International Education Expo 2019

Webster University ကို ၁၉၁၅ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုရှိ စိန့်လူးဝစ်၊ မစ်ဆူရီပြည်နယ်တွင် စတင်တည်ထောင်ခဲ့ပြီး အာရှနိုင်ငံအသီးသီးမှ ကျောင်းသား ကျောင်းသူများအတွက် ထိုင်းနိုင်ငံ Hua-Hin တွင် ၁၉၉၉ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ စီးပွားရေးနှင့်ဆက်စပ်သော ဒီဂရီဘွဲ.နှင့် မာစတာဘွဲများကို သင်ကြား ပို.ချပေးလျက်ရှိပြီး Webster Universityကို ယခုအခါတွင် ဥရောပ၊ အာရှ၊ အာဖရိကတို့တွင်ပါ ကျောင်းများတိုးချဲ့ဖွင့်လှစ်ထားပြီး Bangkok Academic Center တစ်ခုကိုလည်း ထပ်မံဖွင့်လှစ်ထားလျက် ရှိပါတယ်။ Accreditation Council for Business Schools and Programs (ACBSP)မှ အသိအမှတ်ပြု လက်မှတ်ရရှိထားသော တက္ကသိုလ်ကြီးတစ်ခုဖြစ်ပါတယ်။

Webster University တွင် MBA Programme အပြင် Business, IT, Marketing Psychology, Human Resources Management, Media Communication, International Relation, Criminal Justice, Cyber Security, Early Childhood Education, International Nongovernmental Organizations စသည့် စိတ်ဝင်စားဖွယ် ဘာသာရပ်များကို လေ့လာနိုင်မှာဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ iGCSEပြီးဆုံးထားသူများမှ စတင်လျှောက်ထားနိုင်ပါတယ်။

Webster University Thailand မှာ သင်ယူလေ့လာနိုင်မည့် ဘာသာရပ်များ၊ လျှောက်ထားနိုင်မည့် ၅၀%ပညာသင်ဆုများအပြင် ကျောင်းဝင်ခွင့်နှင့်ပတ်သက်ပြီး ပြင်ဆင်ထားသင့်သည့် အချက်အလက်များအပါအဝင် မတ်လ ၃၀ရက်နေ့ Novotel Hotel Pyay Roomတွင် ကျင်းပပြုလုပ်မည့် GLOBAL EDUCATION FAIR 2019အတွင်း IELTS ပညာသင်ဆုများ၊ USA ၊ UK ၊ Australia ၊ Switzerland ၊ Canada Japan ၊ Singapore ၊ Thailand ကျောင်းများမှ ပညာသင်ဆုများပါ လျှောက်ထားနိုင်သည့်ပွဲကြီးဖြစ်ပါသဖြင့် အောက်ပါအစီအစဉ်အတိုင်း လာရောက်လေ့လာနိုင်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါတယ်။

❑ နေ့ရက် – မတ်လ (၃၀) ၊ စနေနေ့။
❑ အချိန် – နံနက် (၉)နာရီမှ (၁၂)နာရီ
❑ နေရာ – Novotel Hotel (Pyay Room)

“ Global Education Exhibition 2019 ပွဲအတွက်
စာရင်းပေးသွင်းရန်နှင့် အသေးစိတ်စုံစမ်းရန်”
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
ပညာရေးပြပွဲနှင့် ဆွေးနွေးပွဲကို အခမဲ့တက်ရောက်ရန်၊ အောက်ပါလင့်ခ်မှတဆင့် Form ဖြည့်ကာ တက်ရောက်နိုင်ပါသည်။ https://goo.gl/D7aTsh