News

Registration: bit.ly/crownfair
❑ အထက်တန်းစာမေးပွဲတွေဖြေပြီးကတည်းက ခုလို (၂)လကျော် (၃)လအတွင်းဘယ်မှမသွားရဘဲ Stay Home ကာလကိုဖြတ်သန်းနေရတော့ ကျောင်းသား/သူတွေလည်း ပညာရေးပွဲတွေနဲ့အလှမ်းဝေးနေကြလောက်ရောပေါ့။
.
❑ ဒါကြောင့် မြန်မာကျောင်းသား/သူတွေ၊ သားသမီးတွေအတွက် နိုင်ငံတကာပညာရေးလမ်းကြောင်းတွေကို စုံစမ်းသိရှိလိုတဲ့ မြန်မာနိုင်ငံအရပ်ရပ်က မိဘ/အုပ်ထိန်းသူတွေအတွက် အိမ်မှာနေပြီး နိုင်ငံတကာမှာ နောက်ဆုံးရပညာရေးသတင်းအချက်အလက်တွေ၊ ပညာသင်ဆုတွေအကြောင်း တိတိကျကျသိရှိနိုင်ဖို့ CROWN Online Education Fair 2020 ပွဲကို စီစဉ်ပေးထားတာကြောင့် အခမဲ့တက်ရောက်လေ့လာနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
.
❑ အရင်ကဆို ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာပဲ ဒီလိုပွဲပညာရေးပွဲကြီးတွေလုပ်ဖြစ်တော့ တခြားမြို့ရွာတွေက ကျောင်းသား/သူတွေ၊ မိဘ/အုပ်ထိန်းသူတွေအနေနဲ့ ပွဲတက်ရောက်ဖို့ အဆင်မပြေတာတွေရှိခဲ့ပါတယ်။ အခုတော့ CROWN Online Education Fair ဆိုတဲ့အတိုင်း ဖုန်းကအင်တာနက်လေးဖွင့်ပြီး ကိုယ်စိတ်ဝင်စားတဲ့ နိုင်ငံတကာတက္ကသိုလ်တွေအကြောင်းကို အိမ်ကနေ အလွယ်တကူလေ့လာနိုင်ပါပြီနော်။
.
❑ ဒီအွန်လိုင်းပညာရေးပွဲကနေ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ…
CROWN Online Edcation Fair2020ပွဲမှာဆိုရင် ပညာသင်ယူဖို့ အကောင်းဆုံးနိုင်ငံတွေ ဖြစ်တဲ့ စင်္ကာပူ၊ ထိုင်း၊ ဆွစ်ဇာလန်၊ ဩစတြေးလျ၊ ကနေဒါ၊ ယူကေ၊ ယူအက်စ်အေ အစရှိတဲ့နိုင်ငံတွေက နာမည်ကြီးတက္ကသိုလ်ပေါင်းစုံကနေ သက်ဆိုင်ရာကျောင်းကိုယ်စားလှယ်တွေကို တွေ့ရှိနိုင်မှာဖြစ်ပြီး သက်ဆိုင်ရာကျောင်းတွေရဲ့ ဝင်ခွင့်ဆိုင်ရာလိုအပ်ချက်တွေနဲ့ပညာသင်ဆုအကြောင်းတွေကို Online ကနေ ကိုယ်တိုင်တိုက်ရိုက်မေးမြန်းနိုင်မှာဖြစ်ပါတယ်။
.
❑ ဒါတင်မကသေးဘဲ CROWN Online Education Fair 2020 ပွဲကိုတက်ရောက်သူတွေအတွက် အထူးအခွင့်အရေးတွေစီစဉ်ထားရှိပေးထားပါတယ်။ ဒါကတော့ ပွဲရောက်မှသာ သိမှာ ဖြစ်တဲ့အတွက် ဇွန်လ(၆)၊(၇)ရက်နေ့တွေမှာကျင်းပမယ့် Online ပညာရေးပွဲကို လက်လွတ်မခံဖို့လိုပါတယ်နော်…
.
❑ နောက်ထပ်အခွင့်အရေးတစ်ခုကတော့ မိဘတွေရော ကျောင်းသူ၊ကျောင်းသားတွေအတွက် လိုအပ်တဲ့ပညာရေးဆိုင်ရာအကြံပေးဆွေးနွေးမှုတွေကို CROWN Educationရဲ့ Professional Counselors တွေနဲ့ အခမဲ့ ဆွေးနွေးခွင့်ရမယ့် အခွင့်အရေးဖြစ်တာကြောင့် အခုဖော်ပြထားတဲ့ Linkမှာ registerလုပ်ကြရအောင်ပါ…
.
❒ ပါဝင်ပြသမည့်တက္ကသိုလ်များစာရင်းကိုကြည့်ရှုရန်၊ ပညာရေးပြပွဲနှင့် ဆွေးနွေးပွဲကို အခမဲ့တက်ရောက်ရန်၊ အောက်ပါလင့်ခ်မှတဆင့် Form ဖြည့်ကာ တက်ရောက်နိုင်ပါသည်။
.
Registration: bit.ly/crownfair
Learn more about CROWN Online Education Fair 2020 > https://crown-education.org/crownfair2020/