေဖော်ဝါရီလ(၂၃)ရက်နေ့ မန္တလေးမြို့အတွက် စာရင်းပေးသွင်းရန် ✆ 09-975-700-800 / 09-975-800-800