Uncategorized

[ဖတ်ရန် ကြာမြင့်ချိန် : ၃မိနစ်]
.
❑ Internshipဆိုတဲ့စကားလုံးကို လူတိုင်းရင်းနှီးကြမယ်လို့ ထင်ပါတယ်။ များသောအားဖြင့် internshipဆိုတာ နိုင်ငံတကာမှာဆိုရင် တက္ကသိုလ်ပြီးခါစဘွဲ့ရ(သို့) တက္ကသိုလ်ဒုတိယနှစ်ကျောင်းသား/သူတွေကို Companyတွေကနေ အလုပ်သင်အခွင့်အရေး ပေးတဲ့အနေနဲ့အလုပ်နေရာခေါ်ယူခြင်းဖြစ်ပါတယ်။
.
❑ ဒီလို Internshipလုပ်ခြင်းကတစ်ဆင့် ကျောင်းသား/သူတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲ…

✅ အလုပ်သင်ဘဝနဲ့ Companyအဖွဲ့အစည်းတွေမှာ ဝင်လုပ်လုပ်ကိုင်ခွင့်ရတဲ့အခါ ကျောင်းသားတွေအနေနဲ့ မိမိရဲ့ ရေရှည်careerအတွက် ဘယ်အပိုင်းကတော့ အမှန်တကယ်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာသိရှိဖို့ အခွင့်အရေးများပါတယ်။ ဒါတင်မကသေးဘဲ တက္ကသိုလ်တွေမှာစာတွေ့အနေနဲ့သင်ကြားခဲ့ရတဲ့ သီအိုရီတွေကို လက်တွေ့မှာ ဘယ်လိုအသုံးချမယ်ဆိုတာကို ကိုယ်တိုင်လေ့လာနိုင်မယ့် အခွင့်အရေးလည်းဖြစ်ပါတယ်။
.
✅ ဒါ့ကြောင့် ကိုယ့်အနေနဲ့ ကျောင်းသားဘဝမှာ internship ဆင်းထားခဲ့မယ်ဆိုရင် CV ရေးသားဖော်ပြတဲ့အခါ work experienceအဖြစ်ရေးသားနိုင်သလို internshipဆင်းခဲ့တဲ့ company ကနေreference letterကိုလည်း တောင်းဆိုနိုင်ပါတယ်။
.
✅ ဒီအတွက်ကျောင်းအပြီးအလုပ်လျှောက်ထားတဲ့အခါ interviewတွေမှာ အလုပ်ရှင်ရဲ့ attention (အာရုံစိုက်ခြင်း)ကိုရရှိနိုင်တာကြောင့် တခြား fresh graduate တွေထက်အလုပ်ခေါ်ယူခန့်အပ်ခံရဖို့ အခွင့်အရေးပိုများစေနိုင်ပါတယ်။
.
❑ Internshipဆင်းတဲ့အခါ အလုပ်ချိန်ကိုဘယ်လိုသတ်မှတ်ပေးထားလဲ….

✅ အလုပ်ချိန်အနေနဲ့ကတော့ permanent employee (အမြဲတမ်း ခန့်အပ်ထားတဲ့) ဝန်ထမ်းတွေရဲ့အချိန်အတိုင်းပဲ ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးချယ်လျှောက်ထားတဲ့ ကုမ္ပဏီအပေါ်မူတည်ပြီး paid or unpaid internship ဆိုပြီး ကွဲပြားနိုင်ပါတယ်။
.
❑ အချုပ်ပြောရမယ်ဆိုရင် ကျောင်းသား၊သူတွေအနေနဲ့ တက္ကသိုလ်ကျောင်းသားဘဝမှာ internshipလုပ်ခွင့်ရရင် ဆက်ဆက်လုပ်ဖို့ တိုက်တွန်းလိုပါတယ်။