News

မြန်မာနိုင်ငံက ကျောင်းသား၊လူငယ်တွေအတွက် ပြည်ပနိုင်ငံထွက်ပြီး စာဆက်လက် သင်ကြားနိုင်ဖို့ဆိုတာ လွန်ခဲ့တဲ့(၁ဝ)နှစ်ဝန်းကျင်ထက် ပိုပြီးလွယ်ကူလာခဲ့သလို သွားရောက်ပညာသင်ကြားကြတဲ့ နိုင်ငံတွေကလည်း စင်္ကာပူ၊ထိုင်း၊ ဂျပန်၊ ယူအက်စ်၊ ယူကေတင်မကတော့ဘဲ ကနေဒါ၊ သြစတြေးလျ၊ ဆွစ်ဇာလန်၊ကိုရီးယား၊နယ်သာလန်၊ဂျာမနီအပြင် အခြားသော နိုင်ငံတွေမှာပါ နိုင်ငံတကာကျောင်းသားတွေနဲ့တန်းတူ အဆင့်မြင့်ပညာရပ်တွေကို ဆည်းပူးလာကြပါတယ်။
.
ကိုယ်လည်း တစ်နေ့နေ့တစ်ချိန်ချိန် FullBright, Chevening, AuSaid,…အစရှိတဲ့ ပညာသင်ဆုတွေ ရလို့ပဲ ဖြစ်ဖြစ် သက်ဆိုင်ရာ တက္ကသိုလ်တွေက ပေးအပ်တဲ့ ၂၅%-၁ဝဝ% (Partial/Full Scholarships) ပညာသင်ဆုတွေရရှိလို့ ကျောင်းသွားတက်တော့မယ်ဆိုရင် အရင်ဆုံးပြင်ဆင်ထားရမယ့် အချက်လေးတွေ ရှိတာကြောင့် မသိရှိသေးသူအားလုံးအတွက် ဗဟုသုတအဖြစ် ဝေမျှပေးလိုက်ပါတယ်။
.
Passport
■ ■ ■ ■
ကိုယ့်ရဲ့ ကိုယ်ရေး အချက်အလက်ကို ဖော်ပြပေးမယ့် Passport (တနည်းအားဖြင့် နိုင်ငံကူးလက်မှတ်ရှိထားရမှာဖြစ်ပြီး Passport သက်တမ်းကလည်း Up To Date ဖြစ်နေဖို့တော့ လိုပါတယ်။ အကြောင်းကြောင်းကြောင့် ကိုယ်ရဲ့ Passport ပျောက်ဆုံးသွားခဲ့ရင် သက်ဆိုင်ရာ နိုင်ငံတွေရဲ့ လူဝင်မှုကြီးကြပ်ရေးကို အချိန်မီ အကြောင်းကြားပေးဖို့ လိုပါတယ်။
.
School Transcripts
■ ■ ■ ■ ■ ■ ■ ■
School Transcripts (ပညာရေး မှတ်တမ်းဆိုင်ရာ စာရွက်စာတမ်း) ပြည့်စုံ ခိုင်မာမှု ရှိခြင်း၊ မရှိခြင်းကို ကြည့်ပြီး ကိုယ် လျှောက်ထားမယ့် တက္ကသိုလ်ဝင်ခွင့် ရခြင်း၊ မရခြင်းက ဆက်စပ်မှု ရှိပါတယ်။ ဒီအတွက် မြန်မာနိုင်ငံက ကျောင်းသားကျောင်းသူတွေဆိုရင် ကိုယ့်ရဲ့ ဆယ်တန်း အောင် လက်မှတ်၊ ဆယ်တန်း အမှတ်စာရင်း အစ ရှိတဲ့ ပညာရေးဆိုင်ရာ Transcript တွေ International School တွေမှာ တက်တဲ့ ကျောင်းသားကျောင်းသူတွေဆိုရင် GCE အမှတ်စာရင်းနဲ့ Certificate စတာတွေ ကိုယ့်လက်ထဲမှာ အဆင်သင့်ရှိနေဖို့ အရေးကြီးပါတယ်။
.
English Test Scores
■ ■ ■ ■ ■ ■ ■ ■ ■
အင်္ဂလိပ်စကားကို မိခင်ဘာသာအဖြစ် မဟုတ်ဘဲ Second Language အဖြစ် သင်ကြားပြောဆိုကြတဲ့နိုင်ငံက ကျောင်းသား ကျောင်းသူတွေ အတွက် English Test Scores (အင်္ဂလိပ်စာ အရည်အချင်း စစ်စာမေးပွဲရမှတ်) ကို တက္ကသိုလ်/ ကောလိပ်ဝင်ခွင့်အတွက် တစ်ပါတည်း ပေးပို့လျှောက်ထား ကြရလေ့ရှိပါတယ်။ IELTS, IELTS UKVI, TOEFL Test တွေကိုတော့ ဖြေဆိုရမှုအများဆုံးဖြစ်ပါတယ်။
.
ACT and SAT Test Scores
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
အမေရိကန်တက္ကသိုလ်/ကနေဒါတက္ကသိုလ်တွေအပြင် Ranking မြင့် တက္ကသိုလ်ကြီးတွေကို လျှောက်ထားကြတဲ့အခါ အချို့သော တက္ကသိုလ်များအနေနဲ့ ACT ရမှတ် (သို့) SAT ရမှတ်တွေ တောင်းခံလေ့ ရှိပါတယ်။ ဒီအတွက် ကိုယ် လျှောက်ထားချင်တဲ့ တက္ကသိုလ်အပေါ်မူတည်ပြီး ACT(သို့) SAT ရမှတ်ကို ကောင်းသထက် ကောင်းအောင် အချိန်ယူ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
.
