News

Covid 19 Pandemic ဖြစ်ပွားချိန်မှ စတင်ကာ နိုင်ငံတကာကျောင်းသူ၊ကျောင်းသားများအနေဖြင့် သြစတြေးလျ တက္ကသိုလ်များရှိ ဘွဲ့ကြို၊ဘွဲ့လွန်ပရိုဂရမ်များကို အွန်လိုင်းမှ ဆက်လက်သင်ယူခွင့်ရရှိခဲ့ပါသည်။
သို့ရာတွင် မြန်မာကျောင်းသူ၊ကျောင်းသားများအနေဖြင့် သြစတြေးလျနိုင်ငံ တက္ကသိုလ်များရှိ Online Programများတက်ရောက်သည့်အခါ အခက်အခဲများစွာတွေ့ကြုံနေရကြောင်းကို ပြန်လည်ကြားသိရပါသည်။
ဖေဖော်ဝါရီလအတွင်း Mr. Brendan Murphy (Australia’s Secretary of the Department of Health) ၏ ပြောကြားချက်များအရ -၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းအထိ နိုင်ငံတကာကျောင်းသူ၊ကျောင်းသားများအတွက် သြစတြေးလျနိုင်ငံ ပြည်ဝင်ခွင့်ပြန်လည်ခွင့်ပြုပေးနိုင်ရန် မလွယ်ကူကြောင်းလည်း သိရှိပြီးဖြစ်ပါသည်။
သို့ဖြစ်ပါ၍ သြစတြေးလျမှ စင်္ကာပူနိုင်ငံသို့ ပြောင်းရွှေ့သင်ယူလိုသူ မြန်မာကျောင်းသူ၊ကျောင်းသား များအနေဖြင့် – စင်္ကာပူနိုင်ငံရှိ ကျောင်းများတွင် Business, IT, Engineering, Hospitality & Tourism Management, Arts and Design, Sciences အစရှိသည့် ဆက်စပ်ဘာသာရပ်များကို Creditအလိုက် တိုက်ရိုက်လျှောက်ထားသင်ယူနိုင်မည်ဖြစ်ပြီး 09 799-999-977, 09 250-023-288 သို့ ရုံးချိန်အတွင်း ဆက်သွယ်ဆွေးနွေးတိုင်ပင်နိုင်ကြောင်း သတင်းစကားပါးအပ်ပါသည်။