News

ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်ကိုင်နိုင်ခွင့်၊ Paid Internship၊ Co-Op Educationနဲ့ သင်ယူနိုင်ခွင့်၊ သက်ဆိုင်ရာ ဘွဲ့နဲ့ အလုပ်လုပ်ပြီး တစ်နှစ်အတွင်း Permanent Residence (PR) လျှောက်ထားနိုင်ခွင့်တွေကို စဉ်းစားနေတယ်ဆိုရင်တော့ ကနေဒါနိုင်ငံ တက္ကသိုလ်ပညာရေးကို ရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ…

အပေါ်မှာ ပြောပြခဲ့တဲ့ အချက်တွေကို အလေးအနက်ထားစဉ်းစားချင်တဲ့ ကျောင်းသား/သူတွေအတွက် ကမ္ဘာ့ထိပ်တန်း Top 3% စာရင်းဝင်ပြီး British Columbia ပြည်နယ်ရှိ Burnaby, Surrey, Vancouver လို မြို့ကြီးတွေမှာ သင်ယူနိုင်မယ့် Simon Fraser University (SFU) အကြောင်း ပြောပြပေးချင်ပါတယ်။

SFUလို့ လူသိများတဲ့ Simon Fraser Universityဟာဆိုရင် NCAAအဖွဲ့ရဲ့ အသိအမှတ်ပြုခြင်းကို ပထမဆုံးရရှိခဲ့တဲ့ တက္ကသိုလ်ဖြစ်ပြီး Science and Engineering ဘာသာရပ်နဲ့ Social Scienceဘာသာရပ် သင်ကြားမှုတွေမှာ နာမည်ကြီးပါတယ်။ တစ်နှစ်စာသင်စရိတ်အနေနဲ့ CAD 29,000 ဝန်းကျင်ခန့်သာ ကုန်ကျမှာဖြစ်ပြီး ပညာထူးချွန်သူတွေအတွက် Academic Scholarship တွေကိုလည်း ချီးမြှင့်ပေးအပ်လျက်ရှိပါတယ်။ ကနေဒါနိုင်ငံမှာ ပညာဆည်းပူးလိုသူ မြန်မာကျောင်းသား၊ကျောင်းသူတွေအတွက် လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ Simon Fraser University – SFU မှာ ကျောင်းဝင်ခွင့် တိုက်ရိုက်မရရှိသူတွေအတွက် University Transfer Program (UTP Stage Iနဲ့ UTP Stage II) ကို Pathway Programs တွေကနေ အဆင်ပြေပြေ သင်ယူနိုင်ဖို့ကိုလည်း စီစဉ်ပေးထားပါတယ်။

ကနေဒါနိုင်ငံရဲ့ Burnaby, Surrey, Vancouverလို မြို့တွေမှာ ကျောင်းတက်ချင်တယ်၊ စာသင်စရိတ်သက်သာခွင့်ရချင်တယ်ဆိုတဲ့ မြန်မာကျောင်းသား/သူတွေအတွက် Simon Fraser University – SFU မှာတက်ရောက်ဖို့ ပြင်ဆင်ထားသင့်တဲ့အချက်တွေ ၊ Pathway Programs ပညာရေးလမ်းကြောင်းတွေ ၊ သင်ယူနိုင်မယ့် ဘာသာရပ်တွေ နဲ့ တခြားသိလိုတဲ့ အချက်အလက်တွေကို ဆွေးနွေးဖြေကြားပေးဖို့ ကျောင်းဘက်က တာဝန်ရှိသူနဲ့ စက်တင်ဘာလ (၁၉)ရက်နေ့ အွန်လိုင်းမှာ တိုက်ရိုက်မေးမြန်းနိုင်ဖို့ CROWN Education က စီစဉ်ပေးထားပါတယ်။

စက်တင်ဘာလ (၁၉)ရက်နေ့ Online Sharing Session အတွက် အောက်ပါလင့်ခ်မှတဆင့် Formဖြည့်ကာ တက်ရောက်နိုင်ပါသည်။
http://bit.ly/crownsep19

🗓 Date – 19.September.2020 (SATURDAY)
⏰ Time – 10:00 A.M to 12:00 P.M
💢 Place – Zoom