News

❑ COVID-19 ဟာတကမ္ဘာလုံးရဲ့ပညာရေးစနစ်အပေါ်သက်ရောက်မှုရှိပါလိမ့်မယ်။ ဘယ်နေရာ ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် ကိုယ့်ကလေးတွေဟာ ပညာရေးနဲ့အဆက်မပြတ်ရှိနေနိုင်စေဖို့ သူတို့လေ့လာသင်ယူမှုပုံစံကိုလဲပြောင်းပေးဖို့လိုအပ်လာပါပြီ။
.
❑ ကလေးတွေအတွေနဲ့ သာမာန်စာသင်ခန်းမတွေမှာလေ့လာသင်ယူမှုတွေအပြင် virtual classroom တွေ online classroom တွေမှာလေ့လာသင်ယူနိုင်ဖို့လိုအပ်လာတော့မှာဖြစ်ပါတယ်။
.
❑ အခုလိုကျောင်းတွေပိတ်ထားချိန်မှာ၊ နိုင်ငံတကာမှာတော့သူတို့ကျောင်းသူကျောင်းသားတွေကို Virtual Classroom တွေကနေတဆင့်ဆက်လက်ထိတွေ့သင်ကြားပေးနေကြဆဲဖြစ်ပါတယ်။ အခြေအနေတွေပြန်ကောင်းလာပြီးသည့်တိုင် Virtual Classroom/Online Learning စနစ်တွေကို နိုင်ငံတကာမှာဆက်ပြီးသုံးသွားကြမှာဖြစ်လို့ မြန်မာနိုင်ငံကကလေးတွေ အနေနဲ့ဒီစနစ်တွေ ကို ဘယ်လိုအသုံးချရမယ်ဆိုတာသိထားဖို့နဲ့လေ့ကျင့်ထားဖို့လိုအပ်ပါတယ်။
.
❑ Online Learning ဆိုလိုက်တာနဲ့ အင်တာနက်ပေါ် Youtube ပေါ်တို့မှဦဒီအတိုင်း ရှာဖွေကြည့်ရှုနိုင်ရုံသက်သက်ကိုပြောတာမဟုတ်ပါဘူး။ ကိုယ့်အသက်အရွယ်နဲ့လိုက်ဖက်မယ့်သင်ခန်းစာတွေရှာဖွေတာ၊ Learning outcome ကိုတိုင်းတာနိုင်တာ၊ လေ့လာသင်ကြားမှုနဲ့ပတ်သက်ပြီးတိုးတက်မှုကိုတိုင်းတာတာ၊ စတာတဲ့အချက်တွေတွေနဲ့စနစ်တကျလေ့လာဖို့လိုအပ်ပါတယ်။
.
❑ အထက်ကအချက်တွေကိုဖြည့်ဆီးပေးနိုင်ဖို့ CROWN Education နဲ့ Royal Academic Institute တို့မှ Digital Learning Platform ကို လွန်ခဲ့တဲ့ တစ်နှစ်မှစတင်တည်ဆောက်ခဲ့ပြီးအသုံးပြခဲ့က ယခုအခါ လိုအပ်ချက်တွေနဲ့အညီ မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းများလေ့လာသင်ကြားနိုင်ကြပြီဖြစ်ပါတယ်။
.
◉ “RAI’s English, Business and Technology (EBT)
Online Programဆိုတာ ဘယ်လိုပရိုဂရမ်လဲ…”
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
.

