News

သြစတြေးလျနိုင်ငံမှာ ဆေးပညာဘွဲ့ကြိုပရိုဂရမ်တက်ရောက်လိုသူတွေအတွက် ဝင်ခွင့်သတ်မှတ်ချက်အရ ဆယ့်နှစ်တန်းပညာရေး ရှိထားဖို့လိုအပ်ပါတယ်။ Australian Medical Council အသိအမှတ်ပြု ဆေးပညာဘွဲ့တစ်ခုရဖို့အတွက် အရင်ဆုံး Bachelor of Biomedical Science/ Bachelor of Health Science/ Bachelor of Medical Science ပရိုဂရမ်တွေကို တက်ရောက်သင်ယူထားဖို့လိုအပ်ပါတယ်။ တက်ရောက်ပြီးစီးသွားသူတွေအနေနဲ့ သက်ဆိုင်ရာ သြစတြေးလျတက္ကသိုလ်အသီးသီးမှာ Doctor of Medicine Program ဆက်တက်ခွင့်ရဖို့ Graduate Australian Medical Schools Admissions Test (GAMSAT) တွေကို ဖြေဆိုရမှာဖြစ်ပါတယ်။

သြစတြေးလျတက္ကသိုလ်တွေမှာ ပုံမှန်(၃)နှစ်ကနေ (၄)နှစ်တက်ရောက်ရလေ့ရှိတဲ့ Bachelor of Biomedical Science/ Bachelor of Health Science/ Bachelor of Medical Science ပရိုဂရမ်တွေကို ကောင်းမွန်တဲ့ တက္ကသိုလ် Ranking၊ သင့်တင့်တဲ့ကုန်ကျစရိတ်၊ ကောင်းမွန်တဲ့ ရာသီဥတု၊ ဘေးကင်းလုံခြုံမှုအပြည့်နဲ့ သင်ယူနိုင်မယ့် Griffith University အကြောင်းပြောပြပေးချင်ပါတယ်။

Griffith University ဆိုတာ Worldwide Universities Ranking စာရင်းအရ Top 2% စာရင်းဝင်တဲ့ တက္ကသိုလ်ဖြစ်ပြီး Australia နိုင်ငံ တက္ကသိုလ်စာရင်းမှာလည်း ထိပ်တန်းအဆင့် (၂၀) အတွင်းမှာ ရပ်တည်နေတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ Best Cities to Study in Australia စာရင်းအရ အဆင့် (၃) နေရာမှာရပ်တည်နေပြီး နေထိုင်စားသောက်စရိတ် သင့်တင့်မျှတတဲ့ Queensland ပြည်နယ်ရဲ့ မြို့တော် Brisbane အပြင် Gold Coast နဲ့ Logan မြို့တွေမှာ စုစုပေါင်း Campus (၅)ခု ဖွင့်လှစ်ထားပြီး Undergraduate နဲ့ Graduate Programs ပေါင်း (၂၀၀) ကျော် ပို့ချပေးနေတဲ့ တက္ကသိုလ်လည်း ဖြစ်ပါတယ်။

Griffith Universityမှာ ဆေးပညာဘွဲ့ရချင်တဲ့ ကျောင်းသူ/ကျောင်းသားတွေအတွက် Bachelor of Biomedical Science, Health Science, Medical Science ဘာသာရပ်တွေကိုသင်ယူနိုင်သလို Business ၊ Engineering ၊ IT, Criminology and Law ၊ Design ၊ Health Care ၊ Psychology ၊ Hotel Management လို စိတ်ဝင်စားဖို့ကောင်းတဲ့ ဘာသာရပ်တွေကိုလည်း ရွေးချယ်သင်ယူနိုင်ပါတယ်။

Bachelor of Biomedical Science, Health Science, Medical Science သင်ကြားလိုသူတွေအနေနဲ့ တစ်နှစ်ကို ပျမ်းမျှစာသင်စရိတ်အနေနဲ့ 34,000 AUD ဝန်းကျင်ခန့် ကုန်ကျမှာဖြစ်ပြီး Doctor of Medicine Program တက်ရောက်သင်ကြားဖို့အတွက် တစ်နှစ်ပျှမ်းမျှ စာသင်စရိတ်အနေနဲ့ 71,000 AUDခန့် ကုန်ကျမှာဖြစ်ပါတယ်။ Australian Health Practitioners Regulation Agency (AHPRA) က အသိအမှတ်ပြုထားတဲ့ Griffith Universityရဲ့ Doctor of Medicine Program တက်ရောက်ပြီးစီးသွားသူတွေအတွက် သြစတြေးလျဆေးရုံတွေမှာ (1)Year Internshipနဲ့ ဝင်ရောက်လုပ်ကိုင်ခွင့်လည်း ရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် ပညာရေးထူးချွန်သူတွေအတွက် စာသင်စရိတ် (၂၀%) သက်သာစေမယ့် International Student Support Scholarshipနဲ့ Griffith International Scholarship for Griffith College Diploma to Degree ပညာသင်ဆုတွေကိုလည်း လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ Griffith Universityမှာ သင်ယူနိုင်တဲ့ ဆေးပညာဘွဲ့ကြိုပရိုဂရမ်တွေအတွက် American High School Diploma, Canada Ontario Secondary School Diploma (OSSD), GCE ‘A’ level, IB Diploma တခုခု ပြီးထားဖို့ လိုအပ်ပါတယ်။

အခုပို့စ်ကတော့ ဆေးပညာဘွဲ့ကို အကြောင်းကြောင်းကြောင့် ပြည်တွင်းမှာ မတက်ရောက်ဘဲ သြစတြေးလျနိုင်ငံမှာ သွားရောက်သင်ယူချင်တဲ့ ကျောင်းသား/ကျောင်းသူတွေ၊မိဘ၊အုပ်ထိန်းသူတွေအတွက် Doctor of Medicine ဆေးပညာဘွဲ့ကို ဘယ်လိုတက်ရောက်နိုင်တယ်ဆိုတာ အဓိက ပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။

Griffith Universityမှာ တက်ရောက်နိုင်တဲ့ ဆေးပညာဘွဲ့ကြိုပရိုဂရမ်နဲ့ Doctor of Medicine ပရိုဂရမ်နဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ထပ်မံသိရှိလိုပါက – CROWN Education ၏ ရုံးဖုန်းနံပါတ်များဖြစ်သည့် +95(9) 977 977 200 (ရန်ကုန်) နှင့် 975 700 800 (မန္တလေး) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းစကားပါးလိုက်ပါတယ်။