News

[ဖတ်ရန်ကြာမြင့်ချိန် : ၃ မိနစ်]
.
❑ မြန်မာကျောင်းသား၊ကျောင်းသူတွေရဲ့ပညာရေးနဲ့ပတ်သတ်ပြီး မိဘတွေရဲ့လမ်းညွှန်မှုအထောက်အပံ့က ရာခိုင်နှုန်းတော်တော်များများအရေးပါတာကို တွေ့မြင်နိုင်ပါတယ်။
.
❑ သားသမီးတွေရဲ့ ပညာရေးအတွက်အထောက်အပံ့လို့ပြောတဲ့နေရာမှာ မိဘတွေအနေနဲ့ ငွေရေးကြေးရေးပံ့ပိုးမှုအပိုင်းတစ်ခုတည်းကိုသာ အရေးကြီးတယ်လို့မထင်စေချင်ပါဘူး။ သားသမီးတွေနဲ့ ပတ်သက်ပြီး မြန်မာမိဘအများစုဟာဆိုရင် ကျောင်းနေအရွယ်ကတည်းက ကျောင်းပညာရေး၊ပေါင်းသင်းဆက်ဆံရေး၊အားကစားစတဲ့အရာတွေမှာ ကိုယ်တိုင်ကိုယ်ကျအင်တိုက်အားတိုက် ပံ့ပိုးပေးတတ်ပါတယ်။
.
❑ ဒါကြောင့်မြန်မာအစိုးရကျောင်းကပြီးလာတဲ့ လူငယ်တွေမှာ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းတာ၊ ကိုယ်အမှန်တကယ်ဝါသနာပါတာကို မထုတ်ဖော်နိုင်တာ၊ ဘာသာရပ်ရွေးချယ်မှုအားနည်းတာ၊ ကိုယ်တိုင်ဆုံးဖြတ်ချက်မှန်ကန်စွာချဖို့ တွန့်ဆုတ်တာ၊ အချိန်ကို ကောင်းမွန်စွာစီမံခန့်ခွဲမှုနဲ့ ပြဿနာရပ်တစ်ခုတွေ့ကြုံလာရင် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းနိုင်မှုအားနည်းတာစတဲ့စတဲ့ အခက်အခဲတွေကို ဆယ်ကျော်သက်အရွယ်ကစလို့ အနည်းနဲ့အများဆိုသလို ရင်ဆိုင်လာရပါတယ်။
.
❑ ပြည်တွင်း(သို့) နိုင်ငံတကာမှာ အဆင့်မြင့်ပညာရေးသင်ယူတဲ့အခါ ပြည်တွင်းမှာ အများကြီးမသိသာပေမဲ့ နိုင်ငံတကာမှာပညာသင်ကြားမယ်ဆိုရင် အကြီးမားဆုံး စိန်ခေါ်မှုကတော့ စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေကိုစတင်ရင်ဆိုင်ကြရတာပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ကျောင်းသားတွေအနေနဲ့ မတူညီတဲ့ဒေသနဲ့လူနေမှုပုံစံ၊ယဉ်ကျေးမှု၊ရာသီဥတု၊ပေါင်းသင်းဆက်ဆံရေး၊အစားအသောက်စတာတွေကို လိုက်လျောညီထွေဖြစ်အောင်ကြိုးစားနေထိုင်ရတာတစ်ကြောင်း… မတူညီတဲ့ပညာရေးစနစ်မှာ အံဝင်ခွင်ကျဖြစ်အောင် အားထုတ်ကြိုးစားရတဲ့အတွက် စိုးရိမ်စိတ်များလွန်းပြီး စွမ်းဆောင်ရည်ကျဆင်းလာတာ၊အိမ်လွမ်းတာမျိုးတွေ တွေ့ကြုံရတတ်ပါတယ်။
.
❑ ဒီအတွက်မိဘတွေအနေနဲ့ မိမိတို့သားသမီးပညာရေးနဲ့ပတ်သက်ပြီး ပူပင်ကြောင့်ကြမှုတွေကိုအတတ်နိုင်ဆုံး လျော့ချပေးပြီး အဆင်ပြေချောမွေ့စွာစာသင်ကြားနိုင်ရန်အတွက် ငွေရေးကြေးရေးထောက်ပံ့မှုသာမက စိတ်ခွန်အားပေးခြင်းက သားသမီးတွေအပေါ် ကြီးမားတဲ့Motivationတစ်ခုဖြစ်စေတယ်ဆိုတာကို မိဘနဲ့ သားသမီးတိုင်းသိရှိနိုင်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်။