News

■ နိုင်ငံတကာတက္ကသိုလ်များတွင် ပညာသွားရောက်သင်ကြားနေသူမြန်မာကျောင်းသား၊ကျောင်းသူများအနေဖြင့် နိုင်ငံတကာတွင်ကူးစက်ပျံနှံ့မှုနှုန်းမြင့်မားလာသည့် ကိုရိုနာဗိုင်းရပ်စ် COVID-19မှကာကွယ်နိုင်မည့်နည်းလမ်းများကို မမေ့လျော့ဘဲ သတိပြုနိုင်ဖို့ မျှဝေပေးလိုပါသည်။
.
■ ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ဖျားနာသည့်လက္ခဏာတစ်စုံတစ်ရာတွေ့ရှိခဲ့ပါက –

✅ ပုံမှန်အတန်းချိန်များကို မဖြစ်မနေတက်ရောက်ခြင်းမှ ရှောင်ရှားပါ။
.
✅ ကျောင်းတွင်းရှိ ဆေးခန်း/တာဝန်ကျဆရာဝန်/မိမိနေထိုင်ရာ မြို့နှင့်သက်ဆိုင်သည့် ဆက်သွယ်ရမည့် Emergency Contactများသို့ အချိန်မီအကြောင်းကြားပါ။
.
✅ ဖျားနာနေသူနှင့်အနီးကပ်နေထိုင်ခဲ့ဖူးပါက မိမိတို့၏ကျန်းမာရေးအခြေအနေများကို ပုံမှန်သတင်းပို့ရန်နှင့် အနီးကပ်ပြုစုစောင့်ရှောက်ရပါက ခွဲစိတ်ခန်းသုံး ပါးစပ်နှင့် နှာခေါင်းစည်း (Surgical Mask)နှင့် လိုအပ်ပါက တစ်ခါသုံး ရာဘာလက်အိတ်ဝတ်ဆင်ပြီးမှ ကိုင်တွယ်ပါ။
.
✅ မလိုအပ်ဘဲ အဆောင်/နေအိမ်ပြင်ပသို့ သွားလာခြင်းမှ ရှောင်ရှားပါ။
.
✅ လက်ကို ဆပ်ပြာဖြင့်မကြာခဏ စင်ကြယ်စွာဆေးကြောရန် စသည့်အချက်များကို အလေးအနက်ထားလိုက်နာဖို့ လိုအပ်ပါသည်။
.
■ တစ်ကိုယ်ရည် ကြိုတင်ကာကွယ်မှုအနေဖြင့် –

✅ နေ့စဉ်အချိန်ပေးပြီး မိမိတို့ရဲ့ လက်ကို စင်ကြယ်အောင် မကြာခဏစနစ်တကျ ဆေးကြောပါ၊
.
✅ နှာချေ ၊ ချောင်းဆိုးကြသည့်အခါမျိုးတွင် နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင် ဖုံးအုပ်ပါ၊၊ တစ်ရှူးအသုံးပြုပါက အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပါ၊၊ လက်ကို စနစ်တကျ ပြန်လည်ဆေးကြောသန့်စင်ပါ၊၊
.
✅ တစ်ကိုယ်ရေသန့်ရှင်းမှု အထူးဂရုပြုဆောင်ရွက်ပါ၊၊ အာဟာရပြည့်ဝစွာ စားသုံးပါ၊၊ ကောင်းစွာအိပ်စက် အနားယူပါ၊၊
.
✅ လူထူထပ်သည့် နေရများသို့ သွားလာခြင်းမှ တတ်နိုင်သမျှ ရှောင်ကြဉ်ပါ၊၊
.
✅ အများပြည်သူသုံး နေရာများရှိ ဓါတ်လှေကားခလုတ်များ၊ စက်လှေကား လက်ရမ်းများနှင့် တံခါးလက်ကိုင်များကို မလိုအပ်ဘဲ ကိုင်တွယ်ခြင်းမပြုပါနှင့်၊ ကိုင်တွယ်ပြီးပါက လက်ကို စနစ်တကျ ပြန်ဆေးပါ။
.
✅ သက်ဆိုင်ရာနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးဌာနများ၏ ထုတ်ပြန်ကြေငြာချက်များအတိုင်း လေးလေးစားစားလိုက်နာဆောင်ရွက်ပါ။
.
■ ဖော်ပြပါ အချက်များကိုလိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ် COVID-19မှ အတူတူကာကွယ်နိုင်မည်ဖြစ်ပါသည်။