News

[ဖတ်ရန်ကြာမြင့်ချိန် : ၁ မိနစ်]
.
❑ Single major ဆိုတာက မိမိအထူးပြုသင်ကြားလိုတဲ့ ဘာသာရပ်တစ်ခုတည်းကိုပဲသီးသန့်သင်ကြားရတာဖြစ်ပြီး ၊ Double majorဆိုတာကတော့ အဓိကကိုယ်သင်ယူလိုတဲ့ အထူးပြုဘာသာရပ်နှစ်ခုကို single major မှာ သတ်မှတ်ထားတဲ့အချိန်ကာလနဲ့ award (ဘွဲ့) အတိုင်း အတူတူသင်ကြားခွင့်ရတာဖြစ်ပါတယ်။
.
❑ ဥပမာအားဖြင့် ကိုယ်က Bachelor of Artဘာသာရပ်ကို single major အဖြစ်ယူထားတဲ့ကျောင်းသားတစ်ယောက်ဆိုပါစို့… ဒါဆိုရင်အဲဒီကျောင်းသားအနေနဲ့ဘွဲ့ရဖို့အတွက် 24 units(8 Core Art Units, 8 units relating to majors and 8 units of electives) ကို သင်ယူရမှာဖြစ်ပြီး ကြာမြင့်ချိန်အနေနဲ့ (၃)နှစ်ကျော်ခန့်အချိန်ပြည့် တက်ရောက်ရဖို့များပါတယ်။ Double Major ယူမဲ့ ကျောင်းသား/သူတွေကတော့ electives subjects units နေရာမှာ ဒုတိယဦးစားပေး ကိုယ်အထူးပြုသင်ကြားလိုတဲ့ major ရဲ့ core module units တွေကိုအစားထိုးသင်ယူရမှာဖြစ်ပါတယ်။
.
❑ များသောအားဖြင့် Double majorတွေကို ယူအက်စ်၊ကနေဒါ၊သြစတြေးလျ၊စင်္ကာပူ၊ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာ သင်ကြားနိုင်တာမှန်ပေမယ့် အထူးပြုဘာသာရပ်တိုင်းအတွက် သင်ကြားခွင့်မရနိုင်တာကိုတော့ သတိချပ်စေချင်ပါတယ်။