News

နိုင်ငံတကာတွင်ဆေးတက္ကသိုလ်များ ဆေးကျောင်းများတက်ရောက် ဖို့အတွက် ပြင်ဆင်နေတဲ့ မြန်မာကျောင်းသားကျောင်းသူများအတွက် နိုင်ငံတကာတွင် ဆေးတက္ကသိုလ်များတက်ရောက်တဲ့အခါ ရင်ဆိုင် ကြုံတွေ့နိုင်မယ့်အခက်အခဲများနှင့် ကြိုတင်ပြင်ဆင်ထားသည့် ပညာရေးဆိုင်ရာအချက်အလက်များကို မျှဝေပေးလိုက်ပါတယ်။

(၁)ပညာရေးထူးချွန်မှု

နိုင်ငံတကာတွင် ဆေးပညာကို လေ့လာသင်ယူလိုသူများအနေဖြင့် ဆေးတက္ကသိုလ်များသို့ ဝင်ရောက်ခွင့်ရရှိရန် နိုင်ငံအသီးသီးမှ ထူးချွန်သူများနှင့် ယှဉ်ပြိုင်လျှောက်ထားရမည်ဖြစ်သောကြောင့် ပညာရေးဆိုင်ရာ ထူးချွန်မှုမှတ်တမ်းကောင်းများရှိထားရန် လိုအပ်ပါသည်။ နိုင်ငံတကာတွင် လေ့လာသင်ယူရမည်ဖြစ်သည့် အတွက် အင်္ဂလိပ်စာကျွမ်းကျင်မှုကို အထူးအလေးပေး ပြင်ဆင်ရန် လိုအပ်သည်။ အင်္ဂလန်၊ ဩစတြေးလျကဲ့သို့သော နိုင်ငံကြီးများတွင် ဆေးပညာဘွဲ့ရရှိပြီး ဆရာဝန်အဖြစ် မှတ်ပုံတင်ခွင့်ရရှိရန် IELTS Overall (7.5)နှင့် အရေးအဖတ်အပြော၊ နားထောင်စွမ်းရည် အသီးသီးတွင် Bandscoreအနေဖြင့် (7.0) ရမှတ်များတင်ပြရန် လိုအပ်လေ့ရှိပါသည်။

(၂)ခက်ခဲလေ့ရှိတဲ့ ဆေးကျောင်းဝင်ခွင့်

ဆေးပညာရပ်သင်ယူရာတွင် သက်ဆိုင်ရာ တိုင်းပြည်အသီးသီး ၏ သတ်မှတ်ချက်များအလိုက် ကျောင်းဝင်ခွင့်၊ စာသင်နှစ်ကြာမြင့် ချိန်နှင့် ဆရာဝန်တစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုရန် လိုအပ် ချက်များ ကွဲပြားခြားနားလေ့ ရှိသည်။ ဥပမာ – အမေရိကန်၊ ဩစတြေးလျကဲ့သို့သော နိုင်ငံများတွင် ဆေးကျောင်းမတက်ခင် ဘွဲ့တစ်ခုခုရထားရန် လိုအပ်လေ့ရှိသည်။ အမေရိကန်နိုင်ငံတွင် (၄) နှစ် တက်ရောက်ထားသည့် Science Degree ရယူပြီး MCAT ခေါ် Medical College Admission Test နှင့် အင်တာဗျူး ထပ်မံဖြေဆိုရလေ့ရှိသည်။ အဆိုပါ MCAT ဖြေဆိုအောင်မြင်ပြီး သူများသာ နောက်ထပ် (၄) နှစ်ခန့် Doctor of Medicine ကို တက်ရောက်ရလေ့ ရှိသည်။ အချို့နိုင်ငံများတွင် (၄) နှစ် သို့မဟုတ် (၆) နှစ် ခန့် တက်ရောက်ဖို့ လိုအပ်ပါသည်။

ယေဘုယျအားဖြင့် အမေရိကန်တွင် ဆေးပညာ သင်ယူခွင့်ရရှိရန် –

(က) Medical School များမှ သတ်မှတ်ထားသည့်အချက်များနှင့် ပြည့်စုံသည့် တက္ကသိုလ်သို့ ကောလိပ်တစ်ခုခုမှ (၄) နှစ် ကျောင်း တက်ရောက်ပြီးထားခြင်း၊

(ခ) အဆိုပါ တက္ကသိုလ် သို့မဟုတ် ကောလိပ်၏ နောက်ဆုံးနှစ် တွင် MCAT(Medical School Admission Test) ကို ဖြေခြင်းနှင့်

(ဂ) ဆေးတက္ကသိုလ်များလျှောက်ထားရာတွင် AMCP (American Medical College Application Services) မှ တစ်ဆင့်လျှောက်ထားရန်တို့ ဖြစ်ပါသည်။