❑ Royal Academic Institute က သင်ကြားပို့ချပေးမယ့် EBT Online Program ဆိုတာ COVID-19 ကာလမှာ ကျန်းမာပြီး အန္တရာယ်ကင်းအောင်အိမ်မှာနေထိုင်ရင်း ကျောင်းသူကျောင်းသားတွေပညာရေးနဲ့ဝေးကွာမသွားရအောင် နောက်ဆုံးပေါ်သင်ခန်းစာတွေ၊ လေ့လာသင်ကြားရေးစနစ်တွေကို ဖုန်းတစ်လုံးရှိရုံနဲ့ မိမိတို့နေအိမ်ကတစ်ဆင့် လေ့လာသင်ယူနိုင်မယ့်အစီအစဉ်ပဲဖြစ်ပါတယ်။
.
ဘယ်သူတွေတက်ရောက်သင့်လဲ…
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
.
❑ အသက် (၁၅)နှစ် ကနေ အသက် (၂၀)ကြား၊ ဆယ်တန်းဖြေပြီးစကလေးတွေ၊ မြန်မာအစိုးရကျောင်းတက်နေတဲ့ကျောင်းသား/သူတွေ လေ့လာသင့်ယူသင့်ပါတယ်။
.
◉ RAI’s EBT Online Program မှာ
ဘာတွေသင်ယူရမှာလဲ…
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
.
❑ Academic English(4 skills) , Introduction to Business, Introduction to Computer Science, Introduction to Psychology, Independent Study Skills, Social and Emotional Learning, Social Science စတဲ့ဘာသာရပ်တွေကို ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ဆရာ၊ဆရာမ/ Native English Teacher တွေက စနစ်တကျသင်ကြားပေးသွားမှာဖြစ်ပါတယ်။
.
❑ ကလေးတွေအနေနဲ့အဆင့်မြင့်ပညာရေးမှာ သိသင့်သိထိုက်တဲ့ ဘာသာရပ်ဆိုင်ရာအကြောင်းတွေ၊ ကိုယ့်အားနည်းချက်အားသာချက်၊ ဘဝမှာအသက်မွေးဝမ်းကြောင်းရွေးချယ်ခြင်းဆိုင်ရာ အသိပညာဗဟုသုတတွေကို ယခုလက်ရှိနိုင်ငံတကာတက္ကသိုလ်တွေမှာသင်ကြားပေးနေတဲ့ နည်းစနစ်များအတိုင်းသင်ကြားခွင့်ရမှာဖြစ်ပါတယ်။
.
◉ RAI’s EBT Online Programက
ဘာတွေ အကျိုးရှိနိုင်မလဲ…
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
.
❑ ကျောင်းတွေပြန်ဖွင့်လို့ တက္ကသိုလ်ရွေးချယ်မယ်ဆိုရင် ကိုယ်နဲ့လိုက်ဖက်တဲ့ဘာသာရပ်တွေကို ရွေးချယ်တတ်လာမယ်။ အင်္ဂလိပ်စာအခြေခံတွေပိုကောင်းလာမယ်။ သင်ခန်းစာတွေထဲမှာ ဥပမာ။ Psychology၊ Social Scienceလိုဘာသာရပ်မျိုးတွေပါတော့၊ ကလေးတွေအနေနဲ့ နိုင်ငံတကာနဲ့ ကမ္ဘာ့ရေးရာ ဗဟုသုတတွေရရှိလာမယ်။ ဒါတင်မကသေးဘဲ online learning သင်ယူနိုင်တဲ့ ကလေးတွေဟာ ဘဝမှာအရေးကြီးဆုံးဖြစ်တဲ့ Self-discipline and responsibility skill နဲ့ Time Management skill တွေမှာပါ တိုးတက်ကောင်းမွန်လာနိုင်မှာဖြစ်ပါတယ်။
.
◉ RAI’s EBT Online Programအနေနဲ့
အချိန်ဘယ်လောက်ကြာမလဲ၊
ဘယ်လောက်ကုန်ကျမလဲ…
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
.
❑ ရက်သတ္တပါတ်အနေနဲ့ (၆ပတ်)သာ ကြာမြင့်မယ့် RAI’s EBT Online Programဟာဆိုရင် အပါတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့ (တစ်နေ့ကို လေ့ကျင့်သင်ကြားချိန် ၁နာရီခွဲ)တက်ရောက်ရမှာဖြစ်ပြီး အွန်လိုင်းကနေ Face-to-Faceသင်ကြားမှုပုံစံနဲ့ လေ့လာခွင့်ရမှာဖြစ်ပါတယ်။ Face-to-Faceစာသင်ကြားမှုအတွက် စုစုပေါင်း (၄၅)နာရီကြာမြင့်မှာဖြစ်ပြီး independent study and assignmentအတွက် မိမိတို့ကိုယ်တိုင် နာရီ(၂ဝ)စာလေ့ကျင့်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ စုစုပေါင်း (၆၅)နာရီကြာသင်ကြားရမယ့် RAI’s EBT Online Program တစ်ခုလုံးအတွက် ပညာသင်စရိတ် ၈၅,ဝဝဝကျပ် သာကျသင့်မှာဖြစ်ပြီး လတ်တလောမှာ Covid-19ကြောင့် စီးပွားရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှုရှိတဲ့ မိဘတွေရဲ့ ကလေးတွေအတွက် ၁ဝဝ% ပညာသင်ဆုလျှောက်ထားနိုင်ဖို့လည်းစီစဉ်ပေးထားပါတယ်။
.
❑ RAI’s EBT Online Programဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို CROWN Education/ RAI Digital Learning Institute ၏ Messenger(သို့) +95(9) 977-977-200, 450-200-080သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ကြောင်းသတင်းကောင်းပါးလိုက်ပါတယ်။

For more info please visit: https://royal-academic.org/rai-ebt-online-prgram/