News

VET Programဆိုတာ…
VET လို့အတိုကောက်ခေါ်ဝေါ်နေကြတဲ့ Vocational Education and Training ဆိုတာ မိမိတို့သင်ယူတတ်မြောက်လိုတဲ့ နယ်ပယ်ဆိုင်ရာပညာရပ်တွေကို ကျွမ်းကျင်တတ်မြောက်အောင် လက်တွေ့သင်ကြားပေးတဲ့ courses တွေဖြစ်ပါတယ်။

ဘယ်သူတွေတက်သင့်လဲ…
VET courses တွေက လက်တွေ့လုပ်ငန်းခွင်မှာ အသုံးဝင်မယ့် occupational skills တွေကို အဓိကသင်ကြားပေးတာဖြစ်လို့ အလုပ်နယ်ပယ်စတင်ဝင်ရောက်မယ့်သူတွေ ၊ ရှိပြီးသား knowledge and skills တွေကို upgrade လုပ်ချင်သူတွေ ၊ လက်ရှိအလုပ်နဲ့ကွဲပြားတဲ့ တခြား career တစ်ခုခုကို ရွေးချယ်လိုသူတွေအတွက် ရွေးချယ်တက်ရောက်သင့်ပါတယ်။ (တချို့ VET courses တွေကတော့ သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိထားမှ ကျောင်း ဝင်ခွင့်ရပါတယ်)

ဒါ့အပြင် Australia ရှိ တက္ကသိုလ်ကြီးတွေမှာ ကျောင်းစတင်တက်ရောက်ဖို့ ကျောင်းဝင်ခွင့်မမှီ၍သော်လည်းကောင်း ၊ ကျောင်းစာသင်စရိတ်လျှော့လို၍သော်လည်းကောင်း ဆယ်တန်း ၊ တက္ကသိုလ်တက်လက်စ ၊ IGCSE ကျောင်းသားကျောင်းသူတွေ အနေနဲ့VET courses တွေကို Higher Education Pathways အဖြစ် တက်ရောက်နိုင်ပါတယ်။

VET Program ဘယ်နှစ်မျိုးရှိလဲ…
– Certificate ( ရွေးချယ်တက်ရောက်နေတဲ့ ဘာသာရပ်တွေရဲ့အခြေခံသဘောတရားတွေကို လက်တွေ့သင်ကြားပေးတဲ့ course level ပါ။ Duration – ၆ လကနေ ၂ နှစ်ထိ)
– Diploma ( ရွေးချယ်တက်ရောက်နေတဲ့ ပညာရပ်တွေမှာ professional တစ်ယောက်အဖြစ်ရပ်တည်လို့ရနိုင်တဲ့အထိ သင်ကြားပေးတဲ့ course level ပါ။ Duration – ၁ နှစ် ကနေ ၂ နှစ်ထိ)
– Advanced Diploma ( ရွေးချယ်တက်ရောက်နေတဲ့ ပညာရပ်နယ်ပယ်တစ်ခုကို Advanced level/ Managing level ထိသင်ယူတတ်မြောက်နိုင်ပါတယ်။ Duration – ၁ နှစ်ခွဲ ကနေ ၂ နှစ်ထိ)
– Vocational Graduate Certificate/ Diploma ( အထက်က Certificate နဲ့ Diploma နဲ့ duration တူတူပါပဲ။ ဒီ course level ကတော့ ဘွဲ့ရပြီးသားသူတွေအတွက်ပါ)
– English Language Courses ( English အားနည်းတဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့ English level ပေါ်မူတည်ပြီး အနည်းဆုံး ၁၀ ပတ်ခန့် ကနေ အများဆုံး ၄၈ ပတ်ထိ တက်ရနိုင်ပါတယ်)

