International Education Expo 2019

သင့်တင့်မျှတသည့်စာသင်စရိတ်နှင့်အတူ ကျောင်းအပြီး တရားဝင်နေထိုင်အလုပ်လုပ်ကိုင်နိုင်ခွင့်များရှိခြင်း တို့ကြောင့် ယခုနှစ်များအတွင်း ကနေဒါနိုင်ငံပညာရေးကို ရွေးချယ်မှုနှုန်း သိသိသာသာပိုမိုမြင့်တက်လာပါတယ်။ ကနေဒါနိုင်ငံတွင် ကျောင်းတက်နေသည့်အတွင်း အချိန်ပိုင်းအလုပ်လုပ်ခွင့်တွေအပြင် internship programများထက်သာလွန်ပြီး Co-Op အဖြစ်လူသိများကြသည့် Cooperative Education၏ ကျောင်းစာသင်ကြားမှုနှင့်လက်တွေ့ပေါင်းစပ်ပြီး လုပ်ငန်းခွင်တွင်း ဝင်ရောက်လုပ်ကိုင်နိုင်သည့် အချက်ကလည်း နိုင်ငံတကာ ကျောင်းသား လူငယ်တွေအတွက် ကြီးမားသည့် အခွင့်အလမ်းတစ်ရပ် ဖြစ်လာနေပါတယ်။

ကနေဒါနိုင်ငံတွင် ပညာသင်ကြားပြီး အလုပ်အကိုင်အခွင့်အလမ်းစဉ်းစားလိုသည့် မြန်မာလူငယ်များအတွက် ၁၉၉၄ခုနှစ်မှစတင်ကာ သြစတြေးလျ၊အမေရိကန်၊ကနေဒါ၊ယူကေ၊စင်္ကာပူ၊နယူးဇီလန်အစရှိသည့် နိုင်ငံအသီးသီးမှထိပ်တန်းတက္ကသိုလ်များတွင် အခက်အခဲမရှိ လွယ်လင့်တကူသင်ကြားနိုင်ရန် အပြည့်အဝကူညီဆောင်ရွက်ပေးနေသည့် Navitas Education Groupဖြင့် မိတ်ဆက်ပေးလိုပါတယ်။ Navitas Education Groupအနေဖြင့် မတူညီသည့် ပညာရေးလမ်းကြောင်းများမှတစ်ဆင့် တက္ကသိုလ်တက်ရောက်ကြသည့်အခါ နိုင်ငံတကာကျောင်းသား၊ကျောင်းသူများအကြားတွေ့ကြုံရလေ့ရှိသည့် ဘာသာရပ်ဆိုင်ရာသင်ကြားမှုအခက်အခဲများနှင့် အင်္ဂလိပ်စာလိုအပ်ချက်များမဖြစ်စေရန်အတွက် အကောင်းဆုံးကူညီပြင်ဆင်ပေးနေပါတယ်။

ကနေဒါနိုင်ငံ၏သက်တမ်းအရင့်ဆုံးတက္ကသိုလ်ဖြစ်သည့် University of Manitobaကို ၁၈၇၇ခုနှစ်တွင် တည်ထောင်ခဲ့ပြီး သုတေသနစစ်တမ်းများစွာ ပြုစုလျက်ရှိပါတယ်။ အဆိုပါ University of Manitoba တက္ကသိုလ်၏ တိုက်ရိုက်ဝင်ခွင့်မရသည့်ကျောင်းသားကျောင်းသူများအတွက် International College of Manitoba (ICM)နှင့် Navitas Education Canadaတို့မှ ပူးပေါင်းကာ UTP Stage I တွင် Business, Engineering, Science, Arts အစရှိသည့် ဘာသာရပ်များကို အကောင်းဆုံး ပြင်ဆင်သင်ကြားပေးလျက် ရှိပါသည်။ University of Manitobaတွင် မိမိတို့ရွေးချယ်သင်ကြားသည့် ဘာသာရပ်အလိုက် တစ်နှစ်ပျမ်းမျှစာသင်စရိတ်မှာ ကနေဒါဒေါ်လာ ၁၆၀၀၀ ဝန်းကျင်ခန့်ရှိပါတယ်။

၁၉၆၂ခုနှစ်မှစတင်တည်ထောင်ခဲ့သည့် Simon Fraser Universityအနေဖြင့် ကနေဒါတက္ကသိုလ်များအကြား NCAAအဖွဲ့၏ အသိအမှတ်ပြုခြင်းရရှိတဲ့ ပထမဆုံးတက္ကသိုလ်ဖြစ်ပြီး Science and Engineering ဘာသာရပ် နှင့် Social Science and Humanitiesဘာသာရပ်များကတော့ နိုင်ငံတကာ ကျောင်းသားများ အကြား ရေပန်းစားလျက်ရှိပါတယ်။ နေထိုင်စရိတ်အနေနဲ့ စာသင်စရိတ်ပိုင်းဆိုင်ရာ နှိုင်းယှဉ်ရာတွင်လည်း မြန်မာကျောင်းသား ကျောင်းသူများအတွက် အတော်လေး သင့်တင့်မျှတမှုရှိသည့်အပြင် နိုင်ငံတကာ တက္ကသိုလ်ကျောင်းသားဘဝကို အပြည့်အ၀ ခံစားမိစေမှာလည်းဖြစ်ပါသည်။

Burnaby, Surrey, Vancouver စသည့်မြို့များတွင် Campusအသီးသီးရှိပြီး နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများအနေဖြင့် Arts & Social Sciences, Computing Science, Communication, Art, & Technology, Business, Engineering Science, Environment, Health Sciences, Pre-MBA Program စတဲ့ဘာသာရပ်ပေါင်း ၆၀ကျော်ကို သင်ကြားနိုင်မှာဖြစ်ပါတယ်။ မိမိတို့ရွေးချယ်သင်ကြားလိုသည့်ဘာသာရပ် အလိုက် တစ်နှစ်ပျမ်းမျှ စာသင်စရိတ်မှာ ကနေဒါဒေါ်လာ ၁၅၀၀၀ မှ ၂၇၀၀၀ ဝန်းကျင်ခန့်အထိရှိပြီး နေထိုင်စရိတ်အနေဖြင့် တစ်နှစ်လျှင် ကနေဒါဒေါ်လာ ၁၂၀၀၀ ဝန်းကျင်ခန့်ကျသင့်မှာဖြစ်ပါတယ်။

Navitas Education Canadaအနေဖြင့် အဆိုပါUniversity of Manitobaနှင့် Simon Fraser University တက္ကသိုလ်ကြီးများ၏ တိုက်ရိုက်ဝင်ခွင့်မရရှိသည့်ကျောင်းသား၊ကျောင်းသူများအတွက် UTP Stage I ကို အကောင်းဆုံးပြင်ဆင်သင်ကြားပေးနေပြီး UTP Stage I ပြီးဆုံးအောင်မြင်ထားသူများအနေဖြင့် University of Manitoba နှင့် Simon Fraser Universityများရှိ UTP Stage II ကို ဆက်လက်သင်ကြားခွင့်ရရှိမှာလည်းဖြစ်ပါတယ်။