News

အမေရိကန် Ranking မြင့် Public University မှာ ကျောင်းတက်ဖို့ စီစဉ်ထားတဲ့ ကျောင်းသား/သူတွေဆိုရင် Business, Management, Marketing, Nursing, Psychology, Clinical Psychology, Biomedical Sciences ဘာသာရပ် သင်ကြားမှုမှာ နာမည်ကြီးတဲ့ မက်ဆာချူးဆက် ပြည်နယ်အတွင်းက UMass Bostonတက္ကသိုလ်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ မက်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့မှာ တတိယအကြီးဆုံး Campusကို ပိုင်ဆိုင်ထားတဲ့ University of Massachusetts (UMass Boston) ဟာဆိုရင် QS World University Rankingသတ်မှတ်ချက်အရ မက်ဆာချူးဆက် ပြည်နယ်အတွင်း တက္ကသိုလ်ရပ်တည်မှု အဆင့် (၉) နဲ့ အမေရိကန်ထိပ်တန်းတက္ကသိုလ်(၁ဝဝ)စာရင်းမှာ အဆင့်(၇၉)ရှိတဲ့ Public Research တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။

အမေရိကန် Rankingမြင့် Public တက္ကသိုလ်မှာ ကျောင်းသွားတက်ချင်တယ်… ပညာရေးထူးချွန်မှုအလိုက် ပညာသင်ဆုလည်း လျှောက်ထားကြည့်ချင်တယ်…ဆိုတဲ့ ကျောင်းသား/သူ၊မိဘ/အုပ်ထိန်းသူတွေအတွက် စက်တင်ဘာလ (၁၉)ရက်နေ့မှာ အောက်ပါအစီအစဉ်အတိုင်း အွန်လိုင်းကနေ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

အဆိုပါ အွန်လိုင်း ဆွေးနွေးပွဲအတွင်း –
အမေရိကန်နိုင်ငံမှာ ပညာသင်ကြားမယ်ဆိုရင် စာသင်စရိတ်အပြင် တခြားကုန်ကျစရိတ်တွေက ဘယ်လောက်ရှိတတ်သလဲ..
အမေရိကန်မှာ Public University တက်တဲ့အခါ အားသာချက်၊အားနည်းချက်တွေက ဘာတွေဖြစ်မလဲ…
အမေရိကန်မှာ ပညာသင်ကြားဖို့ ရည်ရွယ်ထားတယ်ဆိုရင် COVID-19 ကာလမှာ ဘာတွေပြင်ဆင်ထားသင့်လဲ…
ကျောင်းတက်ရင်း အလုပ်လုပ်ခွင့်ရှိလား… တက္ကသိုလ်ဝင်ခွင့်ရဖို့ ဘာတွေလိုမလဲ…
အောင်မြင်တဲ့ Careerတစ်ခုကို တည်ဆောက်နိုင်ဖို့ ဘယ်လို အထူးပြုဘာသာရပ်တွေကို ဦးစားပေးရွေးချယ်သင့်လဲ…
ကျောင်းပြီးသွားရင် ကိုယ့်အတွက် ဘယ်လို အလုပ်အကိုင် အခွင့်အလမ်းတွေရှိလဲ… စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

စက်တင်ဘာလ (၁၉)ရက်နေ့ Online Sharing Session အတွက် အောက်ပါလင့်ခ်မှတဆင့် Formဖြည့်ကာ တက်ရောက်နိုင်ပါသည်။
http://bit.ly/crownsep19

🗓 Date – 19.September.2020 (SATURDAY)
⏰ Time – 10:00 A.M to 12:00 P.M
💢 Place – Zoom