VET Programကိုရွေးချယ်သင့်လား…
Australia ရှိ တက္ကသိုလ်တွေမှာ ကျောင်းတက်မယ်ဆိုရင် တစ်နှစ်ကို စာသင်စရိတ် ပျမ်းမျှ မြန်မာငွေသိန်း ၃၅၀ ခန့် ကုန်ကျနိုင်ပါတယ်။ ဒါပေမဲ့ ဒီ VET courses တွေကတော့ ပျမ်းမျှ တစ်နှစ်ကို စာသင်စရိတ် မြန်မာငွေ သိန်း ၅၀ ခန့်ကနေ သိန်း ၂၀၀ ခန့်သာ ကုန်ကျမှာဖြစ်ပါတယ်။ VET Diploma နဲ့Advanced Diploma courses တွေတက်ရောက်အောင်မြင်ပြီးရင်လည်း ကိုယ်နဲ့ သင့်တော်တဲ့ တက္ကသိုလ်ကြီးတွေမှာ ဘွဲ့ရတဲ့ အထိဆက်လက်တက်ရောက်နိုင်ပါတယ်။ ဒါ့အပြင် VET courses တွေဆိုတာက Theory ကိုချည်း အခြေခံပြီး သင်ကြားတာမဟုတ်ပဲ မိမိတတ်မြောက်လိုတဲ့ ပညာရပ်ကို လက်တွေ့အသုံးချနိုင်တဲ့အထိ သင်ကြားပေးတဲ့ courses တွေဖြစ်လို့ မိမိတို့ လုပ်ကိုင်လိုတဲ့ career လမ်းကြောင်းအတွက် များစွာအထောက်အကူပြုပါတယ်။

VET Programတက်ရင်း အချိန်ပိုင်းအလုပ်လုပ်ခွင့်ရှိလား…
VET courses တွေတက်ရောက်နေစဉ် Part-Time Jobs တွေတစ်ပါတ်ကို နာရီ (၂၀) ထိ လုပ်ကိုင်ခွင့်ရှိပါတယ်။

VETတက်ပြီးရင် သြစတြေးလျမှာ ဆက်လက်နေထိုင်ခွင့်/အလုပ်လုပ်ခွင့်ရှိလား…
VET courses တွေတက်ရောက်ဖို့စိတ်ဝင်စားတဲ့ကျောင်းသူကျောင်းသားတွေအနေနဲ့ ဒီ courses တွေပြီးရင် Australia မှာ အလုပ်ဆက်လုပ်ကိုင်ခွင့်ရနိုင်မလားဆိုရင်တော့ ရနိုင်ခြေအင်မတန်နည်းတယ်လို့ပဲ ပြောပါရစေ။ Graduate Work Stream အောက်ကလျှောက်လို့ရပေမဲ့ မိမိတက်ရောက်ခဲ့တဲ့ course duration ၊ ဘာသာရပ် ၊ လျှောက်ခွင့်ရနိုင်မယ့် အလုပ်အမျိုးအစားနဲ့ position သတ်မှတ်ချက်များရှိတာကြောင့် VET courses တွေပြီးရင် Australia မှာ အလုပ်ဆက်လက်လုပ်ကိုင်ခွင့်ရဖို့ဆိုတာကတော့ သိပ်မလွယ်ကူလှပါဘူး။

VET courses တွေပြီးဆုံးလို့ Higher Education Courses (Degree courses) တွေ ဆက်လက်သင်ယူဖို့ဆိုရင်တော့ မိမိဆက်လက်သင်ယူမယ့်တက္ကသိုလ်မှ Confirmation of Enrollment (CoE) ထုတ်ပေးပြီးတဲ့နောက် Student Visa အသစ်ပြန်လျှောက်ဖို့လိုအပ်ပါတယ်။
.
ကဲ ဒါဆိုရင် သြစတြေးလျနိုင်ငံက VET Programနဲ့ ပတ်သက်ပြီး အနည်းနဲ့အများဆိုသလို သိရှိသွားလောက်ပြီထင်ပါတယ်နော်…
သြစတြေးလျနိုင်ငံတက္ကသိုလ်ပညာရေးနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်လေးတွေကို တစ်ခါတည်းနဲ့ပြည့်ပြည့်စုံစုံသိချင်တယ်ဆိုရင်တော့ CROWN Educationရဲ့ ဖုန်းနံပါတ်ဖြစ်တဲ့ (09) 977 977 200, 975 800 800 ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းစကားပါးလိုက်ပါတယ်။