(၃)အင်္ဂလန်ဆေးတက္ကသိုလ်ကောလိပ်များသို့ ဝင်ခွင့်ရရှိရန် –

၁။ iGCSEအဆင့်တွင် A* သို့ A အဆင့်များရရှိပြီး Biology-Chemistry-Physics-Maths-English အပါအဝင် အနည်းဆုံး (၆-၇) ဘာသာ ဖြေဆိုအောင်မြင်ထားရန်၊

၂။ A-Level တွင် Chemistry၊ Biology နှင့် Maths သို့မဟုတ် Physics တွင် AAA ရရှိထားရန်၊

၃။ BioMedical Admission Test နှင့် UK CAT Test များ ဖြေဆိုထားရန်တို့ ဖြစ်သည်။

နိုင်ငံတကာအသိအမှတ်ပြု ဆရာဝန်တစ်ယောက်ဖြစ်ရန်ဝင်ခွင့်အတွက် အင်္ဂလန်ဆေးတက္ကသိုလ်များက နိုင်ငံတကာကျောင်းသားကို ပိုမိုလက်ခံ စဉ်းစားပေးလေ့ရှိသည်။ တရုတ်နိုင်ငံတွင် မြန်မာကျောင်းသား အများအပြားတက်ရောက်နေသော ဆေးတက္ကသိုလ်များ ရှိသည်။ ကုန်ကျစရိတ်သက်သာသော်လည်း နိုင်ငံတကာအသိအမှတ်ပြု ဆရာဝန်တစ်ယောက်အဖြစ် ကြိုးစားရာတွင် အင်္ဂလန်ဆေးတက္ကသိုလ် များကို မမီနိုင်ပါ။

(၄) ဆေးကုသခွင့်အတွက် မှတ်ပုံတင်ခြင်း

နိုင်ငံတကာတွင် ဆေးပညာဘွဲ့သင်ယူခြင်းနှင့်ပတ်သက်လျှင် အရေးအကြီးဆုံးအချက်မှာ သက်ဆိုင်ရာနိုင်ငံ ဆေးပညာကောင်စီ (တရုတ်နိုင်ငံ (သို့်) မလေးရှားနိုင်ငံ (သို့) မိမိတက်ရောက်မည့်နိုင်ငံ) က ထုတ်ပေးမည့် ဆေးကုသခွင့်လိုင်စင်ရရှိရေးသည် အရေးအကြီးဆုံး ဖြစ်သည်။ မည်သည့်နိုင်ငံမှာ ဆေးပညာကို တက်ရောက်သည် ဖြစ်စေ ပညာသင် ပြီးဆုံးပါက အဆိုပါ တက္ကသိုလ် သို့မဟုတ် ဆေးပညာ ကောင်စီမှ ဆေးကုသခွင့်လိုင်စင် ထုတ်ပေးသည်အထိ တာဝန်ယူနိုင်/မယူနိုင် တိတိကျကျ မေးမြန်းစုံစမ်းဖို့ လိုအပ်ပါသည်။နိုင်ငံတကာတွင် ဆေးကျောင်းတက်ရောက်သည့် ကျောင်းသူကျောင်းသားများနောက်ထပ် ရင်ဆိုင်ရလေ့ရှိသည့် အခက်အခဲတစ်ခုမှာ မိမိတက်ရောက်မည့် တက္ကသိုလ်သည် medical and surgical internship အတွက် စီစဉ်ပေးနိုင်ရန် ချိတ်ဆက်ထားသော ဆေးရုံ ရှိမရှိ ဆိုသည့်အချက် ဖြစ်သည်။ ဥပမာအားဖြင့်ဩစတြေးလျတွင် နိုင်ငံတကာကျောင်းသားများအနေဖြင့် ဆေးတက္ကသိုလ်တက်ရောက်ခွင့် ရရှိသည့်တိုင် ဆေးရုံမရှိသော ကျောင်း ဖြစ်ပါက medical and surgical internshipအတွက် တာဝန်မယူပေးနိုင်ကြ သောကြောင့် ဖြစ်သည်။

ဆယ်တန်း/iGCSEဖြေဆိုအောင်မြင်ထားသည့်ကျောင်းသား ကျောင်းသူများအနေဖြင့် နိုင်ငံတကာတက္ကသိုလ်များတွင် ဆေးပညာ ဆက်လက်သင်ကြားနိုင်မည့် အသေးစိတ်အချက်အလက်များကို CROWN Education Yangon Office အမှတ် ၂၇၅ ၊ ၃ လွှာ ၊ ကမ္ဘောဇတာဝါ ၊ စမ်းချောင်းမြို့နယ်နှင့် ဝ၁ ၅၂၇၈၃၈၊ ဝ၉ ၉၇၇ ၉၇၇ ၂ဝဝ သို့ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။