News

နိုင်ငံတကာမှာ ပညာဆက်သင်ဖို့ စုံစမ်းကြတဲ့အခါ အများဆုံးမေးကြတာက “Foundation Program ဆိုတာ ဘာလဲ… တကယ်တမ်း မဖြစ်မနေ တက်ထားဖို့ လိုအပ်လား၊ တက်မယ်ဆိုရင် အားသာချက်၊ အားနည်းချက် ဘာတွေရှိလဲ” ဆိုပြီး ကျောင်းသားမိဘတိုင်းဆီက မေးခွန်းအမေးခံရလေ့ရှိပါတယ်။ ဒါကြောင့် အခုပို့စ်မှာဆိုရင် ကျောင်းသား/သူတွေ မိဘတွေအနေနဲ့ နိုင်ငံတကာတက္ကသိုလ်ဆက်တက်ဖို့ ဘယ်လို Foundation Program တွေရှိနေတယ်၊ တစ်ခုနဲ့တစ်ခု ဘာတွေ ကွဲပြားတယ်ဆိုတာကို အဓိက ပြောပြပေးသွားမှာဖြစ်ပါတယ်။ Foundation ပရိုဂရမ်တွေရဲ့သဘောတရားကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ပညာရေးစနစ်ရဲ့ သင်ကြားမှုပုံစံနဲ့ နိုင်ငံတကာပညာရေးစနစ်ရဲ့ မတူညီတဲ့ သင်ကြားမှုပုံစံကွာဟမှုတွေကို ပေါင်းစပ်ပေးဖို့ပဲဖြစ်ပါတယ်။

Foundation Program ကို ဘယ်သူတွေ တက်ရောက်သင့်လဲ…
ကျောင်းသား၊သူတွေအနေနဲ့ မိမိ ဘာဝါသနာပါမှန်းမသိသေးတာ သို့မဟုတ် နိုင်ငံတက္ကသိုလ်တွေမှာ သင်ရမဲ့ ဘာသာရပ်တွေက မိမိအားသန်တဲ့ ဘာသာရပ်နယ်ပယ် တစ်ခုဖြစ်ရဲ့လားဆိုပြီး တွေဝေနေတဲ့ ကျောင်းသား၊သူတွေအတွက် Foundation အတန်းဟာ ပထမဆုံး စတင်ပြင်ဆင်ပြီး လှမ်းသင့်တဲ့ခြေလှမ်းတစ်ခုပဲ ဖြစ်ပါတယ်။ နောက်ပြီး Foundation Program တက်ပြီးရင် ဘယ်လိုတက္ကသိုလ်တွေ တက်လို့ရနိုင်မလဲ ဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ မိမိရွေးချယ်ခဲ့ တဲ့ ဖောင်ဒေးရှင်းလမ်းကြောင်းပေါ်မူတည်ပြီး ရွေးချယ်နိုင်တဲ့ တက္ကသိုလ် အရေအတွက်ကတော့ အကန့်အသတ်ရှိနိုင်ပါတယ်။

အရင်ဆုံး အင်္ဂလန်-သြစတြေးလျ-ကနေဒါ-စင်္ကာပူမှာဆိုရင် တက္ကသိုလ်တိုင်းလိုလိုက သူတို့ရဲ့ ကိုယ်ပိုင် Foundation Program တွေရှိကြပါတယ်။ ကိုယ့်အနေနဲ့ ကိုယ်တက်ရောက်ချင်တဲ့ နိုင်ငံ၊တက္ကသိုလ်နဲ့မေဂျာကို တိတိကျကျဆုံးဖြတ်ပြီးပြီ…(ဥပမာ။ ကလေးက University of Leeds မှာ Business Management ဘာသာရပ်နဲ့ Bachelor Degree တက်မယ်… တခြားတက္ကသိုလ်တွေကို မစဉ်းစားတော့ဘူး) ဆိုတဲ့ကျောင်းသား၊ကျောင်းသူတွေဆိုရင် University of Leeds ရဲ့ Foundation Program ကို အရင်ဆုံးတက်ရပါတယ်။ Foundation Program ပြီးမှ University of Leeds ရဲ့ Bachelor of Business Management ကို ဆက်လက်တက်ရောက်ရမှာဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံမှာ Foundation Programတက်မယ်ဆိုရင် SGD 6000 ကနေ SGD 17000ဝန်းကျင်အထိ ရှိပါတယ်။ အင်္ဂလန်မှာဆိုရင် £ 12000 ကနေ £ 22000 ဝန်းကျင်အထိရှိပါတယ်။ သြစတြေးလျမှာဆိုရင် AUD 18000 ကနေ AUD 26000 ဝန်းကျင်အထိ ရှိတတ်ပြီး ကနေဒါမှာဆိုရင်တော့ CAD 16000ဝန်းကျင်ကနေ CAD21000 အထိ ရှိကြပါတယ်။