Bank Statements
■ ■ ■ ■ ■ ■ ■ ■
နိုင်ငံတကာ တက္ကသိုလ်တွေမှာ သွားရောက်သင်ကြားကြမယ့် ကျောင်းသား/သူတိုင်းအနေနဲ့ ကိုယ်သွားရောက် သင်ကြားမယ့် တက္ကသိုလ်ရဲ့ တစ်နှစ်စာ သင်စရိတ်၊ နေထိုင်စားသောက်စရိတ် အတွက် ထောက်ပံ့ပေးနိုင်တဲ့ ဝင်ငွေရလမ်းကြောင်းနဲ့ မိဘရဲ့ Financial အခြေအနေမှန်ကို တင်ပြပေးဖို့ မဖြစ်မနေလိုပါတယ်။
.
Recommendation Letter
■ ■ ■ ■ ■ ■ ■ ■ ■ ■
အချို့သောတက္ကသိုလ်တွေလျှောက်ထားကြတဲ့အခါ မြန်မာနိုင်ငံမှာသင်ကြားခဲ့စဉ်က ကိုယ့်ရဲ့ ပညာရေးဆိုင်ရာအထောက်အထားနဲ့ စွမ်းဆောင်ရည်အတွက် ဆရာ၊ဆရာမ တစ်ဦးဦး(သို့) တစ်ဦးထက်ပိုတဲ့ ထောက်ခံချက် (Recommendation Letter)ကို တောင်းခံလေ့ရှိပါတယ်။
.
CV or Resume
■ ■ ■ ■ ■ ■
အချို့သောတက္ကသိုလ်/ကောလိပ်ဝင်ခွင့်တွေအတွက် ကိုယ့်ရဲ့ပညာရေးဆိုင်ရာနောက်ခံအခြေအနေ အပြင် အားလပ်ချိန်တွေမှာ ဘယ်လိုအကျိုးရှိရှိဖြတ်သန်းတယ် (ဥပမာ၊ Volunteering အတွေ့အကြုံ တွေ၊ အသင်းအဖွဲ့တွေမှာပါဝင်စွမ်းဆောင်မှုတွေ၊ ကျောင်းချိန်ပြင်ပ လှုပ်ရှားမှုတွေအကြောင်းကို) လိုတိုရှင်းမိတ်ဆက်ရေးသားပေးဖို့လိုပါတယ်။
.
Application fees
■ ■ ■ ■ ■ ■ ■
အချို့သော ကောလိပ်တွေလျှောက်ထားတဲ့အခါ ကျောင်းဝင်ခွင့်ဖောင်ကြေး (Applification form fees)ကို သက်ဆိုင်ရာကောလိပ်တွေရောက်မှ တစ်ပါတည်း ပေးဆောင်ရတာတွေရှိသလို မြန်မာနိုင်ငံကနေ စတင်ကျောင်းလျှောက်ထားတာနဲ့ ကျောင်းဘက်ကိုပေးဆောင်ရတဲ့ Application form fees တွေ အနည်းနဲ့အများ ရှိတတ်ပါတယ်။
.
Personal Statement or Personal Essay
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
ဒီအချက်ကိုတော့ ကျောင်းလျှောက်ထားရာမှာ မဖြစ်မနေထည့်သွင်းပေးဖို့ တက္ကသိုလ်နဲ့ကောလိပ်တွေကအများဆုံး တောင်းခံလေ့ရှိပါတယ်။ ကိုယ့်ရဲ့ Personal Statement (သို့) Personal Essayကို အင်္ဂလိပ်ဘာသာနဲ့ ရေးသား ဖော်ပြရမှာဖြစ်ပြီး Personal Essayကတစ်ဆင့် ကိုယ်ဟာ ဘယ်လိုကျောင်းသား၊ကျောင်းသူမျိုး ဖြစ်တယ်၊ ကျောင်းစာအပြင် ဘယ်နေရာမှာ ဘယ်လိုအားသာချက်တွေရှိတယ်ဆိုတာကို အကဲဖြတ်လက်ခံသွားမှာဖြစ်လို့ ရေးသားရမယ့် စာလုံးရေအလိုက် လိုတိုရှင်းဖော်ပြပေးနိုင်ဖို့တော့လိုပါတယ်။
.
ယူကေ၊ယူအက်စ်၊ကနေဒါ၊သြစတြေးလျ၊ဆွစ်ဇာလန်၊နယ်သာလန်၊စင်္ကာပူ၊ထိုင်း၊ဂျပန်၊ကိုရီးယားနိုင်ငံတွေမှာ ပညာသွားရောက်သင်ကြားလိုသူများအနေဖြင့် အမှတ်၂၇၅၊ KBZ Tower၊ ၃လွှာ၊ပြည်လမ်း၊စမ်းချောင်းမြို့နယ်။ ✆ ဝ၉ ၉၇၇-၉၇၇-၂ဝဝ၊ ဝ၉ ၄၄၅-၅၆၆-၇ဝ၁~၂ သို့ရုံးချိန်အတွင်း လာရောက်ဆွေးနွေးလျှောက်ထားနိုင်ကြောင်းသတင်းကောင်းပါးလိုက်ပါတယ်။