News

Counselingအတွေ့အကြုံ (၈)နှစ်ကျော်ရှိပြီဖြစ်တဲ့ မကျော့မွန်သာဟာ CROWN Educationရဲ့ General Managerရာထူးအပြင် USA, UK, Australia, Canada, Switzerlandနိုင်ငံတွေအတွက် အဓိကတာဝန်ယူအကြံပေးနေတဲ့ Senior Counselorတစ်ယောက်ပါ။ သူမတာဝန်ယူထားတဲ့ နိုင်ငံတွေအတွက် ပညာရေးအကြံပေးမှုအပိုင်းမှာ မိဘနဲ့ ကျောင်းသူ၊သားတွေရဲ့စိတ်ချယုံကြည်မှုကို ရစေတာက . . . . .

“အမတာဝန်ယူထားရတဲ့ နိုင်ငံတွေရဲ့ တက္ကသိုလ်တွေကို ကိုယ်တိုင်သွားပြီးလေ့လာတယ်၊ Conferencesတွေ Trainingတွေတက်ရတယ်။ ကျောင်းတွေအကြောင်းကို ကျောင်းသားကိုယ်တိုင် ကျောင်းတစ်ကျောင်းစီရဲ့ Websiteမှာ လေ့လာလို့ရတဲ့အဆင့်ထက်ပိုပြီး သိအောင် ကြိုးစားရပါတယ်။ တစ်ကျောင်းနဲ့ တစ်ကျောင်းနှိုင်းယှဉ်ပြရတဲ့အခါ အားသာချက်၊အားနည်းချက် အသီးသီးရှိကြတာဖြစ်လို့ ဒါတွေကို ကျောင်းသားရော မိဘပါ သိအောင် အမတို့အနေနဲ့ ချပြဆွေးနွေးရပါတယ်။ ပြီးမှ သူတို့ရွေးချယ်မှုအပေါ်မှာ ကျောင်းလျှောက်တာ၊ Visa လျှောက်တာတွေနဲ့ နေရေးထိုင်ရေးကိစ္စတွေအတွက် ဝန်ဆောင်မှု ဆက်လက်ပေးရပါတယ်”

CROWN Educationမှာ အလုပ်စဝင်ကတည်းက ကျောင်းဝင်ခွင့်လျှောက်ထားပေးတဲ့အပိုင်း (Admission) မှာ စတင်တာဝန်ယူခဲ့တဲ့အတွက် အဲ့ဒီအတွေ့အကြုံတွေဟာ သူမကို ပိုမိုကျွမ်းကျင်တဲ့ Counselorတစ်ယောက်ဖြစ်အောင် ပံ့ပိုးပေးခဲ့ပါတယ်။

“Admissionနဲ့ Counselingက ခွဲထားလို့မရပါဘူး။ ကျောင်းတစ်ကျောင်းနဲ့ တစ်ကျောင်းမတူညီတဲ့ ဝင်ခွင့်သတ်မှတ်ချက်တွေ၊ မြန်မာကျောင်းသားတွေရဲ့ ပညာအရည်အချင်း လက်မှတ်တွေနဲ့ နိုင်ငံတစ်နိုင်ငံချင်းစီက တက္ကသိုလ်တွေရဲ့ အသိအမှတ်ပြုမှုစတဲ့အရေးကြီးတဲ့အချက်တွေကို Admissionပိုင်းမှာ တာဝန်ယူခဲ့စဉ်က အသေးစိတ်သိခဲ့ရတဲ့အတွက် Counselingလုပ်တဲ့အခါ အများကြီးအထောက်အကူဖြစ်ပါတယ်။”

“ပညာရေးဆိုတာ ဘဝအတွက် အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တဲ့အတွက် Counseling လုပ်တဲ့အခါ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ ပညာအရည်အချင်းနဲ့ သူတို့ဖြစ်ချင်တာလေးတွေပေါ်မူတည်ပြီး သူတို့အတွက် အသင့်တော်ဆုံးဖြစ်မယ့် လမ်းကြောင်းလေးတွေကို အကောင်းဆုံးကြိုးစားပြီး အကြံပေးပါတယ်”

CROWN Educationမှာ USA, UK, Australia, Canada, Switzerland, Singapore, Thailand, Japan, Korea အစရှိတဲ့နိုင်ငံတွေမှာ ပညာသင်ဖို့စိတ်ဝင်စားတဲ့ ကျောင်းသူ၊သားတွေ မိဘတွေအနေနဲ့ CROWN Educationရဲ့ နိုင်ငံအလိုက်ကျွမ်းကျင်မှုရှိပြီး အတွေ့အကြုံများတဲ့ Counselorsတွေနဲ့ တစ်ဦးချင်း Appointmentယူပြီး ဆွေးနွေးနိုင်သလို Pandemicကာလအတွင်း အွန်လိုင်းမှ ဆွေးနွေးလိုသူများအနေဖြင့်လည်း www.bit.ly/crownappointment လင့်ခ်မှတဆင့် Formဖြည့်သွင်းကာ အခမဲ့ပညာရေးဆိုင်ရာဆွေးနွေးမှုများရယူနိုင်ပြီဖြစ်ပါတယ်။