ကိုယ်တက်ချင်တဲ့ ဘာသာရပ်၊ တက္ကသိုလ်၊ နိုင်ငံကို တိတိကျကျမဆုံးဖြတ်ရသေးတဲ့ကျောင်းသား၊ကျောင်းသူတွေအတွက်ဆိုရင်တော့ နိုင်ငံတကာတက္ကသိုလ်တွေက လက်ခံအသိအမှတ်ပြုပေးတဲ့ မြန်မာနိုင်ငံမှာပြင်ဆင်နိုင်တဲ့ Foundation Program လည်း ရှိပါတယ်။ ဒီပရိုဂရမ်ကိုတော့ နိုင်ငံတကာ (၁၂)တန်း ပညာရေးစနစ်အဖြစ် ပိုပြီး အသိများပြီး CROWN Education မှာ တစ်နှစ်တက်ရောက်နိုင်တာဖြစ်ပါတယ်။ တစ်နှစ်စာသင်စရိတ်နဲ့ ဝင်ခွင့်သတ်မှတ်ချက်၊ Program အပြီး နိုင်ငံတကာမှာ ပညာသင်ဆုနဲ့ ဆက်လက်သင်ယူနိုင်တဲ့ အကြောင်းအရာတွေကိုတော့ အခု လင့်ခ် https://crown-education.org/grade12/ မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဒါဆို ဒီ ၁၂ တန်းပညာရေး တနည်းအားဖြင့် Globally Recognized Program တက်ရင် ကျောင်းသား/သူတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ…
၁၂ တန်း ပညာရေးက နိုင်ငံတကာမှာဆိုရင် အဆင့်မြင့်တက္ကသိုလ် ပညာရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်တာကြောင့် ကျောင်းသား/သူတွေကို အဆင့်မြင့် တက္ကသိုလ် ပညာရေးစနစ်မှာ လိုအပ်တဲ့ Study Skills နဲ့ Collaboration Skills (အသင်းအဖွဲ့နဲ့ အတူတကွ လုပ်ဆောင်နိုင်စွမ်း) အစရှိတဲ့ အရာတွေကို သင်ပေးတဲ့ အပြင် Independent Self Study Skills တွေကိုပါ တခါတည်း ပြင်ဆင်ပေးတာဖြစ်ပါတယ်။

ဒီလိုနိုင်ငံတကာ တက္ကသိုလ် ပညာရေးရဲ့ အခြေခံတွေကို ပြင်ဆင်ခြင်းရဲ့ အားသာချက်ကတော့ ကျောင်းသားကျောင်းသူတွေအနေနဲ့ နိုင်ငံခြားတက္ကသိုလ်တွေမှာ စာစသင်ရတဲ့အခါ စာမလိုက်နိုင်မှာ၊ Group Work တွေ အတန်းတွင်း Group Discussion တွေမှာ ကြောင်တောင်တောင်မဖြစ်တော့ပဲ အခက်အခဲမရှိ ကိုယ်တိုင် ဦးဆောင်နိုင်လာမှာဖြစ်ပါတယ်။ ဒါတင်မကဘဲ Oversea ရောက်တဲ့အခါ ကိုယ့်အနေနဲ့ တစ်နေ့တာ အချိန်ကို အကျိုးရှိရှိ ဘယ်လိုစီမံခန့်ခွဲမယ်ဆိုတာ မဖြစ်မနေ အရေးကြီးတာကြောင့် Self-Time Managements Skills တွေကို မြန်မာနိုင်ငံမှာ (၁)နှစ်တက်ရမယ့် Foundation Program မှာ တပါတည်း သင်ကြားပေးတာဖြစ်ပါတယ်။

အခု ပြောပြပေးခဲ့တဲ့ အကြောင်းအရာတွေကတော့ Foundation Program တွေကို ဘယ်သူတွေတက်ရောက်သင့်လဲ…ဘာတွေသင်ကြားခွင့်ရနိုင်မလဲဆိုတာကို အကြမ်းဖျင်းပြောကြားပေးထားတာဖြစ်ပါတယ်။ ပြည်တွင်းမှာ သင်ယူနိုင်မယ့် Globally Recognized Foundation Program အကြောင်းကို ကျောင်းသား/သူ၊ မိဘတွေအနေနဲ့ အသေးစိတ်ထပ်မံသိရှိလိုပါက – CROWN Education Yangon Office – အမှတ် ၂၇၅ ၊ ၃ လွှာ၊ Red Hill Tower (KBZ Tower) ၊ စမ်းချောင်းမြို့နယ် ✆ 09 977 977 200 ၊ 09 445 566 701 နှင့် CROWN Education Mandalay Office – အမှတ် စီ-၅၊ ၆၅လမ်း၊ ၃၁လမ်းနှင့် ၃၂လမ်းကြား၊ ရတနာမန္တလေး အဆင့်မြင့်အိမ်ရာ၊ ချမ်းအေးသာစံမြို့နယ် ✆ 09 975 800 800 ၊ 09 450 200 080 သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းစကားပါးလိုက်ပါတယ်။