News

UC Berkeley, UC Irvine, UC Davis စတဲ့ အမေရိကန်ထိပ်တန်းတက္ကသိုလ်တွေကို ဝင်ရောက်ဖို့အတွက် နှစ်စဉ် နိုင်ငံတကာကျောင်းသားကျောင်းသူတွေ တက်ရောက်ပြင်ဆင်လေ့ရှိတဲ့ San Jose City College(SJCC)နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

နိုင်ငံတကာကျောင်းသား၊ကျောင်းသူတွေအနေနဲ့ San Jose City College (SJCC)မှာ ဘာသာရပ်ပေါင်း ၅၀ ကျော်ရွေးချယ်သင်ကြားနိုင်ပြီး Accounting, Business, Education, Media Arts, Medical/Dental Assisting, Technologyစတဲ့ ဘာသာရပ်တွေကတော့ ကျောင်းသား၊ကျောင်းသူတွေကြား ရွေးချယ်သင်ကြားမှုအများဆုံးနေရာမှာ ရှိနေပါတယ်။ ကမ္ဘာကျော် Apple, Google, eBay ရုံးချုပ်တွေတည်ရှိရာ Silicon Valleyရဲ့ အချက်အချာနေရာမှာတည်ရှိသလို STEMဘာသာရပ်နဲ့ ဘွဲ့ရရှိသူတွေကို အများဆုံး ပို့ပေးထားနိုင်တဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

ကယ်လီဖိုးနီးယား ထိပ်တန်းတက္ကသိုလ်ကြီးတွေမှာ တစ်နှစ်စာသင်စရိတ်အမေရိကန်ဒေါ်လာ ၁၇၀၀၀ ကနေ ၄၀၀၀၀ ဝန်းကျင်အထိကုန်ကျမှာဖြစ်ပြီး SJCCမှာ တက်ရောက်သင်ကြားခြင်းဖြင့် တစ်နှစ်စာ စာသင်စရိတ် အမေရိကန်ဒေါ်လာ ၆၀၀၀ ဝန်းကျင်ခန့်သာကျသင့်မှာဖြစ်ပါတယ်။ဒါ့အပြင် မြန်မာငွေကျပ် သိန်း(၂၀)ပမာဏရှိတဲ့ ပညာသင်ထောက်ပံ့ကြေးတွေကိုလည်း CROWN Educationကတစ်ဆင့် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

အမေရိကန်တက္ကသိုလ်ပညာရေးကိုစိတ်ဝင်စားသူများအတွက် San Jose City Collegeတွင်သင်ကြားနိုင်မည့် ဘာသာရပ်များအကြောင်း၊ UCထိပ်တန်းတက္ကသိုလ်ဝင်ခွင့်ဆိုင်ရာအသေးစိတ်အချက်အလက်များကို အမှတ် ၂၇၅ ၊ ၃ လွှာ၊ ကမ္ဘောဇတာဝါ ၊ စမ်းချောင်းမြို့နယ် ✆ ဝ၁ ၅၂၇ ၈၃၈ ၊ ၀၉ ၄၄၅၅ ၆၆ ၇၀၁~၇၀၂ သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။