News

လူသားတွေရဲ့ ဦးနှောက်အတွင်းက အလုပ်လုပ်ပုံတွေ၊ စိတ်ခံစားချက်တွေ၊ အတွေးတွေကို Psychiatrists တွေရော Psychologists တွေပါ ကောင်းမွန်စွာ သိရှိနားလည်နိုင်သလို စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှုတွေရှိလာခဲ့တဲ့အခါ လိုအပ်တဲ့ ကုသနည်းတွေ၊ စိတ်ရောဂါကုထုံးတွေနဲ့ တစ်ချိန်တည်းမှာ ကုသပေးနိုင်ကြသူတွေလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဒီအချက်တစ်ခုတည်းအပေါ်မှာအခြေခံပြီး Psychology ဘာသာရပ်ကို လေ့လာသင်ယူထားတဲ့ Psychologist နဲ့ ဆေးပညာဘွဲ့တစ်ခုရထားပြီး စိတ်ကျန်းမာရေးအထူးကုတစ်ဦးအဖြစ် ဆက်လက်လေ့လာထားတဲ့ Psychiatrist အတူတူပဲလား မေးရင် မတူဘူးလို့ပဲ ဖြေပေးပါရစေ။

လူငယ်တွေအနေနဲ့လည်း တက္ကသိုလ်ပညာရေး ရွေးချယ်ကြတဲ့အခါ ပညာရေးနဲ့ အလုပ်အကိုင်အတွက် ဆေးပညာ၊ အင်ဂျင်နီယာ၊ အိုင်တီ၊ စီးပွားရေး၊ ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှု ဘာသာရပ်တွေကိုပဲ အဓိကသင်ယူခဲ့ရာကနေ Market Research, Human Resources Management, Advertising, Public Relation, Education, Child Development, Clinical & Counseling, Career Counselling စတဲ့ နယ်ပယ်တွေမှာ စိတ်ပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာတဲ့အတွက် Psychology ဘာသာရပ်ကိုပါ သင်ယူဖို့ စိတ်ဝင်စားလာကြပါတယ်။

ဒီနေ့ခေတ်မှာတော့ Psychology ဘွဲ့ရထားသူတွေအတွက် ပြည်တွင်း၊ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုများလာသလို ဝင်ငွေအနေနဲ့ဆိုရင်လည်း အမေရိကန်၊ ကနေဒါ၊ ယူကေ၊ သြစတြေးလျ၊ စင်္ကာပူစတဲ့ နိုင်ငံတွေမှာ Psychology ဘွဲ့ရစ လူငယ်တစ်ယောက်ရဲ့ လစာက ပုံမှန်ထက်မြင့်မားတဲ့ ဝင်ငွေရရှိကြပါတယ်။

ဒီအတွက် ကိုယ့်အနေနဲ့လည်း နိုင်ငံတကာ အသိအမှတ်ပြု Psychology ဘွဲ့ သင်ယူထားချင်တယ်၊ ကုန်ကျစရိတ်လည်း သက်သာချင်တယ်ဆိုတဲ့ ကျောင်းသား/သူတွေအတွက် Psychologyဘာသာရပ် သင်ကြားမှုတွေမှာ နာမည်ကြီးပြီး 100%, 50%, 25% Scholarships တွေနဲ့ပါ သင်ယူနိုင်မယ့် စင်္ကာပူနိုင်ငံက James Cook University အကြောင်း ပြောပြပေးချင်ပါတယ်။

James Cook University Singapore မှာ သင်ကြားပို့ချပေးနေတဲ့ Psychology ပရိုဂရမ်အားလုံးကို Australia Psychology Accreditation Council (APAC) ကနေ တရားဝင်အသိအမှတ်ပြုထားသလို လက်တွေ့ Clinical Experiencesတွေနဲ့ သင်ယူခွင့်ရနိုင်မှာဖြစ်ပါတယ်။

James Cook University Singapore မှာ သင်ယူနိုင်တဲ့ Psychology ပရိုဂရမ်တွေကတော့ –
· Diploma of Higher Education (Majoring in Psychological Science)
· Bachelor of Psychological Science
· Graduate Diploma of Psychology
· Master of Psychology (Clinical) တို့ ဖြစ်ပါတယ်။

Master of Psychology ပြီးထားသူတွေဆိုရင် Australian Psychological Society (APS) နှင့် Singapore Psychological Society တို့မှာ အသင်းဝင်လျှောက်ထားပြီး နိုင်ငံတကာမှာပါ Psychologist တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုနိုင်တဲ့ အခွင့်အရေးတွေကိုပါ ရနိုင်ပါတယ်။ ကျွမ်းကျင် Psychiatristတစ်ဦးဖြစ်လာဖို့ စုစုပေါင်း အချိန် (၁၁)နှစ်ဝန်းကျင်ထိ အချိန်ပေးရတတ်ပြီး ကျွမ်းကျင် Psychologistတစ်ဦး ဖြစ်လာဖို့အတွက်ကိုတော့ စုစုပေါင်း အချိန် (၄)နှစ် ကနေ (၆)နှစ်ဝန်းကျင်ထိ ပေးရတတ်ပါတယ်။

JCUS ရဲ့ ပညာသင်ဆုတွေကိုတော့ (၂၀၁၇) ခုနှစ်ကစပြီး ပညာထူးချွန်တဲ့ကျောင်းသား/သူတွေအတွက် 25%, 50%, 100% ပညာသင်ဆုတွေကို စာသင်နှစ်တစ်နှစ်စာ (၈ ဘာသာစာ)အတွက် Scholarship Test စစ်ဆေးပြီး ရွေးချယ်ပေးအပ်လေ့ရှိပါတယ်။ ဒီနှစ်မှာတော့ အရင်လို Scholarship Testနဲ့ စစ်ဆေးတာမျိုး မလုပ်တော့ဘဲ 2020 November Intake လျှောက်ထားကြမယ့် ကျောင်းသား/သူတွေထဲကနေ 25%, 50%, 100% ပညာသင်ဆုတွေ ရွေးချယ်ပေးသွားမှာဖြစ်လို့ အရင်နှစ်တွေထက်စာရင် ပညာသင်ဆုရဖို့ အခွင့်အရေးပိုများလာပါတယ်။

စင်္ကာပူနိုင်ငံမှာ တက်ရောက်ပြီး သြစတြေးလျဘွဲ့ ရယူချင်တဲ့ ကျောင်းသား/သူ၊ မိဘတွေအနေနဲ့ အသေးစိတ် အချက်အလက်တွေကို ထပ်မံသိရှိလိုပါက – CROWN Education ၏ ရုံးဖုန်းနံပါတ်များဖြစ်သည့် +95(9)250 023 288, 977 977 200 သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ပါတယ်။