News

ညီမအနေနဲ့ ကိုယ့်ရဲ့အချိန်တွေကို အကျိုးရှိရှိအသုံးချချင်တာရယ်၊ နောက်ပြီး နိုင်ငံခြားတက္ကသိုလ်က Bachelor Degreeကို Onlineကနေ တစ်ခါမှမတက်ဖူးသေးတော့ တက်ကြည့်ချင်တယ်ဆိုပြီး အခုလို Coventry University (London)ရဲ့ Global Business Management Program တက်ရောက်ဖို့ ရွေးချယ်ခဲ့တာပါ။
Onlineကနေ စာသင်လို့ ရလာတဲ့အကျိုးကျေးဇူးတွေကတော့ ကိုယ့်ကိုယ်ကိုယ် ပိုအားကိုးတတ်လာတာပါ။ ဘာဖြစ်လို့လဲဆိုရင် Self Studyက Face-to-Face အတန်းတွေထက် ကိုယ်ကိုယ်တိုင် အားထုတ်ပြီး ပိုလေ့လာရတာကို သတိထားမိတယ်ရှင့်။ နောက်တစ်ချက်ကတော့ ညီမအနေနဲ့ အကြောင်းအရာတစ်ခုအပေါ်မှာ ပိုပြီးအာရုံစိုက်တတ်လာတာပါ။ ကိုယ့်အနေနဲ့ အာရုံစူးစိုက်မှုသာ မရှိခဲ့ရင် အတန်းချိန်တွေ၊သင်ခန်းစာတွေမှာ လွတ်ထွက်သွားတာတွေ ဖြစ်နိုင်တာပေါ့နော်။ ညီမအနေနဲ့ အဲ့ဒီလို လွတ်သွားမှာ ကြောက်လို့ သေချာအာရုံစိုက်ပြီး လေ့လာသင်ယူခဲ့ပါတယ်။
Onlineက လေ့လာသင်ယူတဲ့အခါ တွေ့ကြုံရတဲ့ အခက်အခဲဆိုတာထက် စိန်ခေါ်မှုတွေကတော့ အနည်းနဲ့အများရှိတတ်ကြမှာပါ။ ညီမအတွက်ကတော့ ကိုယ်နဲ့အတူတူ Onlineမှာ အတန်းတက်နေတဲ့သူတွေနဲ့ သူငယ်ချင်းဖြစ်ဖို့ ခက်သွားတာ၊ နောက်ပြီး Group Projectsတွေ လုပ်ရတဲ့နေရာမှာ အတူတူဝင်ပြီး မဆွေးနွေးတဲ့သူတွေနဲ့ ကြုံရတာ၊ အရှေ့နဲ့အနောက် အချိန်ကွာဟချက်ရှိတာကတော့ ညီမအတွက် စိန်ခေါ်မှုအဖြစ်ဆုံးပါပဲ။ Coventry Universityရဲ့ ညနေပိုင်း/ညပိုင်းတက်ရတဲ့ အတန်းချိန်တွေမှာဆိုရင် ဒီဘက်မှာက အချိန်တော်တော်လေး နောက်ကျနေတာမျိုး၊ နောက်ပြီး Assignment Due Date တွေဆိုရင် ဝေခွဲမရဖြစ်သွားတတ်တာတွေတော့ ရှိတာပေါ့နော်။
ညီမအနေနဲ့ကတော့ အခုလို Pandemicကာလမှာ Onlineကနေ အခုထိသင်ထားသလောက် တော်တော်လေး စိတ်ကျေနပ်မှုရှိပါတယ်ရှင့်။ Coventry University အနေနဲ့လည်း ကျောင်းသူ/သားတွေအပေါ်မှာ သေသေချာချာလေး ဂရုစိုက်ပေးတဲ့အပြင် အစစအရာရာလည်းတတ်နိုင်သလောက် မြန်မြန်ကူညီပေးပါတယ်။ ညီမကတော့ Coventry Universityက Face-to-Faceအတန်းတွေ ပြန်မစခင်အထိ Onlineကနေပဲ လေ့လာသင်ယူဖို့ စီစဉ်ထားပါတယ်။ Pandemic ကာလပြီးလို့ Face-to-Faceအတန်းတွေ ပြန်တက်လို့ရရင်တော့ အကောင်းဆုံးပေါ့နော်။
အင်္ဂလန်နိုင်ငံ Coventry Universityရှိ (၂ဝ၂၁) ခုနှစ် ဇန်နဝါရီလ ကျောင်းဝင်ခွင့်၊ လျှောက်ထားသင်ယူနိုင်မည့် ဘာသာရပ်များနှင့် ပညာသင်ဆုဆိုင်ရာအချက်အလက်တွေကို အသေးစိတ်ထပ်မံသိရှိလိုပါက – CROWN Education၏ ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 450 056 300 , 09 977 977 200 သို့ ရုံးချိန်အတွင်းဆက်သွယ် စုံစမ်းနိုင်ကြောင်း သတင်းစကားပါးလိုက်ပါတယ်။