News


.
❑ COVID-19သက်ရောက်မှုကြောင့် နိုင်ငံတကာက တက္ကသိုလ်/ကောလိပ်အများစုမှာအွန်လိုင်းကနေ Face-to-Face သင်ကြားပေးတဲ့ပုံစံတွေအဖြစ် စတင်ပြောင်းလဲလာကြပါပြီ… လောလောဆယ်ကမ္ဘာတစ်ဝှမ်းဖြစ်ပေါ်နေသော COVID-19 ကြောင့်နိုင်ငံတကာတွင်ပညာသင်ရန်ကိစ္စများကို Jun, July လောက်မှသာ အစောဆုံးထားပြန်လည်စဉ်းစားကြစေလိုပါတယ်။
.
❑ မြန်မာနိုင်ငံမှာလည်း COVID-19ရန်ကကာကွယ်နိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေလူစုလူဝေးပွဲလမ်းသဘင်တွေ၊အခမ်းအနားတွေကို ယာယီရပ်နားဖို့ ညွှန်ကြားချက်ထုတ်ပြန်ထားပြီးဖြစ်သလို…သင်တန်းကျောင်းတွေအနေနဲ့လည်း သင်ကြားမှုတွေကိုရွှေ့ဆိုင်းဖို့ စတင်စီစဉ်လာကြပြီပဲဖြစ်ပါတယ်။
.
❑ ဒီအတွက် ကျွန်တော်တို့ CROWN Educationအနေနဲ့လည်း လူ(၂၅)ဦးထက်ပိုတဲ့ပညာရေးဆိုင်ရာဆွေးနွေးပွဲတွေကို ၂ဝ၂ဝခုနှစ်၊ ဧပြီလကုန်အထိရွှေ့ဆိုင်းထားဖို့
ဆုံးဖြတ်ခဲ့ပါတယ်။
.
❑ လတ်တလောအခြေအနေအရပ်ရပ်ကြောင့် မြန်မာကျောင်းသား/သူတွေ၊ မိဘတွေအတွက် ပြည်တွင်းပြည်ပမှာ ဆက်လက်သင်ကြားနိုင်မယ့် နောက်ဆုံးရပညာရေးသတင်းအချက်အလက်တွေကို စဉ်ဆက်မပြတ်သိရှိနိုင်အောင် CROWN Educationရဲ့ Edu Talk Group https://www.facebook.com/groups/edutalk.crownedu/ ကတစ်ဆင့် ပုံမှန်တင်ဆက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
.
❑ ဒါ့အပြင် ကျောင်းသား၊ကျောင်းသူတွေ ပြန်လည်သွားရောက်သင်ကြားနိုင်မယ့် နိုင်ငံတကာတက္ကသိုလ်ကျောင်းဝင်ခွင့်တွေ၊ ဘယ်နိုင်ငံတွေမှာ ဘယ်လိုဘာသာရပ်တွေကိုသင်ယူသင့်တယ်ဆိုတာ ဆုံးဖြတ်ရွေးချယ်နိုင်ရန်၊ နိုင်ငံတကာမှာ ပညာသင်ယူဖို့ ဘဏ္ဍရေးဆိုင်ရာလိုအပ်ချက်တွေ၊ နိုင်ငံတကာပညာသင်ဆုတွေကို အခုချိန်ကတည်းက ဘယ်လိုပြင်ဆင်လျှောက်ထားသင့်တယ်ဆိုတာကို CROWN Education ရန်ကုန်/မန္တလေးရုံးများတွင် ရုံးချိန်အတွင်း တစ်ဦးချင်းလာရောက်ဆွေးနွေးတိုင်ပင်နိုင်သလို https://bit.ly/crownapply မှာ မိမိတို့ရဲ့ ပညာရေးဆိုင်ရာစာရွက်စာတမ်းအပြည့်အစုံဖြည့်သွင်းပေးမယ်ဆိုရင် CROWN Educationရဲ့ သက်ဆိုင်ရာ နိုင်ငံအလိုက် Educational Counsellorတွေကနေ ဖုန်းနဲ့ပြန်လည် ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
.
❑ နိုင်ငံတကာပညာရေးနဲ့ပတ်သက်ပြီး အခြားသိရှိလိုတဲ့ မေးခွန်းတွေကို CROWN Educationနဲ့ CROWN Education Mandalay Pageတွေမှာ အချိန်မရွေးဝင်ရောက်မေးမြန်းထားနိုင်မှာလည်းဖြစ်ပါတယ်။
.
◉ ရန်ကုန်မြို့ – CROWN Education & Royal Academic Institute အမှတ် ၂၇၅ ၊ ၃ လွှာ ၊
Red Hill Tower ၊ မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်
.
◉ မန္တလေးမြို့ – CROWN Education Mandalay- အမှတ် စီ-၅၊ ၆၅လမ်း၊ ၃၁လမ်းနှင့် ၃၂လမ်းကြား၊ ရတနာမန္တလေး အဆင့်မြင့်အိမ်ရာ၊ ချမ်းအေးသာစံမြို့နယ်
✆ 09 975-700-800နဲ့ 09 975-800-800