News

အင်္ဂလန်နိုင်ငံရှိ Newcastle Universityတွင် ပညာသင်ဆု £10000 (မြန်မာငွေကျပ်သိန်း ၁၇ဝကျော်)ဖြင့် သင်ကြားခွင့်ရရှိခဲ့သည့် ကျောင်းသူမအိကျော့ဇင်အတွက် CROWN Education မိသားစုမှ အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ရှေ့ဆက်ရမယ့်ပညာရေးမှာလည်း အစစအရာရာ အဆင်ပြေချောမွေ့ဖို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Newcastle Universityမှာ တက်ရောက်မှုအများဆုံးဘာသာရပ်တွေကဘာလဲ။ ပညာသင်ဆုလျှောက်ထားနိုင်လား။
Russell Group အဖွဲ့ဝင်တက္ကသိုလ်တစ်ခုဖြစ်ပြီး Teaching Excellence Framework ‘Gold Rating’ ရရှိထားတဲ့ Newcastle Universityမှာဆိုရင် နှစ်စဉ် နိုင်ငံပေါင်း (၁၂ဝ)ကျော်က ကျောင်းသား/သူပေါင်း (၂၀,ဝဝဝ)ကျော် လာရောက်စာသင်နေထိုင်လျက်ရှိပါတယ်။ ဒါ့အပြင် Newcastle Universityမှာ နိုင်ငံတကာကျောင်းသူ၊သားတွေအနေနဲ့ Business, Engineering, Digital Technology, Finance, Fine Arts, Health, Data, Energy နဲ့ Creative Arts ဘာသာရပ်တွေကို ရွေးချယ်သင်ယူလေ့ရှိပါတယ်။

ဒါတင်မကသေးဘဲ Newcastle Universityမှာ ပညာအရည်အချင်းထူးချွန်သူတွေအတွက် Vice-Chancellor’s International Scholarships အပြင် မြန်မာငွေကျပ် သိန်း (၁၇ဝ)ကျော် တန်ဖိုးညီမျှတဲ့ GREAT Scholarshipsတွေကိုလည်း ရွေးချယ်ပေးအပ်လျက်ရှိပါတယ်။

ကျောင်းဝင်ခွင့်ရဖို့ ဘာတွေလိုအပ်လဲ။ ယူကေမှာကျောင်းတက်တဲ့သူတွေအတွက် ဘယ်လိုအားသာချက်တွေရှိလဲ။
မြန်မာဆယ်တန်း၊ GCE ‘O’ levelအောင်မြင်ထားတဲ့ ကျောင်းသူ၊သားတွေအနေနဲ့ Newcastle Universityမှာ Foundation Programကနေ စတင်တက်ရောက်ရမှာဖြစ်ပါတယ်။ GCE ‘A’ level, IB (သို့မဟုတ်) CROWN Education and Royal Academic Instituteက ဖွင့်လှစ်သင်ကြားပေးနေတဲ့ American Grade 12 Program (GAC), Canada Grade 12 Program(OSSD)ပြီးထားတဲ့ ကျောင်းသူ၊သားတွေဆိုရင်တော့ Newcastle Universityရဲ့ တက္ကသိုလ်ပထမနှစ်ကနေသင်ကြားခွင့်ရရှိမှာဖြစ်ပါတယ်။

အခုဆိုရင် ယူကေမှာ ဘွဲ့ရတဲ့အခါ Post Study Work Visa (၂)နှစ်လျှောက်ထားခွင့်တွေအပြင် Newcastle Universityကိုရွေးချယ်တဲ့ ကျောင်းသူ၊သားတွေအတွက် အားသာချက်ကတော့ – သတ်မှတ်ထားတဲ့ Bachelor Degree, Master Degree သင်ယူတဲ့သူတွေအတွက် Sandwich Year Programsတွေအပြင်၊ ပြင်ပအဖွဲ့အစည်းတွေနဲ့ အတူတွဲလုပ်ရတဲ့ Projectsတွေလည်း စီစဉ်ပေးတာကြောင့် ပညာသင်ရင်းနဲ့ အလုပ်အတွေ့အကြုံရှာဖွေလိုတဲ့ မြန်မာကျောင်းသူ၊သားတွေအတွက် အကျိုးရှိစေတဲ့ ပရိုဂရမ်တွေလို့ ဆိုနိုင်ပါတယ်။

Newcastle Universityမှာ (၂ဝ၂၁)ခုနှစ်အတွက် လျှောက်ထားနိုင်တဲ့ Bachelor, Master Programတွေအကြောင်း၊ Scholarships နဲ့ ကျောင်းဝင်ခွင့်ဆိုင်ရာအချက်အလက်တွေကို အသေးစိတ်ထပ်မံသိရှိလိုပါက – CROWN Education၏ ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 450 056 300, 09 977 977 200 သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ပါတယ်။