News

မြန်မာကျောင်းသား/သူတွေအနေနဲ့ ဂျပန်နိုင်ငံက တက္ကသိုလ်တွေမှာ ပညာဆက်လက်သင်ယူချင်တဲ့အခါ – (၁၂)တန်းပညာရေးပြီးထားဖို့ (သို့) အစိုးရတက္ကသိုလ်တစ်ခုခုမှာ တက္ကသိုလ်ပထမနှစ်ပြီးထားဖို့ လိုအပ်ပါတယ်။ အခုပို့စ်ကတော့ မြန်မာဆယ်တန်းရမှတ်နဲ့ တိုက်ရိုက်လျှောက်ထားလို့ရမယ့် Ritsumeikan Asia Pacific University – APU တက္ကသိုလ်အကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။

AACSB-Accreditation ကို နိုင်ငံတကာက စီးပွားရေးဘာသာရပ်သင်ကျောင်း (၅%)ပဲ ရရှိထားကြတာဖြစ်ပြီး APU တက္ကသိုလ်ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံအစိုးရရဲ့ “ Top Global University” အဖြစ် အသိအမှတ်ပြုခံထားရတဲ့ Ritsumeikan Asia Pacific University – APU တက္ကသိုလ်တည်ရှိရာ Beppu မြို့ဟာဆိုရင်လည်း ဂျပန်နိုင်ငံရဲ့ တတိယအကြီးဆုံး Kyushu ကျွန်း Ōita စီရင်စုမှာရှိတာဖြစ်ပြီး Tokyo, Osaka, Kyotoမြို့တွေလိုပဲ လှပတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။ Beppu မြို့က သဘာဝရေပူစမ်း (Hot Springs)တွေကတော့ ဂျပန်နိုင်ငံမှာရော နိုင်ငံတကာမှာပါ လူသိများထင်ရှားပါတယ်။

APU လို့ အသိများကြတဲ့ Ritsumeikan Asia Pacific University မှာဆိုရင် Asia Pacific Studies (APS) နဲ့ International Management (APM) ပရိုဂရမ်တွေကို အင်္ဂလိပ်ဘာသာစကားအပြင် ဂျပန်ဘာသာစကားနဲ့ပါ သင်ယူနိုင်မှာ ဖြစ်ပါတယ်။ Environment and Development, Hospitality and Tourism, Culture, Society and Media, International Relations and Peace Studies စတဲ့ ဘာသာရပ်တွေကို စိတ်ဝင်စားတဲ့ ကျောင်းသား/သူတွေအနေနဲ့ Bachelor of Science (APS) ပရိုဂရမ်ကို APU မှာ (၄)နှစ်တာ တက်ရောက်သင်ကြားနိုင်မှာ ဖြစ်ပါတယ်။

ခေတ်နဲ့လိုက်လျောညီထွေတဲ့ စီးပွားရေးပညာရပ်တွေကို သင်ယူလိုတဲ့ ညီငယ်၊ညီမငယ်တွေအတွက်ဆိုရင်တော့ APUမှာ Strategic Management and Organization, Innovation and Economics, Marketing, Accounting and Finance သင်ကြားပေးနေတဲ့ Bachelor of Business Administration (APM) ပရိုဂရမ်ကို ရွေးချယ်တက်ရောက်ဖို့ သင့်တော်ပါတယ်။ Bachelor of Business Administration ဘွဲ့ရဖို့အတွက်ဆိုရင် APU မှာ အချိန်(၄)နှစ်ပဲ တက်ရောက်သင်ကြားရမှာဖြစ်ပါတယ်။

APUက Bachelor Programတွေကို လျှောက်ထားလိုသူတွေအနေနဲ့ IELTS Overall Bandscore (6.0)နဲ့ မြန်မာဆယ်တန်းအောင်မြင်ထားဖို့လိုပါတယ်။ ဒါ့အပြင် ပညာထူးချွန်တဲ့ ကျောင်းသား/သူတွေအတွက် APU Tuition Reduction Scholarshipကို ပေးအပ်သွားမှာဖြစ်ပြီး ပညာသင်ဆုအနေနဲ့ မြန်မာငွေကျပ် (၄၈)သိန်း (၃ဝ%ပညာသင်ဆု) မှ အများဆုံး ကျပ်သိန်း (၁၆ဝ)ကျော် (၁ဝဝ% ပညာသင်ဆု) ကို (၄)နှစ်စာအထိ သက်သာခွင့်ရရှိမှာလည်းဖြစ်ပါတယ်။

နောက်ထပ် အားသာချက်တစ်ခုကတော့ APU မှာ တစ်နှစ်တစ်နှစ်ကို ကုမ္ပဏီပေါင်း (၂၅ဝ) ဝန်းကျင်က အလုပ်အကိုင်လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိတဲ့ ကျောင်းသား/သူတွေကို အများဆုံး လာရောက်ခေါ်ယူလေ့ရှိပါတယ်။ APU ကနေ ကျောင်းပြီးသွားတဲ့အခါ Japanနိုင်ငံရဲ့ နာမည်ကြီး ကုမ္ပဏီတွေဖြစ်တဲ့ Amazon Japan, Apple Japan, Mizuho Financial Group, Inc., NTT DATA Corporation, Deloitte Tohmatsu Consulting, Panasonic Corporationစတဲ့ ကုမ္ပဏီကြီးတွေမှာ အမြန်ဆုံးဝင်ရောက် လုပ်ကိုင်ခွင့်ရသွားတဲ့ APU Alumniတွေကိုလည်း တွေ့နိုင်ပါတယ်။

ဒါတင်မကသေးဘဲ မြန်မာနိုင်ငံက အသိအမှတ်ပြု ဘွ့ဲတစ်ခုခု ရရှိထားတဲ့ ကျောင်းသား/သူတွေအတွက်ဆိုရင် –
·MBA
·MSc Tourism & Hospitality
·MSc International Public Administration
·MSc Public Health Management
·MSc Development Economics
·MSc International Relations ပရိုဂရမ်တွေကိုလည်း ၁ဝဝ%ပညာသင်ဆုနဲ့ သင်ကြားနိုင်မယ့် အခွင့်အရေးတွေရှိပါတယ်။

ဂျပန်နိုင်ငံ Ritsumeikan Asia Pacific University – APUမှာ ကျောင်းတက်ဖို့ စိတ်ဝင်စားတဲ့ ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ (၂ဝ၂၁)ခုနှစ်အတွက် လျှောက်ထားနိုင်မယ့် ကျောင်းဝင်ခွင့်တွေ၊ ဘာသာရပ်တွေနဲ့ ပညာသင်ဆုဆိုင်ရာအချက်အလက်တွေကို အသေးစိတ်ထပ်မံသိရှိလိုပါက – CROWN Education ၏ ရုံးဖုန်းနံပါတ်များဖြစ်သည့် +95(9) 450 200 080, 443 273 277, 977 977 200 သို့ ရုံးချိန်အတွင်းဆက်သွယ် စုံစမ်းနိုင်ပါတယ်။