News

ဒီတစ်ခါမှာတော့ မြန်မာဆယ်တန်း/iGCSEဖြေဆို အောင်မြင်ထားတဲ့ ကျောင်းသား၊ကျောင်းသူတွေအတွက် အမေရိကန် တက္ကသိုလ်တွေနဲ့ ကောလိပ်တွေမှာ သင်ယူမှုအများဆုံးဘာသာရပ်ဖြစ်လာတဲ့ STEMဘာသာရပ်တွေနဲ့ မိတ်ဆက်ပေးလိုပါတယ်။

STEMဘာသာရပ်တွေကဘာတွေလဲ? သင်ယူမှုများပြားလာတဲ့STEMဘာသာရပ်တွေက-

Science-Technology-Engineering-Mathematicsစတဲ့ဘာသာရပ်တွေကို STEMဘာသာရပ်တွေအဖြစ်အသိများကြပါတယ်။ နိုင်ငံတကာကျောင်းသား၊ကျောင်းသူတွေအနေနဲ့ အမေရိကန်တက္ကသိုလ်/ကောလိပ်ပညာရေး ရွေးချယ်တက်ရောက်တဲ့အခါ Business and Information Technology, Computer Science, Architecture, Civil Engineering, Petroleum Engineering, Aerospace Engineering, Nuclear Engineering, Software Engineeringစတဲ့ STEMဘာသာရပ်တွေကိုအများဆုံးရွေးချယ်လေ့ရှိပါတယ်။

STEMဘာသာရပ်သင်ကြားထားသူတွေအတွက် Google, Apple, eBay, Cisco, HP Inc, Intel, Facebook, Netflix, Nvidia, San Disk, Telsa Inc. Visa, Yahooစတဲ့ ကုမ္ပဏီကြီးတွေမှာ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုများပြားနိုင်တဲ့အချက်ကြောင့် အဆိုပါဘာသာရပ်တွေကို ရွေးချယ်သင်ကြားလိုသူတွေများလာတာဖြစ်ပါတယ်။

STEMဘာသာရပ်တွေကို ရွေးချယ်တက်ရောက်တဲ့အခါ တက္ကသိုလ်/ကောလိပ်အပေါ်မူတည်ပြီး တစ်နှစ်စာသင်စရိတ်အနေနဲ့ အမေရိကန်ဒေါ်လာ၅ဝဝဝကနေ ၅ဝဝဝဝအထိကုန်ကျမှုရှိပြီး CROWN Educationကတစ်ဆင့် ၂၀၁၉-၂၀၂၀ပညာသင်နှစ် လျှောက်ထားသူတွေအတွက် အမေရိကန်ဒေါ်လာ ၅၀၀၀မှ ၂၀၀၀၀ အထိရရှိနိုင်မယ့် အထူးပညာသင်ဆုများအပြင် ပညာသင်ထောက်ပံ့ကြေးတွေလည်းရှိနေပါတယ်။

STEMဘာသာရပ်များကို အမေရိကန်တက္ကသိုလ်/ကောလိပ်များတွင် ဆက်လက်သင်ကြားလိုသူ ဆယ်တန်း/iGCSEကျောင်းသား၊ကျောင်းသူများအတွက် ကျောင်းဝင်ခွင့်ဆိုင်ရာ အသေးစိတ်အချက်အလက်များ၊ပညာသင်ဆုများကို CROWN Education Yangon Office အမှတ် ၂၇၅ ၊ ၃ လွှာ ၊ ကမ္ဘောဇတာဝါ ၊ စမ်းချောင်းမြို့နယ် ✆ ဝ၁ ၅၂၇ ၈၃၈၊ ဝ၉ ၉၇၇ ၉၇၇ ၂ဝဝ သို့ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။