News

သင့်အနေနဲ့ တစ်ချိန်ယူအက်စ် (သို့) ယူကေမှာကျောင်းတက်ဖို့ကြိုးစားနေပါသလား။ သင့်အဖြေက Yes! ဆိုရင်တော့ တက္ကသိုလ်နဲ့ကောလိပ်တွေကို ကိုယ်တိုင်လျှောက်ထားနိုင်မယ့် နည်းလမ်းကောင်းတစ်ခုဝေမျှပေးပါရစေ။

တစ်ချိန်တည်းမှာ ယူကေတက္ကသိုလ်တွေကို (အများဆုံး တက္ကသိုလ် ၅ခုအထိ) လျှောက်ထားချင်တယ်ဆိုရင် အခု ပြောပြပေးမယ့် UCAS (Universities and Colleges Admissions Service) ဆိုတဲ့ Website က တစ်ဆင့်လျှောက်ထားနိုင်ပြီး ယူအက်စ်ကတက္ကသိုလ်တွေ၊ ကောလိပ်ကျောင်းတွေကို တစ်ချိန်တည်းမှာ (အနည်းဆုံး တက္ကသိုလ် ၁ခုကနေ အများဆုံး ၁ဝခုအထိ) လျှောက်ထားလိုတယ်ဆိုရင်တော့ Common Application (Common App) ဆိုတဲ့ Website ကို အသုံးပြုလျှောက်ထားနိုင်ပါတယ်။

ကိုယ်တိုင် UCAS/ Common App ကနေ ကျောင်းလျှောက်ထားဖို့ ဘာတွေလိုအပ်လဲ။
ဒီ Website တွေကနေ တစ်ဆင့် ကိုယ်တိုင်ကျောင်းလျှောက်ထားမယ်ဆိုရင် High School Certificates and Transcripts တွေ၊ iGCSE, ‘A’Level Certificate တွေ၊ ACT / SAT ရမှတ်တွေ အစရှိတဲ့ ပညာရေးဆိုင်ရာစာရွက်စာတမ်းတွေ တင်ပြလျှောက်ထားရမှာဖြစ်သလို အင်္ဂလိပ်စာလိုအပ်ချက်အနေနဲ့ IELTS / TOEFL ရမှတ်တွေလည်း မဖြစ်မနေရှိထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာတက္ကသိုလ်တွေရဲ့ ဝင်ခွင့်သတ်မှတ်ချက်တွေအရအထက်တန်းကျောင်းမှာသင်ခဲ့တဲ့ ဆရာ/မ တွေရဲ့ Recommendation Letter ရှိထားဖို့လိုအပ်တဲ့အပြင် Personal Essay တစ်ခုရေးထားဖို့လည်းလိုအပ်ပါတယ်။

UCAS/ Common App ကနေ ကျောင်းလျှောက်ထားတဲ့အခါ Application Fees ဘယ်လောက်ပေးရမလဲ။
UCASမှာ ကိုယ့်အနေနဲ့ ကျောင်းစလျှောက်ထားပြီဆိုတာနဲ့ တက္ကသိုလ်ပမာဏရွေးချယ်မှု (အများဆုံး ၅ခုစာ)အတွက် စတာလင်ပေါင် £20 မှ £26 အထိကို Application Fees အဖြစ် ပေးသွင်းရလေ့ရှိပါတယ်။ Common Application ကတော့ ကိုယ်ရွေးချယ်တဲ့ တက္ကသိုလ်တစ်ခုချင်းစီအပေါ်မူတည်ပြီး Application Fees တွေ ကွဲပြားလေ့ရှိပါတယ်။ တက္ကသိုလ်တစ်ခုစာအတွက် အနည်းဆုံး Application Fees အဖြစ် USD$ 30 မှ USD$75 အထိ ရှိတတ်ပြီးအများဆုံး (၁၀) ကျောင်းအထိ တစ်ပြိုင်တည်း လျှောက်ထားနိုင်ပါတယ်။

အသေးစိတ်အချက်အလက်တွေကို သက်ဆိုင်ရာ Websites တွေဖြစ်တဲ့ https://www.commonapp.org နဲ့ https://www.ucas.com/students မှာ ဝင်ရောက်လေ့လာနိုင်သလို CROWN Education မှာလည်း လူကိုယ်တိုင် စုံစမ်းမေးမြန်းလျှောက်ထားနိုင်ပါတယ်။