News

[ဖတ်ရန် ကြာမြင့်ချိန် : ၂မိနစ်]
.
❑ ၂ဝ၂ဝခုနှစ်၊မတ်လ(၁၀)ရက်နေ့မှာ ကမ္ဘာ့ကပ်ရောဂါ (Pandemic)အဖြစ် WHOရဲ့ ထုတ်ပြန်ကြေငြာချက်အပြီး သက်ဆိုင်ရာတက္ကသိုလ်တွေမှာလာရောက်ပညာသင်ကြားနေကြတဲ့ နိုင်ငံတကာကျောင်းသား၊ကျောင်းသူတွေကို ပုံမှန်အတန်းချိန်အစား Online Section ဖြင့် စတင်သင်ကြားပို့ချပေးသွားဖို့ တက္ကသိုလ်အများစုတွင်စတင်ပြင်ဆင်လာခဲ့ပြီဖြစ်ပါတယ်။
.
❑ ယူအက်စ်မှ Baylor University, University of Vermont, James Madison University, Lipscomb University, Oglethorpe University, Western Washington Universityအစရှိသည့် တက္ကသိုလ်များနှင့် ကနေဒါတက္ကသိုလ်တစ်ခုဖြစ်တဲ့ Royal Roads University တွင်အောက်ပါအစီအစဉ်အတိုင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။
.
✅ Baylor University – မတ်လ(၂၃)ရက်နေ့မှ ဧပြီ(၃)ရက်နေ့အထိ Online Sectionနဲ့ ပထမဆုံးသင်ကြား ပေးသွားမည်။ကျောင်းသား၊ကျောင်းသူတွေအတွက် သက်ဆိုင်ရာ Residence Hallsတွေကိုဆက်လက်အသုံးပြုခွင့်ပေးသွားမည်။ ကျောင်းအတွင်း မည်သည့်Event/Activityမျိုးကိုမဆို ကျင်းပပြုလုပ်ခွင့် ခေတ္တရပ်ဆိုင်းထားမည်။
အသေးစိတ်ကို https://www.baylor.edu/coronavirus/ တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
.
✅ University of Vermont – မတ်လ(၁၆)ရက်နေ့နှင့် မတ်လ(၁၇)ရက်နေ့အတွင်း သင်ကြားရန်ရှိသည့် အတန်းချိန်အားလုံး ပိတ်ထားမည်။မတ်လ(၁၈)ရက်နေ့မှစပြီး ပုံမှန်အတန်းချိန်များအတိုင်း ပြန်လည်သင်ကြားပေးမည်။ ကျောင်းCampusများအတွင်း လူ(၂၅)ဦးနှင့်အထက် စုဝေးခွင့်မပြုပါ။
အသေးစိတ်ကို https://www.uvm.edu/emergency/covid-19-coronavirus-information-and-updates တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
.
✅ James Madison University – မတ်လ(၂၃)ရက် နေ့မှ ဧပြီ(၅)ရက်နေ့အထိ Online Sectionနဲ့ သင်ကြားပေးသွားမည်။ကျောင်းအတွင်း မည်သည့်Event/Activity ကိုမဆို ကျင်းပပြုလုပ်ခွင့် မပြုပါ။
အသေးစိတ်ကို https://www.jmu.edu/news/covid-19-faqs.shtml တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
.

✅ Lipscomb University – မတ်လ(၁၃)ရက်နေ့မှစတင်ပြီး ကျောင်းရှိအတန်းအချို့ကို ရပ်ဆိုင်းထားသည်။
အသေးစိတ်ကို https://www.lipscomb.edu/student-life/health-wellness/coronavirus-covid-19 တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
.
✅ Oglethorpe University – မတ်လ(၁၆)ရက်နေ့မှ မတ်လ(၂၂)ရက်နေ့အတွင်း သင်ကြားရန်ရှိသည့် အတန်းချိန် အားလုံး ပိတ်ထားမည်။ Campusနှင့်Facilitiesများကို ပုံမှန်အတန်းချိန်များအတိုင်းအသုံးပြုခွင့်ပေးထားသော်လည်း ကျောင်းအတွင်း မည်သည့်Event/ Activityကိုမဆို ကျင်းပပြုလုပ်ခွင့် မပြုပါ။
အသေးစိတ်ကို https://source.oglethorpe.edu/category/covid-19/ တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
.
✅ Western Washington University – မတ်လ(၁၁)ရက်နေ့မှစပြီး အတန်းချိန်အားလုံးကို Online Sectionဖြင့်သာ သင်ကြားပေးသွားမည်။မတ်လ(၁၆)ရက်နေ့မှ စတင်ဖြေဆိုရမည့် စာမေးပွဲများကိုလည်း Onlineမှသာ စစ်ဆေးသွားမည်ဖြစ်ပြီး မတ်လ(၃၁)ရက်နေ့ ပုံမှန်အတန်းချိန် များအတိုင်း သင်ကြားပေးသွားမည်။ Campus နှင့်Facilities များကိုပုံမှန်အတန်းချိန်များအတိုင်းအသုံးပြုခွင့်ပေးသွားမည်။
အသေးစိတ်ကို https://www.wwu.edu/coronavirus တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
.
✅ Royal Roads University – ကျောင်းရှိအတန်းများကို ပုံမှန်အတိုင်းဆက်လက်သင်ကြားပေးသွားမည်။
အသေးစိတ်ကို https://www.royalroads.ca/news-events/covid-19 တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
.
■ နိုင်ငံတကာတွင်ပညာသင်ကြားနေသည့် ကျောင်းသား၊ကျောင်းသ ူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးဌာနများ၏ ထုတ်ပြန်ကြေငြာချက်များအတိုင်းလေးလေးစားစားလိုက်နာဆောင်ရွက်ဖို့အကြံပြုတိုက်တွန်းအပ်ပါတယ်။