News

က​နေဒါနိုင်ငံဟာဆိုရင် ယခုအခါမှာ နိုင်ငံတကာ ကျောင်းသား ကျောင်းသူ​တွေ ရဲ့ တက္ကသိုလ်ပညာ​ရေးအတွက် ရွေးချယ်စရာနိုင်ငံတစ်ခု ဖြစ်လာပြီပဲ ဖြစ်ပါတယ်။ အခုပို့စ်မှာတော့ က​နေဒါနိုင်ငံ Ontario စီရင်စုမှာရှိတဲ့ University of Windsor ဆိုတဲ့ တက္ကသိုလ်​ တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

University of Windsor ဟာဆိုရင် က​နေဒါနိုင်ငံ နဲ့ North America ရဲ့ Border Line လဲဖြစ် တဲ့ Detroit River နားမှာ တည်ရှိ​နေတာပဲ ဖြစ်ပါတယ်။ ဒီလို အချက်အချာ ကျတဲ့ နေရာမှာ တည်ရှိ​နေပြီး က​နေဒါ နဲ့ America ရဲ့ နယ်စပ်​ဒေသနားမှာ ရှိ​နေတဲ့တွက် နိုင်ငံတကာ ကျောင်းသား​တွေအတွက် အလုပ်အကိုင်အခွင့်အ​ရေး​တွေ ရရှိနိုင်မယ့်အပြင် US Michigan State ရဲ့မြို့​တော် Detroit ကို လည်း အလွယ်တကူ သွား​ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် University of Windsor ဟာ က​နေဒါနိုင်ငံရဲ့ National Ranking မှာ အဆင့်​၂၂ နေရာမှာရပ်တည်​နေတဲ့အတွက် က​နေဒါနိုင်ငံရဲ့ တက္ကသိုလ်​ကောင်း​ တစ်ခုပဲ ဖြစ်ပါတယ်။

University of Windsor မှာဆိုရင် ဘယ်လို ဘာသာရပ်​တွေကို သင်လို့ရနိုင်မလဲ။
ဘာသာရပ်​တွေအ​နေနဲ့ က​တော့ –
1.Business Administration,
2.Communication Media and film
3.Economics
4.Civil Engineering
5.Engineering Technology
6.Computer Science
7.Education အစရှိသဖြင့် ဘာသာရပ်​တွေကို လေ့လာနိုင်မှာ ပဲဖြစ်ပါတယ်။ ဒါ့အပြင် University of Windsor ရဲ့ အားသာချက်က ဘာသာရပ်​တော်​တော်များများ မှာကျောင်းသား၊သူ​တွေအ​တွက် Co-op Education Option ရှိထားခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုရှိထားတဲ့အတွက် ကျောင်းသား၊သူ​တွေအ​နေနဲ့ စာတွေ့​ရောလက်​တွေ့ပါ တစ်ခါတည်းပြင်ဆင်သွားနိုင်မှာပဲ ဖြစ်ပါတယ်။ ကျောင်းလခ အ​နေနဲ့ က​တော့ဘသာရပ်​ပေါ်မူတည်ပြီး တစ်နှစ်စာ ပျမ်းမျှ စာသင်စရိတ် USD 17600 – 20000 နီးနီး​လောက်သာ ကုန်ကျမှာပဲ ဖြစ်ပါတယ်။ ကျောင်းဝင်ခွင့်​ အ​နေနဲ့က​တော့ ကျောင်းသား၊သူ​တွေ အ​နေနဲ့ က​နေဒါ အစိုးရ အသိအမှတ်ပြု ၁၂ တန်းပညာ​ရေး သို့ OSSD(Ontario Secondary School Diploma) ပြီးထားဖို့ လိုအပ်ပါတယ်။

University of Windsor တက္ကသိုလ် ဝင်ခွင့်နဲ့ပတ်သက်ပြီး CROWN Education ရဲ့ ဖုန်းနံပါတ် +95(9) 977 977 200 (YGN) နှင့် 975 800 800 (MDY) ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းကောင်းပါးပါရစေ။